ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ (ရွှေဘို) ကို ထောင်ဒဏ် ၂နှစ်ချမှတ်

ရွှေဘိုခရိုင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးစိုးအေး သည် ရွှေဘိုခရိုင်အတွင်းမဲဆွယ်စည်းရုံးရာတွင် သတင်းမှားများ၊ အချက်အလက်အမှားများကို လုပ်ကြံဖန်တီး မဲဆွယ်သည့်အတွက် ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့ မှူးက တရားလို ပြုလုပ်ကာ တရားစွဲဆိုခဲ့ပြီး ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် ထောင်ဒဏ် ၂ – နှစ်ချမှတ်ခြင်းခံခဲ့ရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ(ရွှေဘို) သည် မဲဆွယ်စည်းရုံးရာတွင်
(၁)ဘင်္ဂါလီများအတွက်ရေမီးအစုံနှင့်ကွန်ကရစ်လမ်းများကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကဆောက်လုပ်ပေးထားကြောင်း
(၂)စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကလည်းနေအိမ်အလုံး(၈၀)ကျော်ဆောက်လုပ်ပေးကြောင်း
(၃)ဒေါ်အောင်ဆန်းစုကြည်သည်ဘင်္ဂါလီ ၄၀၀၀ – ကျော်ကိုရန်ကုန်သို့ခေါ်သွင်းနေထိုင်စေကြောင်း
(၄) မြန်မာနိုင်ငံသည် မကြာမီ ဘင်္ဂါလီတိုင်းပြည်ဖြစ်တော့မည်ဖြစ်ကြောင်း စသည့် သတင်းမှားများကို ပြည်သူများသို့ ပြောဆိုခဲ့သည် ။

The Union Solidarity and Development Party (USDP) logo is seen in Naypyidaw on August 13, 2015. The leader of Myanmar’s ruling party has been removed from his post, an official said on August 13, after a shock police swoop on party headquarters that laid bare a power struggle among the country’s key political players ahead of elections. AFP PHOTO / Ye Aung THU / AFP PHOTO / Ye Aung Thu

ထို့အတွက် ပြည်သူအများ အထင်မှား စေရန်ရည်ရွယ် ချက်ဖြင့် လုပ်ကြံ ပြောဆိုသော ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ကို ပြစ်မှု့ထင်ရှားသဖြင့် ရာဇသတ်ကြီးပုဒ်မ။၅၀၅ (ခ) အရ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။ အဆိုပါ ရွှေဘိုခရိုင်ကြံ့ခိုင်ရေးဥက္ကဋ္ဌသည် ကျေးရွာများတွင် ပါတီမဲဆွယ်ပွဲဟု မကြေညာဘဲ ချေးငွေ ထုတ်ချေးရန် အစည်းဝေးပြုလုပ်မည်ဟုဆိုကာ ရွာသားများကို ခေါ်ဆောင်ပြီးမှ ရွေးကောက်ပွဲမဲဆွယ် ခဲ့ခြင်းဖြစ်ပြီး ချေးငွေ ၃သိန်းမှ ၅သိန်း ထုတ်ချေးမည် ပြောဆိုကာမဲဆွယ်ခဲ့ကြောင်းလည်း ရွှေဘို မြို့နယ်ရဲတပ်ဖွဲ့က စစ်ဆေးပေါ်ပေါက်ခဲ့ သည်။

 

Sagar Wyne

credit Hlwan Wai Lwin
Via ဝဏ္ဏထွန်း

Facebook Comments

Burmese Online News