Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး

Orchid ဟိုတယ် (House of Orchid ) ပိုင်ရှင် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် ရဲတပ် ဖွဲ့က ယနေ့( ဩဂုတ် ၂၁)ဖမ်းဆီးလိုက်ကြောင်း ကနဦးသတင်းရရှိသည်။ “ခုဏလေးတင်ကပဲ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ကျွန်တော်လည်း အစည်းအဝေးတစ်ခုကအပြန် အိမ်အရောက်မှ မီဒီယာတွေမေးမြန်းလာတောင်ကြောင့် ရပ်ကွက်တာဝန်ရှိသူတို့ဆီ စုံစမ်းကြည့်တော့ မှသိရတာပါ။ ကျန်တဲ့အချက်တွေ ကျွန်တော်တို့လည်း မသိရပါဘူး။နိုင်ငံတော် အကြည်အညိုပျက်စေမှုဆိုတာ အုပ်ချုပ်ရေးက လုပ်တာဆိုတော့ ကျွန်တော်တို့လည်း ကြိုမသိရပါဘူး” ဟု ပုဇွန်တောင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ‌ပြောသည်။

Let's fight together. - YouTube

ယင်းသို့ဖမ်းဆီးရာတွင် ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်ပြီး သြဂုတ်လ ၂၁ ရက် ညနေ ၄ နာရီ ၃၀ အချိန်ခန့်တွင် ပုဇွန်တောင်မြို့နယ် Orchid ဟိုတယ်၌တွင်ပင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ ပုဇွန်တောင် မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်း ခဲ့ရာ”ဒီမှာတော့မဖမ်းထားဘူးခင်ဗျ။ ကျွန်တော်တို့ စခန်းမှာတော့ မဖမ်းထားဘူး။ ဘယ်အဆင့်ကဖမ်းတယ်တာတို့ ကျွန်တော်တို့မသိရဘူး။ ကျွန်တော်တို့ဆီလည်း တယောက်မှရောက်မလာသေးဘူး” ဟု တာဝန် ရှိသူတဦးကပြောသည်။

NLD ကို ဦးဆောင်ဖို့ သူ့ကိုဖိတ်ခေါ်လာနိုင်တယ်ဆိုတဲ့ ဦးဌေးအောင် - YouTube

ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ – ၁၂၄ (က) – အကြည်ညိုပျက်အောင်ပြုခြင်း ဆိုသည်မှာမည်သူ မဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်ေ စ၊ ပြည်ထောင်စုအတွက် သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို အမုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်းပြုလျှင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန်အားထုတ်လျှင်၊သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန်အား ထုတ်လျှင်ထိုသူကို ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းအောက်လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ် နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက် သက်ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

Sagar Wyne

Orchid Hotel ပိုင်ရှင်ဦးဌေးအောင်သည် NLD ပါတီအားနိုင်ငံရေးပါတီအဖြစ်မှပယ်ဖျက်နိုင်သည့် အထောက် အထားများ ချပြသည့်အခမ်းအနားကို ယခုလ ၈ ရက်၌ Orchid Hotel တွင်ကျင်းပပြုလုပ်ခဲ့ပြီး ၎င်း၏ ပြောဆိုချက်များကို လူမှုကွန်ယက်မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။အဆိုပါ အခမ်းအနားတွင် NLD ပါတီမှနိုင်ငံခြားတိုင်းပြည်မှရယူထားသောငွေများ(သို့မဟုတ်) အဖွဲ့အစည်း တစ်ခုခု ၏ ငွေများကို ရယူထားကြောင်း Orchid Hotel ပိုင်ရှင် ဦးဌေးအောင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

News Watch

Facebook Comments

Burmese Online News