ရခိုင်မှ ကိုဗစ်လူနာအမှတ်စဉ် ၄၁၁ သည် စစ်တွေမှ ရိုးမဘဏ်ဝန်ထမ်းဖြစ်ပြီး ဘဏ်ဝန်ထမ်း ၂၈ ဦးကို အသွားအလာကန့်သတ်ထား

ရခိုင်ပြည်နယ်မှ ကိုဗစ်လူနာအမှတ်စဉ် ၄၁၁ သည် စစ်တွေရိုးမဘဏ်ခွဲမှ ဘဏ်ဝန်ထမ်းဖြစ်ပြီး ဘဏ်ဝန်ထမ်း ၂၈ ဦးကို အသွားအလာကန့်သတ်ထားကြောင်း ရိုးမဘဏ်က တရားဝင်သတင်းထုတ်ပြန်သည်။ အဆိုပါဘဏ်ဝန်ထမ်းသည် အသက် ၂၄ အရွယ်အမျိုးသားဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Image may contain: text that says 'လူနာ အမှတ် စဥ် အသက် ကျား/ ရက်နေ့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု (၂၁-၈-၂၀၂၀)ရက်နေ့၊ည ရက်နေ့၊ (၈း၀၀) နာရီ COVID-19 ရောဂါ အတည်ပြု လူနာများနှင့် ထိတွေ့မှု ရှိ (C-377) နေရပ်လိပ်စာ 410 ပြည်ပသို့ ခရီးသွား ကျား ဆေးကုသမှု ခံယူစေမည့်ဆေးရုံ 411 COVID-19 ဓာတ်ခွဲအဖြေ ၂၄နှစ် မှတ်ချက် ကျား မရှိ 412 ၅၁နှစ် မရှိ တွေ့ရှိ မရှိ 413 စောင့်ကြည့်လူနာ မ မရှိ ၂၉နှစ် စစ်တွေမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရခိုင်ပြည်နယ် တွေ့ရှိ မရှိ 414 စောင့်ကြည့်လူနာ ၃၆ မရှိ ကျား တွေ့ရှိ မရှိ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့ 415 စောင့်ကြည့်လူနာ မရှိ နှစ် မ တွေ့ရှိ မရှိ စောင့်ကြည့်လူနာ ရှိ (C-395) တွေ့ရှိ မရှိ တွေ့ရှိ စောင့်ကြည့်လူနာ အသွားအလာကန့်သတ် ထားရှိသူ (စစ်တွေမြို့)'

စစ်တွေ မြို့၊ မြောက်ရူပါ ရပ်ကွက် ရှိ ရိုးမဘဏ်ခွဲ တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၁ ရက် ည ၈ နာရီတွင် ထုတ်ပြန်သော COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုအဖြေအရ အဆိုပါ ရိုးမဘဏ်ဝန်ထမ်းသည် လူနာအမှတ်စဉ် (၄၁၁) အဖြစ် ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုသတ်မှတ်ခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူ လျက်ရှိကြောင်း၊ ရိုးမဘဏ် စစ်တွေဘဏ်ခွဲအား သေချာစွာ ပိုးသတ် သန့်စင်မှုများပြုလုပ်ရန် ယာယီပိတ်ထားကြောင်း၊ စစ်တွေဘဏ်ခွဲရှိ ဝန်ထမ်း ၂၈ ယောက် ကိုလည်း အသွားအလာကန့်သတ်နေထိုင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

“ရိုးမဘဏ်ရဲ့ ဝန်ထမ်းတွေနဲ့ ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုက်အဝန်းကို အကာအကွယ်ပေးဖို့က ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပါတယ်။ စစ်တွေ ဘဏ်ခွဲကို ပိတ်ထားစဉ်မှာ Customers တွေကို အကောင်းဆုံးဝန်ဆောင်ပေးသွားနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ Customers များနှင့် ရိုးမဘဏ်ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးရှိစေဖို့ ရိုးမဘဏ်အနေနဲ့ လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါတယ်။ ” ဟု ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Dean Cleland မှ ပြောကြားဆိုကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Image may contain: text that says 'ရိုးမဘဏ် ဘဏ်ခွဲ စစ်တွေ e'

စစ်တွေ ဘဏ်ခွဲမှအပ ကျန် ရိုးမဘဏ် ဘဏ်ခွဲအားလုံးအား ပုံမှန် ဘဏ်ဖွင့်ချိန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်တွေရိုးမဘဏ်ခွဲတွင် ကိုဗစ်လူနာဘဏ်ဝန်ထမ်းသည် Customers များနှင့်ထိတွေ့မှု ရှိ၊ မရှိကိုမူ ရိုးမဘဏ်၏ သတင်းထုတ်ပြန်ချက်တွင် တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိပေ။

ခေတ်သစ်

Facebook Comments

Burmese Online News