ဒေါ်ထွေးမေ အိမ်ထဲမှ ဖဲဝိုင်းကြီးသုံးဝိုင်းကို လောင်ကြေးငွေ (၇၀,၀၀၀) ကျော်နဲ့အတူ ဖမ်းလိုက်ပြီ

ဒေါ်ထွေးမေရဲ့ အိမ်ထဲမှ ဖဲဝိုင်းကြီးသုံးဝိုင်းကို လောင်ကြေးငွေခုနှစ်သောင်းကျော်နဲ့အတူ ဖမ်းလိုက်ပြီ.. ဖဲရိုက်ရင် အဖမ်းခံရမယ်ဆိုတာ သိထားဖို့လိုပါမယ်။ အမှုဖြစ်စဉ်မှာ (၂၃.၈.၂၀၂၀) ရက်နေ့ ၅ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့မရဲစခန်းတွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟိန်းရာကျော် တာဝန်ထမ်းဆောင်နေစဉ် ချောက်မြို့နယ်၊ သစ်တိုကန်အုပ်စု၊ ဆူးတပ်ကျေးရွာ၊ ရဲစခန်း၏ အရှေ့တောင် (၂၂)မိုင်ခွဲခန့်အကွာနေ ဒေါ်ထွေးမေ (၅၃)နှစ်၊ ဈေးရောင်း၏နေအိမ်တွင် လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားနေအိမ်ဖမ်းဆီးခွင့် ဝရမ်းအမှတ် (၆/၂၀၂၀)ဖြင့်

ဒုရဲအုပ်ဟိန်းရာကျော်၊ ဒုရဲအုပ်မေဖြိုးကို၊ ဂွေးချိုရဲကင်းစခန်းမှုးစခမမှူး ဒုရဲအုပ်အောင်ကိုလတ်၊ ရဲတပ်ကြပ်အောင်ဝင်းဦး၊ ရဲတပ်ကြပ်မောင်မောင်၊ ဒုတပ်ကြပ်သူရိန်စိုးဦး၊ ရဲတပ်ကြပ်အောင်နိုင်၊ ရဲတပ်ကြပ်မျိုးအောင်၊ ရဲတပ်သားကျော်စွာလင်း၊ရဲတပ်သားရဲမင်းစိုး၊ရဲတပ်သားမဉ္ဇူအောင်(ရဲမေ) တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည်သက်သေ သစ်တိုကန်အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် ၊အမှတ်(၅)ဆယ်အိမ်မှူးဦးထွေးအောင်နိုင်တို့နှင့်အတူ ဒေါ်ထွေးမေ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးရာ ဒေါ်ထွေးမေ၏ နေအိမ်ဝိုင်းအတွင်းနေအိမ်အနောက်ဘက်၊ နေအိမ်အဖီအောက်တွင်ဝါးနှီးဖျာကြမ်း (၃)ချပ်ပေါ်တွင် ဒေါ်ထွေးမေပါ (၁၉)ဦး မှ ဝိုင်း (၃)ဝိုင်းဖွဲ့၍ ဖဲရိုက်လောင်းကစားပြုလုပ်နေသည်ကိုတွေ့ရှိရပြီး

ချောက်တွင် COVID-19 အစည်းအဝေးကျင်းပစဉ် ...

ကျား (၁၀)ဦး၊ မ (၉)ဦး၊ ပေါင်း (၁၉)ဦးတို့နှင့်အတူ ဖဲရိုက်လောင်းကစားရာတွင်အသုံးပြုသော ဖဲချပ်/ငွေကြေးနှင့်ဆက်စပ်သက်သေခံပစ္စည်းများဖြစ်သော အနီအဖြူ ကွပ်စိပ် ဖဲချပ် (၂၁၄) ချပ် (ခ) အပြားအဖြူ ကွက်စိပ်ဖဲချပ် (၂၂၄) ချပ်။ ဖရိုက်လောင်းကစားရာတွင် အကြွေပြုလုပ်သော ပြာ/စိမ်း/မ်/ခရမ်း/ပန်းရောင်ဒိုးစက်ပြား (၆၇)ခု။ အနီရောင်ခံအဝါရောင်“၀”စာလုံးပါကြွေပန်းကန်ပြား သေး (၂) ချပ်။ Qujing China တံဆိပ်ပါ ကြွေပန်းကန်ပြားသား (၁)ချပ်။ ကျားဝတ်ပုဆိုး ကွက်စိပ် (၃) ထည်။ ၀ါးနှီးဖျာကြမ်း(၃)ချပ်။ ကျားစီးဖော့ဖိနပ်(၄)ရံ။ မစီးကတီပါဖိနပ်(၁)ရံနှင့်ခုံဖိနပ်(၁)ရံ။ အပြာရောင်မီးခြစ်(၂)လုံး။ ဖြူ/ပြာကြားအရောင်လွယ်အိတ်အသေး(၁)လုံး။ ငွေစက္ကူရောရာ (၇၇၇၀၀)ကျပ်တို့ကိုသိမ်းဆီးရရှိကာ..

Playing card - Wikipedia

ဖဲရိုက်လောင်းကစားမှုပြုလုပ်နေကြသူ ဒေါ်ထွေးမေ (၅၃)နှစ်၊ ဆူးတပ်ရွာ၊ စိုးငယ် (၃၀)နှစ်၊ မင်းတင် (၄၇)နှစ်၊ လှခိုင် (၂၉)နှစ်၊ ဆန်းလင်း (၄၉)နှစ်၊ ဇော်မင်း (၄၀)နှစ်၊ ၀င်းဆန်း (၄၂)နှစ်၊ လှမြိုင် (၅၈)နှစ်၊ စိန်သောင်း (၅၅)နှစ်၊ စောကြိုင် (၆၇)နှစ်၊ ဥာဏ်ရွှေ (၆၈)နှစ်၊ မလင်းလင်းဝင်း (၂၉)နှစ်၊ မအေးမြ (၅၅)နှစ်၊ မသင်းသင်းခိုင် (၃၆)နှစ်၊ မယဉ်ထွေး (၃၈)နှစ်၊ ဒေါ်စန်း (၆၈)နှစ်၊ မစန်းစန်းဝေ (၃၈)နှစ်၊ မအုန်းလှ (၅၀)နှစ်နှင့် ဒေါ်စန်း (၆၁)နှစ်တို့အပါအ၀င် (၁၉)ဦးကို ဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာချောက်မြို့မရဲစခန်း(ပ)၂၀၄/၂၀၂၀လောင်းကစားဥပဒေပုဒ်မ၁၆(က)၊ ၁၇(က)အရ အမှုရေးဖွင့်ကာ အမှုစစ်ဒုရဲအုပ်အောင်ကိုလတ်က အမှုအားလက်ခံစစ်ဆေးကာကျူးလွန်သူများကိုဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။

ရှုထောင့်မှုခင်းနှင့် သတင်းဂျာနယ်၊ အမှန်တရားဂျာနယ်

Facebook Comments

Burmese Online News