ဒေါ်အောင်ဆန်းစုကြည် ၏ အနီးကပ်သက်တော်စောင့် ဦးစိုးဝင်း ကွယ်လွန်

ဒေါ်အောင်ဆန်းစုကြည် ၏ အနီးကပ် သက်တော်စောင့် ဦးစိုးဝင်းသည် ယနေ့ (ဇူလိုင် ၂၅) မွန်းလွဲပိုင်းက ဦးနှောက် သွေးကြောပြတ်ကာ ကွယ်လွန်သွားကြောင်း သိရသည်။

” သူတို့ ဒီနေ့ နေပြည်တော်ကနေ တပ်ကုန်းကို သွားကြတာ။ အဲလိုသွားရင်း ကားပေါ်မှာလည်း အဲကွန်းအေးတယ်။ လမ်းမကလည်း ပူနေတော့ အဲဒီမှာ ကားပေါ်က အဆင်း မိုက်ကနဲ ဖြစ်သွားတာ။ ဘေးက ပါလာတဲ့သူတွေက ဦးစိုးဝင်း ခြေထောက်ခေါက်ပြီး လဲကျသွားတာထင်နေကြတာ” ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးနေကျော်က ပြောသည်။

မနက်ဖြန် (ဇူလိုင်လ ၂၆)ရက်တွင် သဂြိုလ်မည်ဖြစ် ကြောင်းနှင့် လက်ရှိ အချိန်တွင် နေပြည်တော် ရှိ ကုတင် (၁၀၀၀) ဆေးရုံ သို့ ပို့ဆောင်ထားကြောင်း စုံစမ်းသိရှိရသည်။

လင်းလင်းအောင်/ News Watch

Facebook Comments

Burmese Online News