ပိုးတွေ့လူနာ ၁၀၀ ကျော်အထိရှိခဲ့သည့် ဗဟိုရ်စည်ဆေးရုံကို စုံစမ်းရေးအဖွဲ့ဖွဲ့၍ စစ်ဆေး

ပိုးတွေ့လူနာ ၁၀၀ ကျော်အထိ ရှိသည့် ဗဟိုရ်စည် ဆေးရုံကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စက်တင်ဘာ ၂၁ ရက်က စတင် စစ်ဆေးနေကြောင်း တာ ဝန်ရှိသူများက ပြောသည်။ အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဆေးရုံတည်ရှိရာ မြို့ နယ်ဖြစ်သော လမ်းမတော်မြို့ နယ် ကျန်းမာရေးဦးစီးမှူး ဒေါက် တာအောင်ကိုကိုက ဥက္ကဋ္ဌ၊ မြို့ နယ်အဆင့် သူနာပြုအရာရှိက အတွင်းရေးမှူး၊ ဒုတိယရဲမှူး၊ ဒုတိယ မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူးစည်ပင် သာယာရေးကော်မတီ အရာရှိ များဖြင့် ဖွဲ့စည်းစစ်ဆေးနေခြင်း ဖြစ်သည်။ ‘‘ဘယ်က စဖြစ်တာလဲဆိုတဲ့ စစ်ဆေးမှုတွေလည်းပါတယ်။ နောက် အဓိကက ဆေးရုံမှာ လုပ် ထားတဲ့ ရောဂါ ကူးစက်ကာကွယ် မှု စံနှုန်းစည်းကမ်းတွေလည်း စစ် ဆေးမှုထဲမှာပါတယ်’’ ဟု စစ် ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ အောင်ကိုကိုက ပြောသည်။

Image may contain: sky and outdoor

စုံစမ်းစစ်ဆေးမှုအတွက် ဗဟိုရ်စည်ဆေးရုံ ဒါရိုက်တာ အဖွဲ့ဝင်များနှင့်ဆေးရုံအုပ်တို့ထံ မှ မှတ်ချက်ရယူနေဆဲသာရှိသေး ကြောင်း ၎င်းက ရှင်းပြသည်။ စက်တင်ဘာ ၁၀ ရက်က စ၍ ဗဟိုရ်စည်ဆေးရုံနှင့်ဆက် စပ်သော အတည်ပြုခံရသည့် ကျန်းမာရေးဝန်ထမ်း သုံးဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ လူနာအ မှတ် (၁၅၈၇)၊ (၁၆၆၅)နှင့် (၁၇၀၀) တို့ဖြစ်သည်။

ဗဟိုရ်စည်ဆေးရုံ နှင့် ဟိုတယ်တို့မှ ဝန်ထမ်း (၃၂) ဦးတွင် ပိုးတွေ့ – Panpyoelat

ထို့နောက် အဆိုပါဆေးရုံရှိ ဝန်ထမ်း ၄၇ ဦးထံမှ စက်တင်ဘာ ၁၂ ရက်က ဓာတ်ခွဲနမူနာရယူခဲ့ပြီး စစ်ဆေးချက် အဖြေအရ ၃၁ ဦး၌ ရောဂါတွေ့ရှိကြောင်း စက်တင် ဘာ ၁၆ ရက်တွင် သက်ဆိုင်ရာ က ကြေညာခဲ့သည်။ ထပ်မံ၍ စက်တင်ဘာ ၁၄ ရက်က ဓာတ်ခွဲနမူနာယူခဲ့သည့် ဗဟိုရ်စည်ဆေးရုံ ဝန်ထမ်း ၆၈ ဦး ထဲမှ ၁၉ ဦးတွင် ရောဂါရှိကြောင်း စက်တင်ဘာ ၁၇ ရက် ထုတ် ပြန်ချက်တွင်ပါဝင်သည်ဟုဒေါက် တာ အောင်ကိုကိုက ရှင်းပြသည်။ စက်တင်ဘာ ၂၀ ရက် နေ့ လယ်ပိုင်းအထိ ဗဟိုစည်ရ်ဆေး ရုံမှ COVID-19 အတည်ပြုလူနာ ၁၀၂ ဦး ရှိကာ ယင်းအနက် အ သက်(၂၃)နှစ်အရွယ်ရှိ သူနာပြု အကူတစ်ဦးသည် စက်တင်ဘာ ၁၈ ရက်က သေဆုံးခဲ့သည်။

Image may contain: outdoor

7 Days

Facebook Comments

Burmese Online News