ကိုဗစ် အကြောင်းပြ၍ အစိုးရပါတီ အသာရအောင်လုပ်ဆောင်နေဟု မင်းကင်းပြည်ခိုင်ဖြိုးအမတ် စွပ်စွဲ

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသော ကိုဗစ် -၁၉ ရောဂါအား အကြောင်းပြ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက လာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီ အသာစီးရရှိစေရန် ပြုလုပ်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က စွပ်စွဲပြောဆိုလိုက်သည်။ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့စဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ကဲ့သို့ ...

” ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ ကိုဗစ်ဆိုတဲ့ ရောဂါဆိုးကြီးကြားမှာ ရွေးကောက်ပွဲကို ပြုလုပ်ရမှာဖြစ်တဲ့အတွက် ကိုဗစ်ကိုအကြောင်းပြပြီးတော့မှ ညွှန်ကြားချက်တွေ ဖတ်ပြီးသွားပြီ။ ဒီညွှန်ကြားချက်တွေကို အသုံးပြုပြီးတော့မှ သူတို့လုပ်နေတာတွေက သူတို့ပါတီ အသာရအောင်လုပ်နေတာပေါ့ဗျာ ” ဟု ဦးမောင်မြင့်က ပြောသည်။ ရွေးကောက်ပွဲကော်မရှင်က ကိုဗစ် -၁၉ ကြောင့် ရွေးကောက်ပွဲကို အဆင်မပြေ၍ ရွှေ့မည်ဆိုလျှင်လည်း ၎င်းတစ်ဦးတည်း ဆန္ဒအရဆိုပါက သဘောတူထောက်ခံကြောင်း ၎င်းက ပြောသည်။

” ရွေးကောက်ပွဲကို လုပ်နိုင်လောက်အောင် ကိုဗစ်ရောဂါကြီးက အခြေအနေမပေးဘူးဆိုရင်လည်း မလုပ်နဲ့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့အတိုင်း ဆက်လုပ်။ ဒါက ကျွန်တော်က သဘောတူတယ်။ အခုတော့ အဲလိုမဟုတ်ဘဲနဲ့ ၁၅ ရက်တစ်ခါ၊ ၁၅ ရက်တစ်ခါ သက်တမ်းတွေ တိုးရင်းနဲ့ သူတို့ဘက်ကကျ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ သဘောတွေရှိတာပေါ့ ” ဟု ၎င်းက ပြောသည်။ လတ်တလောတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆာင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ကိုဗစ်ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် လူစုလူဝေးပြုလုပ်ခွင့် အပါအဝင် ပြည်သူများ၏ အသွားအလာအကန့်အသတ်များကို ၁၅ လျှင်တစ်ကြိမ် သက်တမ်းတိုးခြင်းများ လုပ်ဆောင်နေခြင်းကိုလည်း ဦးမောင်မြင့်က ဝေဖန်ပြောဆိုခဲ့သည်။

Myanmar Online News: လက်ရှိမဲစာရင်း ...

ကိုဗစ် -၁၉ ဗဟိုကော်မတီ၏ ဇူလိုင် ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် နောက်ဆုံးကန့်သတ်ချက်တွင် ယခင် လူငါးဦးထက် ပိုမစုရအစား လူ ၁၅ ဦးအထိဟု ပြောင်းလဲထုတ်ပြန်လာခဲ့သည်။ ကြိုတင်မဲများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ဆောင်ပေးရန်လိုအပ်ပြီး ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်၍ ပါတီကိုယ်စားလှယ်များကို စောင့်ကြည့်ခွင့်ပေးသင့်ကြောင်း ပြောကြားသည်။ ကြိုတင်မဲပေးခြင်းနှင့် ပတ်သက်၍ သံရုံးများတွင် စောင့်ကြည့်လေ့လာခွင့်မပေးပါက မဲလဲလှယ်မှုများအား ၎င်းတို့အနေဖြင့် သိရှိနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ရေး ရှေ့တန်းက Fever ...

” (ရွေးကောက်ပွဲကော်မရှင်ကို) သံသယအကြီးကြီးရှိတယ်။ မယုံကြည်လို့လည်း အခုလိုလာရှင်းတာလေ ” ဟု ဦးမောင်မြင့်က ဆိုသည်။ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ ကြိုတင်မဲပေးခြင်းနှင့် ပတ်သက်၍လည်း လူဦးရေ တစ်သိန်း၊ သုံးသိန်းနှင့် ငါးသိန်းအထိ ပေးအောင်လုပ်ရမည်ဟု နိုင်ငံခြားသံရုံးများအား ညွှန်ကြားမှုများရှိနေကြောင်း ဉီးမောင်မြင့်က ပြောသည်။ ယင်းသတင်းနှင့် ပတ်သက်၍ မည်မျှအထိ ခိုင်လုံသနည်းဟု သတင်းထောက်တစ်ဉီးက မေးမြန်းသည်ကို ဉီးမောင်မြင့်က ” ငါယုံကြည်တယ်။ တိကျ၊ မတိကျ မသိဘူး။ ငါယုံကြည်တယ် ” ဟု ၎င်းက ပြောသည်။

မြန်မာတိုင်းမ်

Facebook Comments

Burmese Online News