နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် ယနေ့ညနေအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း မိုးဇလ ထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်- အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယ နိုင်ငံ၊ ဩရိဿ      ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့ တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်း နေပါသည်။

Image may contain: text

ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတို င်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်
တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Image may contain: text that says "-BIRDS Brilliant Intelligent Dialogic System Warning 06:48 10 Aug 2020 Myanmar DMH Range km Selection KyaukP Surface Previous Select Replay Manual Assistance Location Rainfall Track Overlay Map Border Range AZ ati/Long Marker Wind ShearLine Microburst Layer1 Layer6 r3 ayer4 ye8 r9"

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုး သက်လေ ပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်ေ လသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

Image may contain: text that says "-BIRDS Brilliant Intelligent Dialogic System Warning 06:48 10 Aug 2020 Myanmar DMH Range km Selection Yangon Surface Previous Select Replay Manual Assistance Location Rainfall Track Overlay Map Border Range AZ Marker Wind Shearine Microburst Layer1 Lyer6 r7 Layer8 Layer9 3 Layer4"

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အား အသင့်အတင့်ရှိမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိ

ခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Image may contain: text that says "-BIRDS Brilliant& Intelligent Dialogic System Warning 06:45 10 Aug 2020 Myanmar DMH Range km Selection Mandalay Surface SurfaceR Previous Select Replay Manual Assistance Location Track Rainfall Overlay Map Border Range AZ ati/Long Marker Wind ShearLine Microburst Layer1 Lr6 Layer4 Lyer8 Layr9"

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိ ခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိ ခန့်မှန်းချက်။နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

Image may contain: text that says "-BIRDS Brilliant Dialogic System Warning 06:48 10 Aug 2020 Myanmar DMH Selection Composite Surface Compo Previous Select Replay Manual Assistance Location Rainfall Track Overlay Map Border Range AZ Marker Wind ShearLine Microburst Layer1 Layer6 Layer7 Layer8 Lyer9 r Layer4"

Crd – မိုးဇလ

Facebook Comments

Burmese Online News