တပ်မတော်က လွှတ်တော်တွင်း၌ ၂၅ ရာခိုင်နှုန်းရယူထားချိန်ဖြစ်၍ အစိုးရဖွဲ့နိုင်မည့်ပါတီကို မဲပေးရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း ဒီချုပ်ရှင်းလင်း

တပ်မတော်က လွှတ် တော်တွင်း၌ ၂၅ရာခိုင်နှုန်း ရယူ ထားချိန်ဖြစ်၍ အစိုးရ ဖွဲ့နိုင်မည့် ပါတီကို မဲပေးရန် တိုက်တွန်းရ ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။ တိုင်းရင်းသားပါတီများနိုင် ရုံဖြင့် အစိုးရ မဖွဲ့နိုင်သည့်အတွက် ပြည်ထောင်စုပါတီဖြစ်သည့် NLD ကိုသာ မဲပေးရန် NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ၏ ပြောကြားချက်အပေါ် လုံးဝ ဆန့်ကျင်ကြောင်း ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ကန့်ကွက်ခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာမျိုးညွန့် က အထက်ပါအတိုင်း ပြန်လည် ရှင်းလင်းသည်။

တပ်မတော်သား ကိုယ်စားလှယ်တွေ ရပ်ထဲရွာထဲ ဘာကြောင့် ဆင်းကြသလဲ

‘‘ပြည်နယ်တွေကိုယ်၌က သူ့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်း တူညီခွင့်၊ သူ့ကြမ္မာသူ ဖန်တီးခွင့် ရရှိဖို့ဆိုလို့ရှိရင် သူ့ပြည်နယ်ကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားပါ တီတွေရှိဖို့လိုအပ်တယ်။ တိုင်း ရင်းသားပါတီတွေ အကုန်လုံး အားကောင်းမှသာလျှင် ပါတီစုံဒီ မိုကရေစီစနစ်လည်းအားကောင်း မယ်။ အဲဒါမှ စုပေါင်းခေါင်း ဆောင်တဲ့ စနစ်နဲ့ စုပေါင်းပိုင် ဆိုင်တဲ့ ပြည်ထောင်စုကြီးကိုထိန်း ကျောင်းနိုင်မယ်ဗျ’’ ဟု SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောသည်။ ထို့ကြောင့် အစိုးရ ဖွဲ့စည်း ရေးကို ပါတီကြီးတစ်ခုတည်းက ဖွဲ့သည်ဆိုခြင်းထက် တိုင်းရင်း သားအားလုံး လွှတ်တော်ထဲ၌ စု ပေါင်းပြီး ဖွဲ့စည်းခြင်းသာ ဖြစ် သင့်ဖြစ်ထိုက်သည်ဟု ၎င်းကဆို သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး မတ်တတ်ရပ် ကန့်ကွက် - YouTube

‘‘မတူကွဲပြားမှုကို လက်ခံပြီး မှ စုပေါင်းခေါင်းဆောင်တဲ့ အနေ အထားမျိုးကို လက်မခံနိုင်သေး ရင်တော့ တစ်ပါတီ အာဏာရှင် စနစ်ကို ပြန်ပြီးဦးတည်သွားမှာပဲ။ အဲဒါကြောင့်မို့လို့ တိုင်းရင်းသား တွေ ကိုယ်၌ကလည်း သူ့ရဲ့ နိုင်ငံ ရေးပါတီတွေ အနိုင်ရရှိဖို့လုံးဝလို အပ်တယ်ဆိုတာကို ပြောကြားလို ပါတယ်’’ ဟု ဦးစိုင်းလိတ်က ပြော သည်။ ဒေါက်တာဇော်မြင့်မောင်၏ တိုက်တွန်းပြောကြားချက်သည် လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေအရ တည်ရှိနေ သည့် လွှတ်တော်အခင်းအကျင်း အပေါ်မူတည်ကြောင်း ဒေါက် တာမျိုးညွန့်က ပြောသည်။

လွှတ်တော်လာတက်မည့် ကိုယ်စားလှယ်များကို Covid-19 စစ်မည်ဖြစ်ပြီး လူပိုခေါ်မလာရန် တားမြစ်ထား – News Ambassador – သတင်းတမန်

‘‘လွှတ်တော်မှာ ၂၅ ရာခိုင် နှုန်းက ပြည်သူက ရွေးကောက် တင်မြှောက်တဲ့ လွှတ်တော်ကိုယ် စားလှယ်တွေ မဟုတ်ပါဘူး။ အဲဒီ လိုအခြေအနေမှာ နိုင်ငံမှာ အရေး ကြီးတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းစစ်ချုပ် ငြိမ်းရေး စတဲ့ကိစ္စရပ်များကို နိုင်ငံ ရေးပါတီတစ်ရပ်က ဖွဲ့စည်းထား တဲ့ အစိုးရကသာထိထိရောက် ရောက်လုပ်နိုင်မယ်လို့ မြင်ပါ တယ်။ ညွန့်ပေါင်းအစိုးရများဟာ ပါတီတစ်ခုတည်းက ဖွဲ့စည်းထား တဲ့ အစိုးရများထက်စာရင် ဆုံး ဖြတ်ချက်ချရာမှာ နှောင့်နှေးတတ် တဲ့ သဘောရှိပါတယ်’’ ဟု ၎င်းက ဆိုသည်။ တစ်ဖက်က ၂၅ ရာခိုင်နှုန်း အသာစီးယူထားချိန်တွင် ညွန့် ပေါင်းအစိုးရသဘောဖြစ်သွားပါ က အရေးကြီးသည့် အပြောင်း အလဲများကို လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ဒေါက်တာမျိုး ညွန့်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်ရုပ်သိမ်းခြင်း ပြင်ဆင်ချက် တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက် | The Myanmar Times

‘‘ဒါပေမဲ့ ဒီစကားဟာ ယခု ပစ္စက္ခအခြေအနေအရ နိုင်ငံရေး မှာ ပြည်သူကနေ တင်မြှောက်တဲ့ ကိုယ်စားလှယ်များ အပြည့်အဝ မရှိတဲ့အခြေအနေကိုသာ ရည် ရွယ်ပါတယ်။ နောင် ပြည်သူက ရွေးကောက်တဲ့ ကိုယ်စားလှယ် များသာဖြစ်တဲ့ လွှတ်တော်ပေါ် ပေါက်လာတဲ့အခါမှာ ဒီယူဆ ချက်ကလည်း အခြေအနေပြောင်း လဲသွားမှာဖြစ်ပါတယ်’’ ဟုဒေါက် တာမျိုးညွန့်က ရှင်းပြသည်။ လွှတ်တော်တွင် ပြည်သူက တင်မြှောက်သည့် ကိုယ်စားလှယ် များ ရာနှုန်းပြည့် ဖြစ်လာမည်ဆို ပါက ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုကို တိုင်းရင်းသားအား လုံးလက်ခံသဘောတူသည့် မူဖြင့် ပုံဖော်သွားမည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

တပ်မတော်အက်ဥပဒေပြင်တာ အိုင်စီဂျေနဲ့ သက်ဆိုင်သလား - BBC News မြန်မာ

‘ကျွန်တော်တို့က လက်ရှိ အကျဉ်းအကျပ်အတွင်းမှာ လက် တွေ့အလုပ်ဖြစ်မယ့် အနေအ ထားကို ကျွန်တော်တို့ ပြောခြင်းပဲ ဖြစ်ပါတယ်လို့ ပြန်လည်ဖြေရှင်း လိုပါတယ်’’ ဟု ဒေါက်တာမျိုးညွန့် က ပြောသည်။ NLD ပါတီအနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက တည်းက ညွန့်ပေါင်းအစိုးရဖွဲ့ စည်းရေးထက် NLD ပါတီတစ် ခုတည်းဖြင့် အစိုးရ ဖွဲ့စည်းနိုင် ရေးကို ကြိုးပမ်းအားထုတ်နေခြင်း ဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ဖွဲ့စည်း၊ ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သားကိုယ်စားလှယ်များ မပါဝင်သေး | Frontier Myanmar

7 Days

 

Facebook Comments

Burmese Online News