ဆင်းရဲနွမ်းပါးသည့်နိုင်ငံများအတွက် Covid ကာကွယ်ဆေးကူညီပေးရန် ရန်ပုံငွေဒေါ်လာ သန်း ၇၀၀ ရရှိထားဟု WHO ဆို

အနာဂတ်ကာလမှာ Covid-19 ကာကွယ်ဆေးတွေကို ချမ်းသာတဲ့နိုင်ငံ တွေကသာ ရရှိတာမျိုးမဟုတ်ဘဲ ဆင်းရဲ နွမ်းပါးတဲ့နိုင်ငံတွေကိုပါကူညီပေးနိုင်ဖို့ အတွက် နိုင်ငံတကာအလှူရှင်တွေဆီက နေစုဆောင်းရရှိတဲ့ရန်ပုံငွေ ဒေါ်လာသန်း ၇၀၀ ရှိခဲ့ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုပါတယ်။

ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ကနဦးလျာထားမှု က ဒေါ်လာ ၂ဘီလီယံဖြစ်ပေမယ့် ယနေ့ ချိန်ထိ စုဆောင်းရရှိတဲ့ရန်ပုံငွေပမာဏက ဒေါ်လာသန်း ၇၀၀ ရှိပြီဖြစ်ပါတယ်လို့ အွန်လိုင်းသတင်းပြန်ကြားမှုနဲ့အတူ WHO ရဲ့ အာဖရိကဒေသပိုင်းဆိုင်ရာ ဒါရိုက်တာ မက်ရှီဒီဆိုမိုရက်တီက ထုတ် ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ တရား ဝင်အတည်ပြုချက်ရရှိတဲ့ Covid- 19 ကာကွယ်ဆေး ၂ ဘီလီယံစာကို ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းမှာ ဖြန့်ချိပေးသွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

COVID-19: Myanmar Relief Measures

အာဖရိကနိုင်ငံတွေထဲမှာမှ တောင်အာဖရိက၊ ဂေဘွန်၊ နမ်မီဘီယာ၊ အီကွေတိုရီရယ်ဂီ နီတို့အပါအဝင် ရှစ်နိုင်ငံကတော့ ကိုယ် ပိုင်ငွေနဲ့ ကာကွယ်ဆေးဝယ်ယူရရှိဖို့ သဘောတူထားပြီလို့ မက်ရှီဒီဆိုမိုရက်တီ က ဆိုပါ တယ်။

WHO concerned over COVID-19 impact on women, girls in Africa | WHO |  Regional Office for Africa

စက်တင်ဘာလ ၁၁ ရက် ထုတ်ပြန်ချက်အရ အာဖရိကနိုင်ငံတွေ မှာ Covid- 19 ကူးစက်သူစုစုပေါင်း ၁၃၃၆၄၀၇ ဦးရှိပြီး သေဆုံးသူက ၃၂၁၇၉ ဦးရှိခဲ့ပြီလို့ သိရပါတယ်။

Coronavirus in Africa: How deadly could COVID-19 become? | Africa | DW |  24.04.2020

Pyi Myanmar

Facebook Comments

Burmese Online News