တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားတစ်ဦး ရေတံခွန်တွင် ရေကူးရာမှ ပျောက်ဆုံး

၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကရင်ပြည်နယ်အတွင်းရှိ အသက် ၁၈ နှစ်ခန့်အရွှယ် ကျောင်းသားတစ်ဦးဖြစ်သည့် မောင်ချစ်ဝင်းထွန်း(ခ) ဖိုးခွားမှာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်းရှိ တောနော်ရေတံခွန်တွင် ရေဆင်းကူးရာမှ ပျောက်ဆုံးလျက်ရှိကြောင်း ကော့ကရိတ်ခရိုင် လူမှုကယ်ဆယ် ရေး အဖွဲ့မှ ကိုထိုက်က ပြည်မြန်မာကို ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့် အတွက် သူငယ်ချင်းများဖြင့် တောနော်ရေတံခွန်သို့ သွားရောက်လည်ပတ်ကာ ရေဆင်းကူးရာမှတစ်ဆင့် တားမြစ်ထားသည့် ရေနယ်နမိတ်ကို ဖြတ်ကူးစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းအချိန်ထိ ရှာဖွေတွေ့ရှိသေးခြင်းမရှိကြောင်း သိရသည်။

Image may contain: one or more people, outdoor, water and nature

“ ရေတံခွန်က ကျတဲ့ ရေကျနှုန်းကအရမ်းများတော့ ရေငုတ်တဲ့သူတွေဝင်မနိုင်ဘူးဗျ။ ရေငုတ်လိုက်တာနဲ့ ရေအောက်ထဲဆွဲဆွဲသွင်းသွားတာမျိုးဖြစ်နေတယ်။ အကြာကြီးလည်းမငုတ်နိုင်တော့ ရှာလို့မတွေ့သေးဘူး။ မနေ့က(သြဂုတ် ၉)ရက် ညနေ လေးနာရီ ကျော်ကျော်လောက်အထိ ရှာတာဘယ်လိုမှမတွေ့ဘူး။ ပထမ ရေတံခွန်ပေါ်က ကျတဲ့ရေက အဲဒီလောက်မရှိပေမယ့် ကလေးရေနစ်ပျောက်ဆုံးသွားပြီးနောက်မှာ တော် တော်ရေတွေကျလာတယ်။ ရိုးရာအရ နတ်ပွဲတွေဘာတွေနဲ့ မေးတော့ မရှာနဲ့ ရှာတဲ့သူတွေပါ အန္တာရာယ် ရှိတယ်ပြောတယ်။ ဒီနေ့(သြဂုတ် ၁၀ )ရက်နေညနေ မှ ပြန်ရှာတွေ့မယ်လို့ပြောတယ်။ ဒီနေ့ (သြဂုတ် ၁၀ ) ရက် ညနေမှ ပြန်ရှာမယ်ခင်ဗျ” ဟုယင်းက ရှင်းပြသည်။

Image may contain: outdoor, nature and water

တောနော်ရေတံခွန်မှာ ကော့ကရိတ်မြို့မှ ဆယ်မိနစ်ခန့်သွားရပြီး မြ၀တီအာရှလမ်းမကြီး နံဘေးတွင် တည်ရှိကြောင်းနှင့် ၀င်ကြေးသက်သာသည့်အတွက် ဒေသတွင်းနှင့် တစ်နိုင်ငံလုံးရှိ ဘုရားဖူးပြည်သူများ စည်ကားစွာလာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

Pyi Myanmar

Facebook Comments

Burmese Online News