အထူးသတိပေးပါရစေ!!! ခွဲခွာခြင်းက အရမ်းကိုမြန်ဆန်လွန်းတယ်

COVID second wave စတာ တစ်လကျော်ကြာပြီးချိန်မှာ တစ်ရက်တစ်ရက် ဆေးရုံအရေးပေါ်ကို အသက်ရှူလမ်းကြောင်း လက္ခဏာနဲ့ လာတာတွေက ပိုပိုပြီး များများလာပြီ။ကျွန်တော်တို့ကြည့်ရတဲ့လူနာတွေက လက္ခဏာဆိုးတာတွေများတယ်။ လတ်တလောကြည့်နေရတာ လူနာတွေက ရောက်တုန်းက သတိကအကောင်း၊ အသက်ရှူကြပ်ပြီး အသက်ရှူတွေမြန်၊ oxygen ကျနေတာကလွဲရင် ကိုယ်တွေနဲ့စကားပြောနိုင်၊ အစားအစာစားနိုင်သေးတယ်။

oxygen အဆင်မပြေလို့ စက်တွေနဲ့ oxygen ရိုက်သွင်းပေးထားခဲ့ ဂျူတီအချိန်ပြီး ပြန်ထွက်လာပြီး သိပ်မကြာ ဆုံးပါးသွားနဲ့ တစ်ယောက်လည်း မဟုတ် နှစ်ယောက်လည်း မကနဲ့ swab test အဖြေထွက်လာရင်လည်း Positive တွေ ဖြစ်တာများတယ်။ မိသားစုဝင်တွေကလည်း ရုတ်တရတ်ကြီးဆိုတော့ ဖြေမဆည်နိုင်ကြ ရုတ်တရတ်ကြီးလိုကို ဖြစ်နေတာကိုး။သူတို့မပြောပါနဲ့ ကုပေးတဲ့ဆရာဝန်တွေတောင် စိတ်ထဲမကောင်းကြဘူး။ ကိုယ့်ရှေ့မှာစကားပြောနိုင်ရင်းနဲ့ တစ်ဖြေးဖြေးခြင်း oxygen တွေ ကျပြီး ဆုံးသွားကြတာ။ စိတ်ထဲတစ်ကယ်မကောင်းတွေဖြစ်တာ။

(၁) မဖျားရင် အနံ့ပျောက်တာမဖြစ်ရင် မရှိဘူးထင်နေသူများ
အခုတင်ထားသလိုဆို ရောဂါလက္ခဏာသေချာမပြသေးဘဲ ချက်ချင်းဆိုးရွားသွားနိုင်တာ သတိရှိပါ။ သူတော့ ငါ့အမျိုးမို့လို့၊ ငါ့အသိမို့လို့ မဖြစ်နိုင်ဘူးလို့တွေးတာတွေ မလုပ်သင့်တော့ပါ။

(၂) အနံ့ပျောက်တယ်၊ ဖျားတယ်။ဒါပေမယ့် ဘယ်ကိုမှ သတင်းမပေးဘူး။ Q ဝင်ရမှာကြောက်လို့ရယ်၊ အလုပ်ထိခိုက်မှာစိုးလို့ရယ် စတဲ့ ဆင်ခြေပေါင်းစုံကြောင့်။အခုတင်ထားသလိုပဲ ဒီရောဂါက တခြားရောဂါတချို့လို ဖြည်းဖြည်းချင်း လက္ခဏာပြတာ မဟုတ်ပါဘူး။ အကောင်းကြီးကနေ ချက်ချင်း အဆိုးဆုံးဖြစ်သွားနိုင်တယ်။ ဒါကြောင့် သက်ဆိုင်ရာကို အမြန်ဆုံးအကြောင်းကြားပြီး ညွှန်ကြားမှုအတိုင်း ချက်ချင်းလိုက်နာသင့်ပါတယ်။

(၃) အချို့လုပ်ငန်းရှင်တွေရောဂါတွေကို ဖုံးဖိထားကြတယ်။
ဖြစ်လာရင် ရဲရဲရင်ဆိုင်ရမှာပါ။ Lock Down မိမှာစိုးလို့ဆိုပြီး သံသယရှိသူဖြစ်ဖြစ်၊ ရောဂါတွေ့သူဖြစ်ဖြစ် အလုပ်မလာရင်ပြီးရော လုပ်လို့မရပါ။ သူတို့နဲ့ထိတွေ့ထားသူတွေ အလုပ်လာနေရင် အဲဒီလူတွေများ ကူးစက်ခံထားရရင် အားလုံး ဒုက္ခရောက်ကုန်မှာပါ။ တာဝန်သိသိနဲ့ တာဝန်ယူကြပါ။

(၄) မကြောက်တတ်သေးသူများ
နောက်ဆုံးနဲ့ အရေးကြီးဆုံးပါ။ အခုထိ တချို့တွေက လုံးဝမကြောက်ကြသေးပါဘူး။ Facebook ပေါ်သာ လျှောက်တင်နေကြပြီး လူစုလူဝေးလုပ်လိုက် မလိုအပ်ဘဲ အပြင်သွားလိုက်၊ Mask မတပ်လိုက်၊ တပ်ရင်လည်း အဖြစ်သဘောလောက်ပဲ သေချာမတပ်ဘဲထားလိုက် ရှိနေကြတုန်းပါ။

သေချာထပ်သတိပေးပါရစေ။ ဒီရောဂါဟာ သေနိုင်တဲ့ရောဂါပါ။ ထပ်ပြောပါမယ်။ သေနိုင်ပါတယ်။ ကြောက်ကြပါ။ မဖြစ်မနေသွားနေရသူ၊ သတိရှိရှိ သွားလာနေထိုင်သူတွေကို မဆိုလိုပါဘူး။ အားလုံးပဲ ကိုယ့်ကိုယ်ကိုယ်မချစ်ပေမယ့်အသက်ကြီးတဲ့ မိဘဆွေမျိုးတွေကို ချစ်ရင် အိမ်မှာတက်နိုင်သလောက်နေကြပါ၊ Mask တပ်ကြပါ၊ လက်ဆေးကြပါ။ အားလုံးကပ်ကြီး ကျော်လွှားနိုင်ကြပါစေ။

Kyaw Zin Min

Facebook Comments

Burmese Online News