ကိုဗစ်ပိုး ၁၆ ပေအထိပျံ့နှံ့နိုင်ကြောင်း လေ့လာချက်တစ်ခုဖော်ပြ

ကိုဗစ်စဖြစ်ကတည်းက လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေစီခြားနေဖို့ ပညာရှင်တွေက သတိပေးထားပါတယ်။ ခုချိန်မှာတော့ ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ခြောက်ပေအကွာအဝေး ကမလုံလောက်တော့ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

လေ့လာတွေ့ရှိမှုအသစ်အရ ကိုဗစ် ပျံ့နှံ့မှုအားကောင်းလာပြီး ဆယ်ပေအကွာအဝေးထိရောက်နိုင်တယ်လို့ သိရပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ်ရဲ့ လေ့လာချက်အသစ်အရဆိုရင် ၆ ပေအကွာနေရမယ်ဆိုတဲ့ သတိပေးချက်တွေကို ပြန်လည်ပြင်ဆင်ရမှာဖြစ်ပါတယ်။ လေ့လာရေးအဖွဲ့ဟာ အနီအောက်ရောင်ခြည်သုံးပြီး ဇီဝမိုက်ခရိုနည်းပညာနဲ့ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို လေ့လာခဲ့ပါတယ်။ ပညာရှင်တွေဟာ စမ်းသပ်မှုအတွက် PPE ဝတ်စုံတွေဝတ်ဆင်ပြီး ခက်ခက်ခဲခဲ လေ့လာခဲ့ရတယ်လို့ပြောပါတယ်။

ကိုဗစ်ပိုးတွေ့ လူနာတစ်ယောက်ဆီက ချောင်းဆိုးတာကို အကွာအဝေးအလိုက် ပညာရှင်တွေက တွက်ချက်ထားတာဖြစ်ပါတယ်။ လေထဲမှာ ပြန့်နှံ့လာတဲ့ ရောဂါပိုးတွေကို စမ်းသပ်ခံသူရဲ့ ခန္ဓာကိုယ်တွေအပြင် ကြမ်းပြင်၊ နံရံနဲ့ စားပွဲပေါ်တွေပေါ်မှာလည်း တွေ့ရပါတယ်။ အကွာအဝေးအားဖြင့် ၁၅ ပေကျော်ထိတွေ့ရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ပညာရှင်တွေက အနည်းဆုံး ၁၆ ပေအကွာနေဖို့၊ လူစုလူဝေးရှောင်ရှားဖို့နဲ့ အထူးလိုအပ်ကြောင်း သတိပေးပြောကြားထားပါတယ်။

Ref – Toronto News

Photo – Toronto News

Facebook Comments

Burmese Online News