
သွးမထွက်တဲ့ ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက် ခံရခြင်း( သို့ ) တရုတ် ၏ ဗိုင်းရပ်စ် စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာတဝန်းမှ တိုက်ခိုက်ခံရမူများ

*အောက်တွင် ယူနီကုတ်ဖြင့် ဖော်ပြထားပါသည်။




Effects of Coronavirus Begin Echoing Far From Wuhan Epicenter - The New  York Times

 



China is Stealing Our Stuff & Not Even Hiding It': Tech Protection Task  Force


Why the U.S. is concerned about Chinese research theft | ShareAmerica

Wai Tun Tun

ယူနီကုတ်

သွေးမထွက်တဲ့ ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက် ခံရခြင်း( သို့ ) တရုတ် ၏ ဗိုင်းရပ်စ် စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာတဝန်းမှ တိုက်ခိုက်ခံရမူများ

USနဲ့China စီးပွ ားရေးအရ ယှဉ်ပြိုင်ခြင်းမှ သည် ၊ ဝူဟန်ဗိုင်းရပ်စ်(ခ)ကိုရိုနာ ကိုဗစ်19 ဗိုင်းရပ်စ်စစ်ပွဲသို့ ဦးတည်ခဲ့ပြီး ကမ္ဘာတဝန်းလုံးကို စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေးတွေ ထိခိုက်စေခဲ့ပါတယ်။

ဒါသည် US သမ္မတ ဒေါ်နယ်ထရန့် လက်ထက်မှာ တရုတ်ရဲ့ နည်းပညာခိုးယူမှု ၊ စီးပွားရေးအရ အရင်းရှင်ဆန်မှု၊ တစ်မျိုးသားရေး မူဝါဒတွေကြောင့် ဒေါ်နယ်ထရန့်ရဲ့ တုန့်ပြန်မှုမှ အစပြုသည်ဆိုလျင် ယုတ္တိတန်မည်ထင်ပါတယ်။

US &CHINA ရဲ့ Trade War မှာ အထိနာလာတဲ့ တရုတ်ရဲ့ ဗိုင်းရပ်စ်နဲ့တိုက်ခိုက်ခြင်းလို့ US ကအခိုင်အမာစွပ်စွဲပြီး ယနေ့ တောင်တရုတ်ပင်လယ်မှာ စစ်ရေးဖြန့်ကျက်လာသည်အထိ တင်းမာနေခဲ့ပြီဖြစ်တယ်၊

ကိုဗစ်ကူးစက်ရောဂါပိုးသည် တရုတ်နိုင်ငံ ဝူဟန်မြို့မှ အစပြုခဲ့သည်မှာလဲ သံသယဖြစ်စရာပါ၊ ထိုထက်ပိုသည်က ဝူဟန်မြို့မှာ ဇီဝဓါတ်ခွဲခန်းရှိနေခြင်းက စွပ်စွဲမှုကို ပို၍ခိုင်မာစေပြန်ပါတယ်၊

ယနေ့ကမ္ဘာကြီးမှာ နိုင်ငံတိုင်း၌ ကိုဗစ်ကူးစက်ခံလူဦးရေ သန်းချီရှိနေပြီး လူပေါင်းသိန်းချီသေဆုံးခဲ့ပြီးဖြစ်ပါတယ်၊ယနေ့အချိန်အထိ နိုင်ငံအတော်များများမှာ ဒုတိယလှိုင်း ၊တတိယလှိုင်း အစ ရှိသဖြင့် နှစ်ကျော့ သုံးကျော့ပြန် ခံနေရဆဲဖြစ်ပါတယ်။

ယင်းအခြေအနေတွေကြောင့် ကမ္ဘာ့နိုင်ငံအသီး သီးရဲ့ စီးပွားရေးလုပ်ငန် းများစွာ ထိခိုက်ပျက်ဆီးခဲ့ရသလို၊ လူသန်းပေါင်းများစွာဟာလဲ စာဝတ်နေရေးနဲ့ အလုပ်အကိုင်အကြပ်အတည်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်၊

ဒါဟာ သွေးမထွက်တဲ့ ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ခံရခြင်းဟုတင်စားလျင် မှားမည်မထင်။ဒီအတွက် ဘယ်သူ့မှာတာဝန်ရှိသလဲ ၊ စတင်အခြေပြုရာ တရုတ်မှာ အပြည့်အဝတာဝန်ရှိသလို၊ ထိန်းချုပ်ရန်ပျက်ကွက်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO မှာ တာဝန်ရှိနေပါတယ်၊

WHO ဟာ တရုတ်ဘက်မှကာပြီး တရုတ်အကျိုးစီးပွားကိုကြည့်ခဲ့ခြင်းကြောင့် တရုတ်ပြောသမျှယုံပြီး စစ်ဆေးရန် ပျက်ကွက်ခြင်းကြောင့် ၊ ပထမတရားခံသည်တရုတ်၊ ဒုတိယတရားခံမှာWHOဟု စွပ်စွဲရမည်ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ သူနဲ့ပက်သက်ဆက်ဆံတဲ့ ကမ္ဘာ့နိုင်ငံတွေအပေါ် မည်သို့သော မူဝါဒမျိုးထားသလဲ ဆန်းစစ်ကြည့်ရင်၊ ကျန်နိုင်ငံတွေကို သွားကြည့်နေစရာမလို၊ ကျနော်တို့မြန်မာပြည်ကိုသာကြည့်ပါ လို့ ပြော ရမှာပါပဲ၊

ဒါ့အပြင် အခြားနိုင်ငံတွေအပေါ် လေ့လာအုံးမလား ရပါတယ် ၊ တရုတ်ဟာ ပထမဦးစားပေးအနေနဲ့ အာဏာရှင် နိုင်ငံငယ်တွေထံမှ အာဏာရှင်တွေကိုထောက်ပံ့ရင်း ယင်းနိုင်ငံတွေအတွင်းက သံယံဇာတနဲ့လုပ်ပိုင်ခွင့်တွေကို ဂုတ်သွေးစုတ် အမြတ်ထုတ်ပါတယ်၊

Level တူနိုင်ငံကြီးတွေထံက ဈေးကွက်ကိုရအောင်ယူတာမျိုး ၊ နည်းပညာခိုးယူတာမျိုးလုပ်ပါတယ်၊

US &CHINA စီးပွားရေး စစ်ပွဲမှသည် လက်နက် တပ်ဆင် စစ်ရေးတင်းမာသည်အထိ ဆိုက်ရောက်လာမှုဟာ မြန်မာ့ဒီမိုကရေစီ အရေးအပေါ် သက်ရောက်မှုမည်မျှရှိမည်ဆိုသည်မှာ ခန့်မှန်း ရခက်သည့် အနေအထားတရပ်ပင်ဖြစ်ပါတယ်၊

တရုတ်နှင့်US တကယ်ချသည် မချသည်က တပိုင်းပါ၊ ဒါပေမယ့် မြန်မာစစ်အာဏာရှင်တွေ အနေအထိုင်မတတ်ရင် သေချာပေါက် ကြားညှပ်မှာပါ၊

ဘာကြောင့်လဲဆို US အနေနဲ့ တရုတ်ကို တောင် တရုတ်ပင်လယ်မှာ ဝန်းရံပိတ်ဆို့ထားပြီး တရုတ်ရဲ့ ရန်ဘက်နိုင်ငံတွေနဲ့ စစ်ရေးအရ မဟာမိတ်ယူထားသလို၊ တရုတ်ရဲ့လက်တံငယ်တွေကို ဖြတ်တော က်တာ မျိုး လုပ်လာနိုင်ပါ တယ်၊

Wai Tun Tun

Facebook Comments

Burmese Online News