တရုတ်က ကိုဗစ်ကင်းစင်သည့်စမတ်စီးတီးကို တည်ဆောက်ရန် စီစဉ်နေ

တရုတ်က ပေကျင်းမြို့အနီးတွင် အ နာဂတ်၌ဖြစ်ပေါ်လာနိုင်သော ကပ်ရောဂါ များကိုတိုက်ဖျက်ရန် COVID ကင်းစင် သည့် စမတ်စီးတီးတစ်ခုကို တည်ဆောက် ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။ ပေကျင်းမြို့အနောက်တောင်ဘက် မိုင် ၈၀ အကွာ ရှန်အန်းမြို့တွင် ဗိသုကာပ ညာရှင်များက Lockdown ကာလများအ တွင်း စတိုင်လ်ကျကျနေထိုင်နိုင်မည့်တိုက် တန်း များကို ဒီဇိုင်းရေးဆွဲပြသခဲ့ကြသည်။

Image may contain: plant, sky and outdoor

တိုက်ခန်းတစ်ခုစီတွင် ကျယ်ပြန့်သည့် ဝရန်တာထည့်သွင်းပေးထားပြီး ရုံးခန်း များကိုလည်း နေရာကျယ်အောင်လုပ် ဆောင်ထားသည်။ စားနပ်ရိက္ခာပြတ် တောက်သွားခဲ့သည်ရှိသော် အသုံးပြုနိုင် ရန်လည်း ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ ဖန်လုံအိမ်စိုက်ပျိုးရေးနေရာများနှင့် နေ ရောင်ခြည်စွမ်းအင်တို့ကိုလည်း ထည့် သွင်းစီစဉ်ပေးထားသည်။ Quarentine ဝင်နေရပါကလည်း ပစ္စည်းများသယ်ယူပို့ ဆောင်ပေးနိုင်ရန် Drone မောင်းနှင်မည့် နေရာများ ပြုလုပ်ပေးထားသည်။

Image may contain: sky, cloud, tree, house, plant, outdoor and nature

စမတ် စီးတီး၏နေရာအချို့ကိုသာ ကားဝင်ခွင့်ပြု မည်ဖြစ်ပြီး မြို့တွင်းနေရာအများစုမှာ လမ်းလျှောက်သူများနှင့်စက်ဘီးစီးသူများ အတွက်သာဖြစ်သည်။ ကိုယ်ပိုင်ကားများ အသုံးပြုမှုနည်းအောင် ဘတ်စကားနှင့် တက္ကစီများထားရှိပေးထားသည်။ အထူး တီထွင်ဖန်တီးထားသော neighbor -hood ဖုန်းအပလီကေးရှင်းမှနေ၍လည်း Lockdown နှင့်အခြားကျန်းမာရေးသ တိပေးချက်များကို အမြဲသတင်းပေးပို့နေ မည်ဖြစ်သည်။

Image may contain: plant, tree and outdoor

ဘာစီလိုနာအခြေစိုက် Guallart ဗိသုကာပညာရှင်များက ပရော ဂျက်ဒီဇိုင်းပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီး သမ္မ တရှီကျင့်ဖျင်က COVID အလွန်ခေတ် ၏စံနှုန်းသစ်တစ်ခုအဖြစ် သတ်မှတ်ပြော ဆိုခဲ့ကြောင်း သိရသည်။

Image may contain: table and indoor

Pyi Myanmar

Facebook Comments

Burmese Online News