စစ်တွေမှာ ဒေသတွင်း ကူးစက်သူ ၁၃ ဦး ထပ်တွေ့၊ အသက် ၉၂ နှစ် ကနေ အသက် ၁၁ နှစ် အထိ အရွယ်စုံ ပါဝင်

ကျန်းမာရေး နဲ့ အားကစား ဝန်ကြီး ဌာန ရဲ့ သြဂုတ်လ ၂၄ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက် အရ ရခိုင် ပြည်နယ် မြို့တော် စစ်တွေ မှာ နိုင်ငံခြား ခရီးသွား ရာဇဝင် မရှိဘဲ အတည်ပြု လူနာတွေနဲ့ ထိတွေ့မှုကနေ ဒေသတွင်း ကူးစက်ခံရသူ အသစ် ၁၃ ဦး ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ ရက်ဆက်တွေ့လာရလို့ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့ ၂၄ ရက် အထိ စစ်တွေ၊ မြောက်ဦးနဲ့ သံတွဲ မြို့တွေမှာ ကိုဗစ်လူနာ ၇၂ ဦးရှိလာပြီ ဖြစ်ပါတယ်။

Image may contain: tree, house, plant, sky and outdoor

သြဂုတ် ၂၄ မနက် ထုတ်ပြန်ချက်ပါ အတည်ပြု လူနာ အသစ်တွေမှာ အသက် အငယ်ဆုံး ၁၁ နှစ် က နေ အသက်အကြီးဆုံး ၉၂ နှစ် အထိ ပါဝင်နေတာကို တွေ့ရပါတယ်။ သူတို့ အားလုံးဟာ အတည်ပြု လူနာတွေနဲ့ ထိတွေ့မှု ရှိခဲ့သူတွေ ဖြစ်ပြီး အသွားအလာ ကန့်သတ် ထားရှိသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Image may contain: sky and outdoor

မြန်မာနိုင်ငံမှာ သြဂုတ် ၂၄ ရက် မနက် အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၄၆၃ ဦး ရှိပြီ ဖြစ်ပါတယ်။

ဘီဘီစီ

Facebook Comments

Burmese Online News