အိန္ဒိယတွင် လူပေါင်း ၁၉၁ ဦးလိုက်ပါလာသည့်လေယာဉ်ပျက်ကျ

အိန္ဒိယနိုင်ငံ Kerala ပြည်နယ် Calicut လေဆိပ်မှာ လူပေါင်း ၁၉၁ ဦးလိုက်ပါလာတဲ့ Air India Express လေယာဉ် ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ ဒူဘိုင်းကနေပျံသန်းလာတဲ့လေယာဉ်က ပြေးလမ်းချော်ပြီးပျက်ကျရာမှာ နှစ်ပိုင်းပျက်ထွက်သွားခဲ့ပါတယ်။

Image may contain: one or more people

Air India Express crash LIVE: 17 including two pilots dead, all ...

ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေဆဲဖြစ်ပြီးတော့ လေယာဉ်မှူးအပါအ၀င် နှစ်ဦးသေဆုံးခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ Boeing 737 မှာလိုက်ပါလာသူအများစုကို ကယ်တင်နိုင်ခဲ့ပြီး လူပေါင်း ၃၅ ဦးထက်မနည်း ဆေးရုံကိုပို့ဆောင်ထားရပါတယ်။ လေကြောင်းခရီးစဉ် IX-1344 ပေါ်မှာ လေယာဉ်မှူးတွေ၊ လေယာဉ်အမှုထမ်းတွေနဲ့အတူ ခရီးသည် ၁၈၄ ဦးလိုက်ပါလာပါတယ်။

Sharjah resident relieved as mother on ill-fated Air India Express ...

Air India Express Kozhikode crash: Helpline numbers in Kerala ...

ကပ်ရောဂါကြောင့် ပြည်ပမှာသောင်တင်နေတဲ့အိန္ဒိယနိုင်ငံသားတွေကိုပြန်ခေါ်ဖို့ အစိုးရက စီစဉ်ပေးခဲ့တဲ့လေကြောင်းခရီးစဉ်ဖြစ်ပါတယ်။ လေကြောင်းအာဏာပိုင်တွေရဲ့အဆိုအရ လေယာဉ်က ပြေးလမ်းချော်ပြီးတဲ့နောက် နှစ်ပိုင်းပျက်သွားခဲ့တာဖြစ်ပြီးတော့ မီးလောင်ကျွမ်းမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Air India Express flight crash in Kerala: MEA opens 24x7 helpline ...

ပြည်မြန်မာ

Facebook Comments

Burmese Online News