ကိုဗစ်ကာလ၊ ဒုတိယဝါဆိုလပြည့်နဲ့ ရွှေတိဂုံဘုရားဖူး

ကိုဗစ်ကာလ၊ ဒုတိယဝါဆိုလပြည့်နဲ့ ရွှေတိဂုံဘုရားဖူး
ဓာတ်ပုံ – ထက်ဝေ/ ဧရာဝတီ

ဒုတိယဝါဆိုလပြည့်နေ့ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးများ လာရောက်ကြသော်လည်း Covid-19 ကာလ စေတီပုထိုးများ ပိတ်ထားခြင်းကြောင့် ဘုရားပရိဝုဏ်အပြင်ဘက်၌သာ ဘုရားဝတ်ပြုနေကြသည်ကို ယနေ့ သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက မြင်တွေ့ရသည်။

ရွှေတိဂုံစေတီ အရှေ့ဘက်မုဒ်၌ နံနက်ပိုင်းမှ စတင်ကာ ဘုရားဝတ်ပြုကြသူများ၊ ပဋ္ဌာန်းရွတ်ဖတ်ကြသူများအပြင် ရဟန်းနှင့် သီလရှင်များအား ဝတ္ထုငွေ၊ သင်္ဃန်းလာရောက် လှူဒါန်း ကုသိုလ်ပြုသူများအားလည်း မြင်တွေ့ရသည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၃၅၃ ဦးရှိပြီး ဓာတ်ခွဲ အတည်ပြုလူနာများ အနက် သေဆုံးခဲ့သူ ၆ ဦးရှိကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

Facebook Comments

Burmese Online News