မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်းကျောင်းအားလုံးကို မနက်ဖြန်မှစ၍ ယာယီပြန်ပိတ်မည်

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်းကျောင်းအားလုံးကို မနက်ဖြန် သြဂုတ်လ ၂၇ ရက်မှစ၍ ယာယီပြန်ပိတ် မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး ဝင်းက ပြည်မြန်မာကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ရက်က စ၍ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်ဖြင့် ကျောင်းများကို ဖွင့်ခဲ့ခြင်း ဖြစ်ပြီး တစ်လ ကျော် အကြာတွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု များနေသောကြောင့် ကြိုတင်ကာကွယ်လိုသည့် အတွက် ယာယီ ပိတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

Image may contain: text that says "4:07PM|2.8KB/s f 4:07 PM 8KB/s ခရိုင်ပညာ၏ (၃း၃၀) (၃:၃၀)နာရီh နာရီ သတင်းအရ မနက်ဖြန်(၂၇.၈.၂၀ မနက်ဖြန် ၂၀)မှစ၍ကျောင်း များအားလုံး ယာယီ ပိတ်ပါမည်။ 34 1 Comment Like Comment Share"

“ရန်ကုန်တိုင်းထဲက အခြေခံပညာအထက်တန်းကျောင်း ၄၀၈ ကျောင်းနဲ့ကိုယ်ပိုင်ကျောင်း ၁၈၉ ကျောင်း ကို မနက်ဖြန်က စပြီးတော့ ယာယီပိတ်မယ်။တိုင်းအတွင်းက ဖွင့်ထားတဲ့ကျောင်းအားလုံးပါ။ကာကွယ်တဲ့အနေနဲ့ ဖြစ်ပါတယ်”ဟု ဦးနိုင်ငံလင်းက ပြည်မြန်မာကို ပြောသည်။

ပြည်မြန်မာ

Facebook Comments

Burmese Online News