ဒုရဲမှူး (ရေနွေးကြမ်းမင်းသားကြီး) ဝေငှသည့် အောင်ဘာလေထီမှ တစ်သိန်းဆု၊ ငါးသောင်းဆုများ ဆွတ်ခူး

ဒုရဲမှူး (ရေနွေးကြမ်းမင်းသားကြီး) ဝေငှသည့် အောင်ဘာလေထီမှ တစ်သိန်းဆု၊ ငါးသောင်းဆုများ ဆွတ်ခူး

ရေနွေးကြမ်းမင်းသားကြီးဟုအများသိသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးကျော်ခိုင် (ရေနွေးကြမ်းရဲ မင်းသား) က ယာဉ်စည်း ကမ်းလမ်း စည်းကမ်းလိုက်နာသူများအား အခမဲ့ဝေငှခဲ့သည့် အောင်ဘာလေထီလက်မှတ်မှ တစ်သိန်းဆု (၂) ဆု နှင့် ငါးသောင်းဆု (၃) ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တစ်သိန်းဆု (၂) ဆု နှင့် ငါးသောင်းဆု (၃) ဆုပေါက်ခဲ့သူ ၅ ဦးမှာ (၁၈) ကြိမ်မြောက် တစ်ထောင်ကျပ်တန် အောင်ဘာလေ ထီစနစ်မှ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ဒုရဲမှူးအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာသူများကိုသာ ထီလက်မှတ် ပေးဝေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီအတိုင်းကြီး လိုက်ဝေတာမဟုတ်ပါဘူး။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနားလည်တယ် ဆိုမှဝေတာ။ ဥပမာဆိုင်ကယ်စီးလာတယ်။ ဦးထုတ်ဆောင်းလာတယ်။ မေးသိုင်းကြိုးတပ် လာတယ်။ ဘတ်မှန်ပါလာတယ်။ ပြီးရင်အောက်မီးထိုးလာတယ်။ အဲလောက်ကို ဆိုရင်တောင် မဝေသေးဘူး။ ယာဉ်မောင်းလိုင်းစင်၊ ယာဉ်လိုင်စင်ပါလာပြီးဆိုမှ ထီတစ်စောင်ဆိုပြီး ချီးမြှင့် ဝေငှတာပါ။ ဒါမှမဟုတ် လမ်းစည်း ကမ်းအချက်ငါးချက်ရှိတယ်။ မေးကြည့်လို့ အဲဒီဟာတွေပါ သိရင် သုံးစောင်တို့ ငါးစောင်တို့ ပေးလိုက်တာပါ။ပေးတာ ၅ ကြိမ် ရှိပါပြီ” ဟု ဒုတိယရဲမှူးကျော်ခိုင်က ရှင်းပြသည်။

အဆိုပါ ဒုတိယရဲမှူးကျော်ခိုင်အား အခြေခံပညာအထက်တန်း ကျောင်းများနှင့် အလယ်တန်းကျောင်းများ၌ ယာဉ်စည်းကမ်းလမ်း စည်းကမ်းနှင့် ပတ်သက်သော အသိပညာပေးမှုကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နာမည်ကျော်ကြားသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

Credit

Facebook Comments

Burmese Online News