စစ်တွေဆေးရုံကြီးမှ ကိုဗစ်လူနာတွေကို ပြုစုကုသရင်း ကူးစက်ခံရတဲ့ ရှေ့တန်းတိုက်စစ်မှူးလေး

စစ်တွေဆေးရုံကြီးမှ ကိုဗစ်လူနာတွေကို ပြုစုကုသရင်း ကူးစက်ခံရတဲ့ ရှေ့တန်းတိုက်စစ်မှူးလေးကို အားပေးလိုက်ကြပါဦး….. ရက်စက်လွန်းတဲ့ကံကြမ္မာရယ် တကယ်တော့ကိုယ်က ရောဂါပိုး စစ်တွေမှာစတွေ့ပြီဆိုတည်းက သူတပါးအတွက် ခံစားပြီးကြေကွဲခဲ့ရတယ်.. ကိုယ့်ရည်မှန်းချက်က ရောဂါခံစားနေရသူတွေကို တတ်နိုင်သလောက်ကူညီမယ်ပေါ့……

အိမ်မှာမနေတော့ဘဲ ဆေးရုံမှာဂျူတီဆင်းရင်း ကိုယ်တတ်နိုင်သလောက် အုပ်တချပ်သဲတပွင့် ကူညီပေးခဲ့တယ်.. တာဝန်ကျေခဲ့တယ်လို့ခံစားမိပေမယ့် ကိုယ်ကြောင့်ဘယ်သူတွေကိုကူးစက်စေခဲ့ပြီလဲ? စေတနာတွေက ဝေဒနာဖြစ်ခဲ့ပီလား? ရောဂါကင်းပြီး ပြန်လာမယ့်တနေ့ ပရဟိတလုပ်ငန်းတွေလုပ်ချင်ပါသေးတယ်.. အလှူအတန်းတွေအများကြီးလုပ်ချင်ပါသေးတယ်..

မေတ္တာ စေတနာသည် အစွမ်းထက်သောဆေးဝါးဖြစ်ပါစေ.. အမြန်ဆုံး သက်သာပျောက်ကင်းရပါစေ..

(San San)

Facebook Comments

Burmese Online News