စာရေးဆရာ မင်းလူ ကို စစ်အစိုးရ က ထောင် ( ၇ ) နှစ် ချပစ် လိုက် တဲ့ ကဗျာတစ်ပုဒ်

ဒီ ကဗျာကြောင့် ကဗျာရေးသူ ဆရာမင်းလူ အပါအဝင် စီစဉ်သူ မျိုးမြင့်ညိမ်း နှင့် ထုတ်ဝေသူ ဦးစိန်လှိုင် တို့ ၃ ဦး ကို ၁၉၈၉ခုနှစ်၌ စစ်အစိုးရက ထောင်ဒဏ် ၇နှစ်စီ ချမှတ်ခံ ခဲ့ရ ပါသည်။

” ဘာတွေဖြစ် ကုန်ကြပြီ လဲ ( ၁ ) ”

အမေကျော်ဒွေးတော် မလွမ်းရဘူး တဲ့ အဖေကျော် ပေါက်ဖေါ်လွမ်းရမယ် ဆိုဘဲ မီးတပ် ရေတပ် လေတပ် တွေ ဆိုလား တပ်မတော်သာလျှင် နိုင်ငံအမြတ် ကို သိမ်းကြုံးယူ လိမ့်မည်ဆိုလား ကလေးတွေအော်နေ တာ ကြား ဖူးတယ်။ ကလေးတွေ လည်း မနေနိုင် န ဝ တ တဲ့ ဟား ဟား ဟား ဟား။ ဘာတွေဖြစ် ကုန်ပြီလဲ.. ကောလဟာလတွေ က များလိုက် တာ အင်းယျားကန်ဘောင် မှာ တစ်ယောက်မှမသေဘဲနဲ့ များ ရော်ဘာဒုတ်နဲ့ရိုက် ရော်ဘာကျည်ဆန် နဲ့ပစ် ရော်ဘာလက်နက်နဲ့ ထိုးတာလေးများ အော်……ရော်ဘာခေတ်၌ဖြစ် လာရလေ ဒို့တစ်တွေမှာ….,။ ဘာတွေဖြစ်ကုန်ပြီလဲ … ဗမာကိုမြန်မာပြောင်းတော့ မယ်ဗမာလည်း မယ်မြန်မာဖြစ် ဒို့ဗမာ အစည်းအရုံးလည်း ဒို့မြန်မာ အစည်း အရုံးဖြစ် မောင့်ဘက်တန်အော့ဖ်ဗားမားတောင် အသေ စောလို့..။

ဘာတွေဖြစ်ကုန်ပြီလဲ.. ကြမ်းခင်းဈေးသုံးနှစ်နဲ့ ထောင်ဒါဏ်လေလံ ပစ်ပွဲကြီးမှာ ကျက်သရေရှိတဲ့ တပ်မတော်ကြီး ကို မြင်ချင်တယ် ဆိုတဲ့သူ ထောင်ဒါဏ် အနှစ်နှစ်ဆယ်ဗိုလ်စွဲသွားပြီး ဒါလေးများ ……….။ ရွှေတိဂုံဘုရားကြီးတောင် ခံဝန်ချုပ်နဲ့စံမြန်းနေရရှာတာကပဲ ။ ဘာတွေဖြစ်ကုန်ပြီလဲ စာပေငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တဲ့လေ မျက်မှန်စိမ်းတပ်ထားသူက ဥက္ကဌ ဦးလေးတွမ်က ဒု ဥက္ကဌ အလို………. ရေးဘော်ရေးဘက်တွေကြမ်းပိုးကိုက်လို့ အိပ်မပျော်တဲ့အချိန်မှာ ခန်းဆောင်နီထဲမှာ ပန်းရောင်အိပ်မက်မက်တဲ့သူ လူတကာ ထောင် ဆုရတဲ့အချိန်မှာ သောင်းဆုယူမယ့်သူ အရိုးတောင်ကိုကျော်၍ သွေးပင်လယ်ကိုဖြတ်မည်တဲ့လား….။ ဘာတွေဖြစ်ကုန်ပြီလဲ ကြုံတုံးပြောရအုန်းမယ် ဟိုလူကြီးနိုင်ငံရေးက အနားယူတာ မယုံကြဘူးလား……? တကယ်ပါ…… စစ်ရေးနဲ့စီးပွားရေးလောက်ကလေးဘဲ ဆုပ်ကိုင်ထားတာပါ…..။ ဘာတွေဖြစ်ကုန်ကြပြီလဲ အမျိုးသားနေ့ ဦးတည်ချက် သုံးရပ်က ပင်နီမဝတ်ရ ဗိုလ်ချုပ်ပုံမချိတ်ရ ဒို့အရေး မအော်ရတဲ့  နယ်ချဲ့လက်အောက် မှာတောင် စီတန်းကြွေးကြော် ခဲ့တယ် အော်ဟစ်ခွင့်ရှိပါလျှက်ကနဲ့ ခုကြမှ အော်….. အရင်က သူ့ကျွန်ဘဝ ခုတော့ …ငါ့ကျွန် ဘဝကိုး….။

ဘာတွေဖြစ် ကုန်ပြီလဲ ယောလုံချည် အနက်ဝတ်လို့ ကျောင်းထုတ်ခံ ရတယ်တဲ့ နှစ်ပါတ်လည်နေ့ မှာ ဝမ်းမနည်းရဘူးတဲ့ ကျဆုံးသွားတဲ့သူငယ်ချင်းတွေကိုသတိရရင် လွမ်းဆွတ်ခြင်းဆိုင်ရာ ဥပဒေအရ အရေးယူသ တဲ့ ကျောင်းသားတွေတော်တော်ရိုင်းသတဲ့ လူကြီးကို လူကြီးမှန်းမသိဘူးတဲ့ ဘုရားပေါ်ဘွတ်ဖိနပ်စီးတက်တဲ့သူတွေ သေနတ်ခါးမှာချိတ်ပြီး ဝါဆိုသင်္ဃန်းကပ်သူတွေကပြောတာ ဘဲလေ။

ဘာတွေဖြစ်ကုန်ကြပြီလဲ တစ်သက်မှာ တစ်ခါသာဖတ်ရမယ့် စာအုပ်တဲ့ ရွှေမိဆေးလိပ်ကလွဲရင်မြန်မာပြည်မှာထိပ် တဲ့ ဗလာစာအုပ်က လွဲရင် စောင်ရေ အများဆုံးတဲ့ ချိုင်းစာရွက်ကလွဲရင် ရောင်းအကောင်း ဆုံးတဲ့။ ဘာတွေဖြစ် ကုန်ပြီလဲ မာရသွန်မိန့်ခွန်းကြီး ကို ခုလိုရှည်ရှည်ဝေးဝေးပြောပြရတာကတော့ တိုတိုပြောဘို့ အချိန်မရလို့ပါတဲ့ ကုန်သွယ်ရေးရုံးနဲ့ ကုန်တိုက် မှားပြောတဲ့ သူက ဥက္ကဌ ကိုယ်အာဏာ သိမ်းတဲ့ ရက်စွဲ ကို မေ့နေတဲ့သူက အတွင်းရေးမှူးတဲ့ အော်….ခေါင်းမရှိဘဲဦးထုပ်ဆောင်းနေကြ တဲ့ ကာလကြီးပေပဲ။ ဘာတွေဖြစ်ကုန်ကြပြီ လဲ ဘာတွေဖြစ်ကုန်ကြပြီ လဲ ဘာတွေဖြစ်ကုန်ကြပြီ လဲ။

မင်းလူဝတ္ထုတိုပေါင်းချုပ် – MPT ...

” ဘာတွေ ဖြစ်ကုန်ကြပြီလဲ ( ၂ ) ”

အော်…… ဒုက္ခ ဒုက္ခ … သူတို့ကြီး စိုးတဲ့ခေတ် မှာ … အာဇာနည်ဖြစ်ရတာ မစားသာပါလားနော်။

တစ်နှစ်တစ်ခါ ၀တ်ကျေတန်းကျေ အလေးပြုခံရ ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့ တစ်လျှောက်လုံးအော်ခဲ့ပြီး မအောင်မြင်ပဲ ကျဆုံးတော့မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့ လက်ညှိုးထိုး တရားခံ လုပ်ခံရ ၏ သမီးအရင်း ခေါက်ခေါက်တောင် လွတ်လွတ် လပ်လပ် ပန်းခွေချခွင့် မရ။

ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲ မှာ ကျူးကျော်ဆောက် လုပ်ထားလို့ ဆိုပြီး အာဇာနည်ဗိမာန် ကို လှိုင်သာယာ ပို့မပစ်တာပဲ ကျေးဇူးတင်ရ မလိုလို

စာရေးဆရာ မင်းလူ ကို စစ်အစိုးရ က ထောင် ( ၇ ) နှစ် ချပစ် လိုက် တဲ့ ကဗျာတစ်ပုဒ်

တိုင်းပြည် ကို ချစ်သော တပ်မတော် မျိုးချစ်စိတ်ရှိသော တပ်မတော် ပြည်သူကိုကာကွယ်ခဲ့သော တပ်မတော် ဗမာပြည်ကို ကယ်တင်ခဲ့သော တပ်မတော် သောက်ကျိုးနဲ တော်တဲ့တပ်မတော် လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့ မြည်နေ တဲ့ တပ်မတော် အိမ်ယာမဲ့တွေကို ရေမီးအစုံနဲ့ ပြည်လည်နေရာချ ထားပေးတာ ကိုပဲကြည့် ဟုတ်တယ်လေ မိုးတွင်းမှာရေကြီးတယ် နွေမှာမီးလောင်တယ် ဒါက ရေမီးအစုံ မဟုတ်ဘူးလား။ ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ သံဃာတော်တွေ ကို သင်္ဃန်းဝတ်တွေတဲ့ ဘောင်းဘီဝတ်တွေက စွပ်စွဲတာလေ ပြီးတော့သူတို့ပဲ ၀ါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ နားမလည်နိုင်စရာ။

စစ်ကိုမုန်းလို့ စစ်တိုက်နေရတာပါတဲ့ ပုံပြောကောင်း တဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား ကြားဖူး ပါတယ် အောက်မေ့နေ လက်စသတ်တော့ စတားဝါး စီမံကိန်း ကို ကာကွယ်ပြောကြားသွား တဲ့ အမေရိကန် သမ္မတစကား နဲ့ သွားတူနေတာပါကလား “ ရေဂင် ” အလုံးက သူ့ပါးစပ်ထဲရောက်နေတာကိုး။သတင်းစာဆရာကြီးများ သိတဲ့ အတိုင်း မိမိတို့အနေဖြင့် ဟဝှာပြုလျှင် ဟဝှာပြုမည်ဖြစ်ကြေင်း ဟဝှာမပြုလျှင် ဟဝှာမပြုမည်ဖြစ်ကြောင်း ထို့ကြောင့် ဟဝှာပြုစေလိုကြောင်း….. သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ ရဲ့ ရှင်းလင်းချက်ပေါ့ ရှင်းပါတယ်နော်။ ဟိုတစ်ယောက်လေ တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့ လူ ဟို လက်ညှိုးထိုး ဒီလက်ညှိုးထိုး ဘာမှ လည်း နားမလည်ဘဲနဲ့ အဲဒါပေါ့ လက်ညှိုးညွှန်ရာ ဒုက္ခဖြစ်တယ်ဆိုတာ

Min Lu Poems in Illustatration

လာပါပြီ…. လာပါပြီ…. နိုင်ငံတော်ပန်းခြံ တည်ဆောက်ရေး အဖွဲ့ ဥက္ကဌတဲ့….. သူ့ရဲ့ အနှစ်သက်ဆုံးဝါသနာက မိန့်ခွန်းပြောခြင်းပါတဲ့ “ ကိုယ်မပြောချင်ဘူး ဒါပေမယ့်ပြောသင့်တာတော့ ပြောမယ် အဲဒါကဘာလဲဆိုရင် ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့ မှတ်သားလောက်ပါပေရဲ့။ “ ကိုယ်တို့အစိုးရဟာ တရားဝင် အစိုးရ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ အစိုးရတဲ့ ဟုတ်ကဲ့ ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့ တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့

တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်ဆိုတဲ့အထဲမှာ အခြေခံဥပဒေနဲ့ အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့ အခြေခံဥပဒေဆိုတာ မာရှယ်လောဥပဒေလို ချက်ချင်းထုတ်လို့ရတာ မဟုတ်ဘူးတဲ့ အာဏာလွှဲတယ် ဆိုတာ အာဏာသိမ်းသလို ပြီးစလွယ် လုပ် လို့မရဘူးတဲ့ ဒါပေမယ့် လွှဲမှာပါ.. လွှဲမှာပါ.. ပုခက်လွှဲသလို လွှဲမှာ ပါ ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့် ဆရာမောင်မောင် ရဲ့ စာအုပ်ကိုကြည့် တဲ့ တခါလာလည်း ဒေါက်တာမောင်မောင် တခါလာလည်း ဒေါက်တာမောင်မောင် စာအုပ်ကြေငြာပေး တာလား။ ဒါဆိုဒီလို လုပ်လေ ဆရာမောင်မောင် ရဲ့ စာအုပ်တအုပ်ဝယ်ရင် ဆရာမောင် ဆေးနီမှုန့်တထုပ် လက်ဆောင်ပေးမယ် ဆိုရင် မကောင်းဘူးလား သိပ်ရောင်းကောင်းမယ်နော်။

ဒါနဲ့နေစမ်း ပါအုံး မိန့်ခွန်းပြောရင် ဘာဖြစ်လို့ ရယ်တာလဲ ဟင် သွားကြီးဖြဲဖြဲပြတာ ကြောက် စရာကြီး ရှေးက ကဗျာတပုဒ်ထဲ က စာကြောင်းတကြောင်း သတိ ရမိတယ် “ ဘီလူးသွား ကို လဖြဲ ” တည်းတဲ့ နိဂုံးချုပ်အားဖြင့်ပြောရရင် တပ်မတော် ရဲ့ လက်ငင်း တာဝန်ကြီး သုံးရပ်ကတော့ “ ဒို့အဖေကြီး မို့ ကာကွယ်မလေ ဒို့အဖေကြီးမို့ ကာကွယ်မလေ ဒို့အဖေကြီး မို့ ကာကွယ်မလေ ” အလိုဗျာ…. ဘာတွေဖြစ် ကုန်ကြပြီလဲ ။ ။

ဆရာ မင်းလူ သို့.. | Yangon Life

မင်းလူ(၁၉၈၉)

Facebook Comments

Burmese Online News