ပျောက်ဆုံး ပန်းပုဆင်စွယ် ဒီကေဘီအေတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ထိုင်းရဲကို ပြန်အပ်

ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ အုန်းဖန်မြို့၊ မဲ့ကျမ်းတိုက်နယ် လေးတော်ခို့ကျေးရွာမှာ ပျောက်ဆုံးသွားတဲ့ ပန်းပုအလှဆင်စွယ်ကို ဒီကေဘီအေတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ထိုင်းရဲကို သြဂုတ် ၁၂ ရက်မှာ ပြန်အပ်လိုက်ပါတယ်။ လေးတော်ခို့ကျေးရွာမှာ တန်ဖိုးထားကိုးကွယ်ထားတဲ့ ဆင်စွယ်ကို သြဂုတ်လဆန်းပိုင်းက လူ ၂ ဦးရောက်ရှိလာပြီး အစောင့်ကို ဓားနဲ့ထောက်ကာ ဆိုင်ကယ်နဲ့ ယူသွားကြတာ ဖြစ်ပါတယ်။

117176056_3513095575367755_3936527146234017947_n

ဒီနောက် လေးတော်ခို့ရွာသားတွေနဲ့ ရပ်ရွာသူကြီးတို့က အုန်းဖန်မြို့မရဲခန်းမှာ ပန်းပုဆင်စွယ်ပျောက်ဆုံးကြောင်း အမှုဖွင့်တိုင်ကြားထားလိုက်ပြီးနောက် မြန်မာ-ထိုင်းနယ်စပ် လက်နက်ကိုင်အဖွဲ့အစည်းတွေထံ သတင်းပို့ပြီး သြဂုတ် ၁၂ ရက်နေ့မှာ ပန်းပုဆင်စွယ် ခိုးသူ ၂ ဦးကို ဒီကေဘီအေတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။

117176978_3513095682034411_7725540144867521311_n

117367079_3513095748701071_3228044099637676591_n

ပန်းပုဆင်စွယ်ကို ဒီကေဘီအေဗျူဟာမှူး စောရွှေဝက ဦးစီးပြီး ထိုင်းရဲကို ပြန်လည်အပ်နှံခဲ့ကာ ခိုးသူနှစ်ဦးကိုတော့ ဒီကေဘီအေတပ်ဖွဲ့က အရေးယူထားပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ ၂၀၀၅ ခုနှစ်တုန်းကလည်း ပန်းပုဆင်စွယ် ခိုးယူခံခဲ့ရဖူးပြီး ခုတစ်ကြိမ်ပါဆိုရင် ခိုးယူခံရတာ ၃ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။

117443892_623548548144555_8247550537041275631_n

ဒီဗွီဘီ

Facebook Comments

Burmese Online News