ဖုန်းမှတဆင့် (၈) တန်း ကျောင်းသူလေးကို ဖြားယောင်းပေါင်းသင်းတဲ့ အိမ်ထောင်သည်အမျိုးသားကို ဖမ်းဆီး

ဖုန်းမှတဆင့် (၈) တန်း ကျောင်းသူလေးကို ဖြား‌ယောင်းသွေးဆောင်ပေါင်းသင်းတဲ့ အိမ်ထောင်သည်အမျိုးသားကို ဖမ်းဆီး…

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် ဘုရားငါးဆူအုပ်စုမှာ အသက် (၁၄) နှစ်အရွယ် ၈ တန်းကျောင်းသူလေးကို ဖြားယောင်းသွေးဆောင်ပေါင်းသင်းခဲ့တဲ့ အိမ်ထောင်ရှိ အမျိုးသားလူငယ်ကို ယမန်နေ့ညနေက အမူဖွင့်ဖမ်းဆီးခဲ့ကြောင်း ပေါင်းတည်မြို့မရဲစခန်းမှ သိရပါတယ်။

ဖမ်းဆီးခံရသူဟာ ဘုရားငါးဆူကျေးရွာမှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် လက်ရှိအိမ်ထောင်ရှိ ရဲထွဋ် (ခ) အသေးလေးဆိုသူဖြစ်ပြီး၊ သူဟာဖုန်းနဲ့ချစ်ကြိုက်နေတဲ့ တရွာတည်းနေ အသက် (၁၄) နှစ်အရွယ်ကျောင်းသူလေးကို ချိန်းဆိုကာ သားမယားအဖြစ် (၃) ကြိမ်ပြုကျင့်ခဲ့လို့ အမူဖွင့်ခံရတာလို့ ပေါင်းတည်မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်သိန်းက ပြောပါတယ်။

“အဖမ်းခံရသူကအိမ်ထောင်ရှိတယ်။ ကောင်မလေးက (၈) တန်းကျောင်းသူဖြစ်တယ်။” လို့ စခန်းမှူး ဒုရဲမှူးမြင့်သိန်းက ပြောပါတယ်။ ကျူးလွန်သူ ရဲထွဋ် (ခ) အသေးလေးမှာ အိမ်ထောင်ရှိတာ မှန်ကန်ကြောင်း၊ ဘုရားငါးဆူအုပ်ချုပ်ရေးမှူး ဦးတင်အောင်မိုးကလည်း အတည်ပြု ပြောဆိုပါတယ်။

အမူဖွင့်ဖမ်းဆီးခံရတဲ့ ရဲထွဋ် (ခ) အသေးလေးကို ပေါင်းတည်မြို့မရဲစခန်းက ပုဒ်မ ၃၇၆ နဲ့ အမူဖွင့်ထားကြောင်း သိရပါတယ်။

Facebook Comments

Burmese Online News