ပြစ်ဒဏ် လျှော့ချပေးခြင်းခံရတဲ့ ဝင်းနဲ့ဇော်ရဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်မှ ထပ်မံလျှော့ပေါ့နိုင်တဲ့ အခွင့်အရေး ရှိနေ

၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဗြိတိန် ကမ္ဘာလှည့်ခရီးသွားနှစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်အတွက် သေဒဏ်ချမှတ်ခံထားခဲ့ရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းနိုင်ထွန်းတို့နှစ်ဦးကို ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ သောကြာနေ့မှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ချပေးလိုက်ကြောင်း သိရပါတယ်။

ယခုဆိုရင် ဒီလူငယ်နှစ်ဦးဟာ ထောင်တွင်း အပြုအမူကောင်းတွေအပေါ် မူတည်ပြီး ပြစ်ဒဏ်ထပ်မံ လျော့ကျသွားနိုင်တဲ့ အခွင့်အလမ်းရှိသွားမှာဖြစ်ကြောင်း သူတို့ရဲ့ ရှေ့နေဖြစ်သူက ပြောဆိုခဲ့တယ်လို့ စနေနေ့က ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

အယူခံ ရှုံးခဲ့လို့ ကြမ္မာဆက်ငင်နေဆဲဖြစ်တဲ့ ဝင်း နဲ့ ဇော် ရဲ့  လိပ်ကျွန်းလူသတ်မှု - Myannewsmedia

သောကြာနေ့က ထုတ်ပြန်လိုက်တဲ့ ဘုရင့်လွတ်ငြိမ်းသက်သာ အမိန့်အရ သူတို့ရဲ့ ပြစ်ဒဏ်ကို တစ်သက်တစ်ကျွန်းသို့ လျှော့ချလိုက်တာဖြစ်ကြောင်း ဝင်းနဲ့ဇော်တို့ရဲ့ ရှေ့နေဖြစ်သူ နာခွန်ချွမ်ပူချတ်က ရိုက်တာ ကို ပြောဆိုခဲ့ပါတယ်။

ဝင်းနဲ့ဇော်အတွက်လွတ်မြောက်ဖို့အခွင့်အလမ်းများလာပြီဟု  ရှေ့နေဦးအောင်မျိုးသန့်ပြောကြား ...

ဘုရင်မင်းမြတ် လွတ်ငြိမ်းသက်သာခွင့် ဆိုင်ရာ အချက်တွေအရ သူတို့ရဲ့ ပြစ်ဒဏ်ကို လျှော့ချခံစားခွင့်အတွက် အကြုံးဝင်သူတွေဖြစ်ခဲ့ကြောင်း နာခွန်က ပြောဆိုပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးဟာ ထောင်တွင်း အပြုအမူကောင်းတွေပေါ် မူတည်ပြီး ပြစ်ဒဏ်ထပ်မံလျော့ကျစေမယ့် အခွင့်အလမ်းလည်း ရှိသွားမှာဖြစ်တယ်လို့ ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။

7Day News | ဝင်းနှင့်ဇော် အသနားခံစာ ထိုင်းဘုရင်ထံသို့ အောက်တိုဘာ ၂၄ ရက်တွင်  တင်သွင်းမည်

အကုန္သိ

Facebook Comments

Burmese Online News