ကိုဗစ် ပျောက်ကင်းပြီး (၅) လအကြာမှ ပြန်ပြီးရောဂါပိုးတွေ့တဲ့ လူနာကိစ္စ

တရုတ်ပြည် ဟူဘေးဆိုတာ ဝူဟန့်မြို့ရှိတဲ့ ပြည်နယ်ဖြစ်ပါတယ်။ Covid အကြီးအကျယ်ဖြစ်ခဲ့တဲ့နေရာပါ။ အသက် ၆၈ နှစ်ရှိတဲ့အမျိုးသမီးကြီးမှာ ဖေဖဝါရီလ ၈ ရက်နေ့တုန်းက Covid ဖြစ်ပြီး နောက်တော့ပြန်ကောင်းလာခဲ့ပါတယ်။ အခုငါးလအကြာ ဩဂတ်စ်လ ၉ ရက်နေ့မှာ ဆေးရုံကိုအခြားရောဂါနဲ့တက်ရင်း Covid positive ဖြစ်နေတာသွားတွေ့ပါတယ်။ ဒါဆိုရင်စိုးရိမ်ရလား ? ဒီရောဂါကြီးကထပ်ခါထပ်ခါဖြစ်နေမှာလား ?
အခုအချိန်အထိသုသေသနအရ စိုးရိမ်စရာလုံးဝမရှိပါ။ သို့သော်အခုလူနာကို quarantine ထားပြီး လေ့လာစောင့်ကြည့်နေပါတယ်။ သူမနဲ့အနီးကပ်ထိတွေ့ခဲ့တဲ့သူတွေကို test လုပ်ကြည့်ရာမှာလည်း ပိုးမတွေ့ပါ။ ဒါ့ကြောင့်စိုးရိမ်စရာမရှိဘူးလို့ ပြောတာပါ။

တရုတ်ပြည်မှာ second positive case လို့ခေါ်တဲ့ ပထမအကြိမ် Covid ဖြစ်ပြီးမှ ဒုတိယအကြိမ် positive ပြန်ဖြစ်တဲ့သူတွေ တွေ့ရလေ့ရှိပါတယ်။ အခု အသက် ၆၈ နှစ်ရှိ အ​ဒေါ်ကြီးကိစ္စကတော့ ငါးလကြာမှ ပြန် positive တွေ့တဲ့ ထူးထူးခြားခြား အကြာဆုံး case ဖြစ်ပါတယ်။ ပုံမှန်လူနာတစ်ယောက် Covid positive ဖြစ်ပြီးရင် ဘယ်တော့ negative ပြန်ဖြစ်သလဲ? Covid ရောဂါသိပ်အပြင်းထန်ကြီး မဖြစ်ခဲ့တဲ့ လူနာ အယောက် ၂၈၀ ကိုလေ့လာကြည့်ရာမှာ အကြာဆုံး လူနာဟာ ၄၉ ရက်ကြာမှ negative ဖြစ်ခဲ့တယ်။ ပျှမ်းမျှအချိန် mean time က ၁၇ ရက် (သဘောက ရောဂါလက္ခဏာတစ်ခုခုစပြပြီးကနေ ပျမ်းမျှ၁၇ ရက်အကြာမှာ negative ဖြစ်တယ်) လူနာအများစုဟာ တစ်လအတွင်း negative ဖြစ်သွားကြတာများတယ်။ အဲ့ဒီလောက် ငါးလကြာအထိ positive ဖြစ်တာဒီ case ပဲရှိတယ်။

တောင်ကိုရီးယားမှာ လေ့လာမှုတစ်ခုအရ re-positive လို့ခေါ်တဲ့ positive ပြန်ဖြစ်မှုမျိုးဟာ ရောဂါကူးစက်မှု မတွေ့ရဘူးတဲ့။ အဲ့ဒီလေ့လာမှုမှာ positive ပြန်ဖြစ်ခဲ့တဲ့ လူနာ ၂၈၅ ယောက်ကို လေ့လာခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယား CDC ကူးစက်ရောဂါကာကွယ်ရေးဌာနက ထုတ်ပြန်ချက်အရ အဲ့ဒီ positive ပြန်ဖြစ်တဲ့ case တွေကို လေ့လာကြည့်ရာမှာ dead virus particles (ဗိုင်းရပ်စ်အသေအစအနတွေကိုပဲ) တွေ့ရတာဖြစ်ပါတယ်တဲ့။ အမေရိကန်မှာလည်း အဲ့ဒီလို case တွေ့ဖူးပါတယ်။ ဒါကြောင့် Covid ဖြစ်ဖူးတဲ့လူနာမှာ Covid positive ပြန်တွေ့ရရင် အခုအချိန်အထိ ကူးစက်မှာစိုးရိမ်စရာမတွေ့သေးပါခင်ဗျား……

Richard Myo Thant

Facebook Comments

Burmese Online News