ကိုဗစ်ဆေးပေါ်ပါက မြန်မာနိုင်ငံသားများအားလုံးအတွက် အချိန်နဲ့တပြေးညီ ရရှိအောင် စီစဉ်နေ

ကိုဗစ်ဆေးပေါ်ပါက မြန်မာနိုင်ငံသားများအားလုံးအတွက် အချိန်နဲ့တပြေးညီ ရရှိအောင် စီစဉ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ယနေ့ည ၈ နာရီမှာ နိုင်ငံတော်ပိုင် ရုပ်သံလိုင်းမှတစ်ဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း COVID -19 ရောဂါဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “ ကိုဗစ်ဆေးပေါ်လာရင် အချိန်နဲ့တပြေးညီရရှိ ဖို့စီစဉ်နေပါတယ်။ နိုင်ငံတကာသံတမန်တွေနဲ့ချိတ်ဆက်ပြီး လုပ်ဆောင်နေပါတယ်။ သုံးသင့် မသုံးသင့်ဆို တာကို ကျန်းမာရေးဝန်ကြီးဌာနက သုံးသပ်ပြီးလုပ်သွားမယ်” လို့ဆိုပါတယ်။ လက်ရှိတွင် ကိုဗစ်ကာကွယ်ရေးအတွက် ရန်ကုန်မြို့တွင် ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ပြည်သူ တစ်ဦးချင်းအနေဖြင့် ရောဂါ မကူးစက်အောင် ဂရုစိုက်ပါလို့ အတိုင်ပင်ခံကဆိုပါတယ်။

Thailand's race for a COVID-19 vaccine hits roadblocks | Thai PBS World : The latest Thai news in English, News Headlines, World News and News Broadcasts in both Thai and English. We

အတိုင်ပင်ခံက“အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်။လိုအပ်တာတွေကိုလည်းထပ်မံ ထောက်ပံ့ပေးသွားပါမယ်” လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။

China gives priority to Mekong River countries in providing COVID-19 vaccines: Premier Li - Global Times

MyanmaPlatform

Facebook Comments

Burmese Online News