

အရိုင်းဆန်ဆန် လှပနေသေးတဲ့ ဂေါ်ရင်ဂျီကျွန်းသို့ တခေါက်-ဧရာဝတီ


[Unicode]

ငရုတ်ကောင်း ကမ်းရိုးတန်းဒေသကို သဘာဝထိန်းသိမ်းနယ်မြေအဖြစ် လုပ်ဆောင်မည်

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တွင် ကမ်းရိုးတန်းဒေသရှိ သယံဇာတ၊ဇီဝမျိုးစုံမျိုးကွဲများ နှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများမှ ကာကွယ်နိုင်ရန် ငရုတ်ကောင်း ကမ်းရိုးတန်းဒေသကို သဘာ ဝထိန်းသိမ်းနယ်မြေအဖြစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ သဘာဝထိန်းသိမ်းနယ်မြေအတွင်း ဇီဝမျိုးစုံမျိုးကွဲများ၊ဒီရေတောများနှင့် ရှားပါးသတ္တဝါများကို ထိန်းသိမ်းနိုင်ရေးရည်ရွယ်ပြီး ငရုတ်ကောင်း ကမ်းရိုးတန်းဒေသရှိ ဧရိယာစုစုပေါင်း ၁၁၁၁၇ ဧကကို သဘာဝထိန်းသိမ်းနယ်မြေအဖြစ် သတ်မှတ်ရန် ဒေသခံများအား အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။

Pyi Myanmar

Facebook Comments

Burmese Online News