မန္တလေးကျုံးအတွင်း အပေါ့စွန့်သူများအားဖမ်းဆီးမည်

မန္တလေးကျုံးအတွင်း အပေါ့စွန့်သူများအားဖမ်းဆီးမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက သိရသည်။

Image may contain: one or more people, people standing and outdoor

“ဒီနေ့မနက် ၉နာရီကျော်က လမ်း၈၀ ကျုံးဘေး ပလက်ဖောင်းမှာ ကျုံးအတွင်း အပေါ့စွန့်သူတစ်ယောက် တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။အရေးပေါ်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ လမ်း ၈၀x ၂၄ လမ်းထိပ် နဲ့ ၇၃လမ်း ၁၂လမ်းထိပ်မှာ အများသုံး သန့်စင်ခန်းတွေကို ပြည်သူတွေအတွက်တည်ဆောက်ပြီးဖြစ်ပါတယ်။ကျုံးရေက မြို့တော်ရေဖြန့်ဖြူးရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်လို့ စည်ပင်ရဲတပ်ဖွဲ့မှတရားလိုပြုလုပ်ပြီး အမှတ် ၄ ရဲစခန်းမှာ ရဲအက် ၄၇ နဲ့ သြဂုတ်လ ၁၁ ရက် မနက်ဖြန် အောင်မြေသာဇံတရားရုံးမှာတရားစွဲဆို အရေးယူသွားပါမယ်။

Image may contain: one or more people, tree, plant, outdoor and nature

ကျုံးဘေးမှာ အခြေအနေမဲ့နေထိုင်သူတွေ တွေ့လာရလို့ ဒီနေ့မနက်စောစောကပဲ သက်ဆိုင်ရာ စည်ပင်ဌာန ကိုရှင်းလင်းဖယ်ရှားဖို့ ညွှန်ကြားခဲ့ ပါသေးတယ်”ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ယင်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။ မန္တလေးတွင် ပြီးခဲ့သည့် ရက်ပိုင်းက ဖွင့်လှစ်ခဲ့သော ၇၃လမ်း ၁၁ လမ်း ၁၂ လမ်းကြားနှင့် ၈၆ လမ်း ၄၀-၄၁ လမ်းကြား တွင်တည်ဆောက်ပြီးစီးခဲ့သော သန့်စင်ခန်းနှင့်ဆိုလျှင် အဆင့်မီ သန့်စင်ခန်း စုစုပေါင်း ၉ခု ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

Image may contain: one or more people, people standing and outdoor, text that says "POLICE"

Pyi Myanmar

Facebook Comments

Burmese Online News