လူဆိုးဖမ်းရမှာ ကြောက်နေတဲ့ မန္တလေးက ရဲများ (ကူညီပါရစေဆိုတာ ဘယ်သူ့ကို ကူညီနေတာလဲ..?)

၁၀-၈-၂၀၂၀ ညက ကျုံးဘေးမှာ ပိုက်ဆံအိတ် နဲ့ အိုင်ဖုန်း 8 plus ပျောက်သွားတယ်။ ဘဏ်ကဒ်တွေ မှတ်ပုံတင် ယဉ်မောင်းလိုင်စင်, ဝန်ထမ်းကဒ် ငွေသား ၄ , ၅ သိန်းခန့် ပါသွားတယ် အမှတ် ၂ ကိုသွား အမှုဖွင့်တယ်.. ဘာမှ မယ်မယ်ရရ အလုပ်မလုပ်ဘူး ခိုး ဆိုး လု နှိုက် လဲ သတင်းမယူဘူး သတင်းပေးလဲ မမွေးဘူး အသွင်ယူလဲ မစုံစမ်းဘူး မနေ့ညကမှ အမှုစစ်ခေါ်ပြီး ကျုံးဘေးမှာ ထိုင်ပြီး အသွင်ယူလေ့လာကြည့်တယ် ပေါလိုက်တဲ့ ဂျလေဘီတွေ အခြောက်တွေ ပြည့်တန်ဆာလိုမိန်းမတွေ အခြောက်မ ၂ ယောက်က ကျနော်တို့ကို (ကွက်ကြည့်)၂ လုပ်နေတယ် ကျနော် လှမ်းခေါ်ပြီး စကားပြောကြည့်တယ် သူက ပြောတယ် တခါပျော်ပါးရင် ၅ ထောင် ၁ သောင်းရတယ် တဲ့ ကျုံးဘေး အမှတ် ၈ အပိုင်မှာ တည်းခိုခန်းရှိတယ် အဲဒီမှာ သွားကြတာ တဲ့ ကျနော်တို့က ဟိုမေး သည်မေးလုပ်တော့ အခြောက်မ ပြန်ထွက်သွားတယ်..

သူပြန်ထွက်သွားပြီး မကြာခင်မှာ မသင်ကာတဲ့ ဘဲ ၂ ပွေ ရှေ့ကလျှောက်သွားတော့ ကျနော်နဲ့အမှုစစ်လိုက်သွားတယ် သူတို့လဲ ခြေလျှင် ကျနော်တို့လဲခြေလျှင်ဘဲ ကျနော်တို့လိုက်လာမှန်းသိတော့ သူတို့ စောင့်နေတဲ့ ဆိုင်ကယ်နဲ့ ၃ ယောက်စီးပြီးထွက်သွားကြတယ် ကျနော့ကားဆီပြန်လာတယ် အမှုစစ်က လင်မလားရန်ဖြစ်လို့ ဆိုလားမသိဘူး စခန်းပြန်မယ်လုပ်တယ် ကျနော်က ကျနော့ ကားနဲ့ နောက်ကလိုက်ကြည့်ဖို့ပြောပေမဲ့ မရဘူး ပြန်သွားတယ်..

ကျနော်တယောက်ထဲ အဲဒီ ဆိုင်ကယ်နောက် ကားနဲ့လိုက်သွားတယ် ဈေးချိုနားမျက်ခြေပြတ်သွားတယ် ကားပြန်ကွေ့ပြီး အနောက်ကျုံးဘက်လျှောက်ကြည့်တယ် မတွေ့ဘူး ၂၂ လမ်းကနေ လမ်း ၈၀ အတိုင်းကားပြန်မောင်းခဲ့တယ် လမ်း ၈၀ ၊ ၂၆ လမ်း မီးပွိင့်မှာ အဲဒီ မသင်ကာတဲ့ ၂ ယောက် အရှေ့ဆီကို လမ်းပြန်လျှောင်လာတယ် အဝတ်အစား ၊ လူ အတူတူဘဲ အမှတ် ၂ အမှုစစ်ကို အကြောင်းကြားတယ် သူ့လူတွေ လွတ်လိုက်ပါမယ်တဲ့ ၂၆ x ၇၆ ထိ သူ့လူတွေမရောက်ဘူး ကျနော် ကားမီးပိတ်ပြီး ဆက်လိုက်တယ် သူတို့ ၂ ယောက်ရှေ့က သွားဆဲဘဲ..

၇၄ လမ်းနားမှ ရဲ ၄ ယောက်ရောက်လာတယ် ရဲတွေက ကျုံးဘက်ခြမ်းမှာ ဘဲ ၂ ယောက်က ၂၆ ညာဘက်မှာ သူတို့ရှေ့က ဖြတ်သွားတယ် ရဲတွေတွေတွေ့တယ် ဘာမှ မလုပ်ဘူး ရပ်နေကြတယ် ကျနော် ရဲတွေနားရောက်တော့ ကားတခါးဖွင့် သံသယဘဲ ၂ ယောက်ကို ကားဟွန်းတီး လက်ညိုးထိုးပြတယ် ဒါလဲ ဒီဘက် ကူးမလားဘူး မလိုက်ဘူး ရဲတွေကျန်ခဲ့တယ် ဘဲ ၂ ပွေက ၇၃ လမ်းဘက်ကွေ့သွားတယ် ကျနော် ဆက်လိုက်သွားတယ် ၂၆ လမ်းကွေ့ပြီး ၇၃ လမ်းထဲ ရောက်တော့ ကျနော် ရဲတွေပြန်ကြည့်တော့ ပါမလားဘူး ကျုံးဘေးမှာဘဲရပ်ကျန်ကြတယ်..

အဲတော့ ဘဲ ၂ ပွေက ၂၇ လမ်းကျော်သွားပြီ ကျနော်တယောက်ထဲ ဆက်မလိုက်ဘဲ ကျုံးဘေးက ရဲတွေဆီပြန်လာတယ် ရဲ ၃ ယောက်တွေ့တယ် ဘာလို့ ကျနော့နောက်မလိုက်လာဆိုတော့ ၁။ ကျနော်တို့ရှေ့မှာ ကောင်လေး ၂ ယောက်ဆိုင်ကယ်လဲလို့ ဆေးရုံပို့နေရလို့ပါ တဲ့ ၂။ ဘဲ ၂ ပွေက အမှတ် ၈ အပိုင်ထဲရောက်သွားလို့ ဗိုလ်လေးက ဆက်မလိုက်ခိုင်းလို့ပါတဲ့ ( စဉ်းစားကြည့်ပါ လမ်း 77 ကနေ 73 ထိ ၅ ပြလောက်လျှောက်နေတာ ဘာမှမလုပ်ဘဲကြည့်နေတယ် ) ကျနော် ဘာဆက်လုပ်မရလဲ မေးတော့ အဲဒါတော့ ကျနော်တို့လဲ မသိဘူး တဲ့ အမှတ် ၈ သွားပါတဲ့ ဗျာ)..

ကျနော် တယောက်ထဲထားပြီး ရဲအားလုံးပြန်သွားကြတယ် ရဲတွေကို မယုံလို့ ဆေးရုံ OPD လိုက်သွားတယ် အရေးပေါ်ဌာန ဆရာဝန် ၂ ယောက်ကိုမေးကြည့်တယ် ကျုံးဘေးက ဆိုင်ကယ် Accident ကလေး ၂ ယောက် ရောက်သလားဆိုတော့ မရောက်ဘူးတဲ့ ဆေးရုံတာဝန်ကျနေတဲ့ အမှတ် ၈ ရဲ ၂ ယောက်သွားမေးတယ် ၊ စာရင်းတွေကြည့်တယ် ၊ ရဲတွေကလဲ မလာပါဘူး တဲ့ ( အမှန်က သံသယ ဘဲ ၂ ပွေနောက် မလိုက်ချင်လို့ ကျနော့ကို လုပ်ဇာတ်ခင်းပြီး အလီဘိုင်ပြတာ)..

ကျနော် 73 လမ်းပေါ်က JJ ဘီယာဆိုင် နဲ့ 74 လမ်းပေါ်က ဘီယာဆိုင်တွေ လိုက်ကြည့်တယ် ဘဲ ၂ ယောက်တွေ့မလားလို့ မတွေ့ဘူး မိုးလဲ ချုပ်နေလို့ အိမ်ပြန်လာခဲ့တယ် ကျနော်ပြောချင်တဲ့ Message က ” ကူညီပါရစေ ” ဆိုတဲ့ ရဲ တွေ ဘာတွေကို ကူညီနေတာလဲ ဘောလုံးပွဲဒိုင် ချဲ ဒိုင်တွေကို ကူညီနေတာလား မူးယစ်ဆေး ရောင်းတဲ့သူကိုကူညီနေတာလား ကျနော့ အဖြစ်အပျက်ကို ရဲချုပ် ၊ မှုခင်းချုပ် ၊ ရဲမင်းကြီး ၊ တိုင်း ဒန ၊ စီအိုင်ဒီ က လူကြီးတွေ သိစေချင်တာရယ် ၊ အမှုကို အမြန်ဆုံးပေါ်စေချင်တာပါဘဲ ။

လေးစားလျှက်
ဒေါက်တာ ကျော်လှိုင် အရေပြားအထူးကုဆရာဝန်
မှတ်ပုံတင် ၉/ ခအဇ (န) ၀၀၅၅၀၄
Phone – 09 788 777 499

Facebook Comments

Burmese Online News