ရှင်းကျန်းပြည်န ယ် ရှိ ဝီဂါမွတ်စလင်မ်တွေ အပေါ် ဖိနှိပ် မူကြောင့် တရုတ်နိုင်ငံကို အမေရိ ကန် နာမည်ပျက် စာရင်းသွင်းပြီ

အမေရိကန်စီးပွား ကုန်သွယ်ရေး ဝန်ကြီး ဌာန ဟာ တနင်္လာနေ့က တရုပ်ကုမ္ပဏီ ၁၁ ခု ကို နာမည် ပျက်စာရင်း သွင်းလိုက် ပါတယ် ။ တရုပ်ပြည် အနောက်ပိုင်းဒေသ ရှင်းကျန်းပြည်နယ် က ဝီဂါမွတ်စလင်မ်တွေ အပေါ်လူ့အခွင့်အရေးဖောက်ဖျက်မှုတွေ နဲ့ ဆက်စပ်နေတယ် လို့ ဆိုပြီး blacklist သွင်းလိုက် တာပါ

ကုမ္ပဏီတွေ ဟာ အတင်းအကြပ် အလုပ်ခိုင်းစေမှု နဲ့ ပတ်သက်နေ တယ် ဆိုပြီးပြော ပါတယ် အထည် အလိပ် လုပ်ငန်းတွေ ပါဝင်ပြီး ကုမ္ပဏီ၂ခုကတော့ မွတ်စလင်မ်လူနည်းစုတွေကို ဖိနှိပ်ဖို့အတွက် မျိုးရိုးဗီဇသရုပ်ခွဲ လေ့လာတဲ့ အလုပ်တွေ လုပ်နေတဲ့ ကုမ္ပဏီတွေဖြစ် တယ်လို့ပြော ပါတယ်

နာမည်ပျက်စာရင်းသွင်း ခံရတဲ့ ကုမ္ပဏီတွေ ဟာ အမေရိ ကန်နိုင်ငံက ပစ္စည်းတွေ ကို အစိုးရခွင့်ပြုချက် မရှိဘဲ ဝယ်လို့မရတော့ပါဘူး အခု တစ်ခေါက်ဟာ တရုပ်ပြည်ထဲက ကုမ္ပဏီနဲ့အဖွဲ့ အစည်းတွေ ကို ရှင်ကျန်းပြည်နယ် ကိစ္စ နဲ့ ပတ်သက်ပြီး တတိယ အကြိမ် အဖြစ် နာမည်ပျက်စာရင်းသွင်း လိုက်တာဖြစ် ပါတယ်

ထရမ့်အစိုးရဟာ ပထမနဲ့ဒုတိယအကြိမ်တွေ မှာ ကုမ္ပဏီပေါင်း ၃၇ ခု ကို blacklist လုပ်ခဲ့ပြီးသားပါ

စီးပွား ကုန်သွယ်ရေး ဝန်ကြီး ဝေဘာ ရော့စ် က ​​ဘေဂျင်းအစိုးရဟာ သူ့နိုင်ငံကပြည်သူတွေကို ဖိနှိပ်ဖို့ အတင်းအကြပ်အလုပ်စေခိုင်းတာတွေ မျိုးရိုးဗီဇနဲ့ DNA အတင်းအကြပ်ရယူပြီး သရုပ်ခွဲသုတေသနပြု လုပ်တာတွေ ပိုလုပ်လာနေပါတယ် လို့ပြောပြ ပါတယ်

ဒီကိစ္စကို အမေရိကန်ဆိုင်ရာ တရုပ်သံရုံး က မှတ်ချက်မေ ပးပါဘူး တရုပ်ပြည် မှာ ဝီဂါမွတ်စလင်မ်တွေ လူဦးရေ အဆမတန်ပွားများလာ လို့ မျိုးဆက်ခြား ဖို့ သားမဖွားစေဖို့  စီမံချက်နဲ့လုပ်နေတာ ကိုလ ည်း ခုရက်ပိုင်းတွေ မှာကြားသိနေရ ပါတယ်

Pi Lon

Facebook Comments

Burmese Online News