Category: သတင်း

ကိုရီးယားမင်းသား Ryu Sang Wook နဲ့အတူတူ ရုပ်ရှင်ရိုက်ကူးတော့မယ့် ဝတ်မှုံရွှေရည်

နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်သူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အသွေးကြောင့် နိုင်ငံခြားက ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အာရှနိုင်ငံတော်တော်များများကလည်း အားပေးလက်ခံခြင်း ခံရတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ အခုလည်း ဝတ်မှုံရွှေရည်က ကိုရီးယားနိုင်ငံနဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ထိုကားမှာ ဝတ်မှုံရွှေရည်က ခေါင်းဆောင်မင်းသမီးဖြစ်ပြီး ကိုရီးယားမင်းသား Ryu Sang Wook နဲ့အတူတူ တွဲဖက်ပြီး သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးကို Big 5 Production နှင့် JBJ Entertainment တို့ ပူးပေါင်းရိုက်ကူးမှာဖြစ်ပြီး ဒါရိုက်တာ ဇင်ယော်မောင်မောင်က ဦးစီးရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အမည်ကို “တိမ်တွေပေါ်ကပန်း” လို့ အမည်ပေးထားပြီး...

ဘွားဘွားမွေးနေ့အလှူပွဲလေးမှာ ဘုန်းဘုန်းတွေကို ကိုယ်တိုင်ဆွမ်းကပ်ပြီး ဝိုင်းကူပေးနေတဲ့ မိုးယုစံသားလေ

ပရိသတ်ကြီး ချစ်ရတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ အခုဆိုရင် အိမ်ထောင်ကျပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ သားလေးတစ်ယောက်ကို မွေးဖွားထားတဲ့ မေမေမိုးယုစံကတော့ ကလေးအမေဆိုပေမယ့် အပျိုတုန်းကအတိုင်း နုနယ်ပြီး လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ်။ အခုဆိုရင် မိုးယုက သားလေးကို ကိုယ်တိုင်ကျောင်းပို့ကျောင်းကြိုလုပ်ပေးပြီး အသေးစိတ်ကအစ သေသေချာချာ ဂရုစိုက်ပေးနေတာပဲ ဖြစ်ပါတယ်။ ကောင်းသိင်္ခမိုးသူဆိုတဲ့ မေမေမိုးယုစံရဲ့ချစ်သားလေးကတော့ အခုဆိုရင် အသက် (၁) နှစ်နဲ့ (၉) လတိတိ ရှိနေပြီ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အင်္ဂလိပ်စာလုံးရေ (၁၂၀) လောက်ကို ကောင်းကောင်းသိနေပြီဖြစ်တဲ့ မိုးယုသားလေးက အရမ်းကို လိမ္မာပြီး ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ အခုလည်း ကောင်းသိင်္ခမိုးသူလေးက ဘွားဘွားရဲ့မွေးနေ့အလှူပွဲမှာ ဘုန်းဘုန်းတွေကို ကိုယ်တိုင်ဆွမ်းကပ်လှူဒါန်းပြီး ကုသိုလ်ယူနေတာ တွေ့ရပါတယ်။ လူစုံတက်စုံနဲ့ ကျင်းပကြတဲ့ မိုးယုစံတို့မိသားစုရဲ့ အလှူပွဲလေးမှာတော့ ကောင်းသိင်္ခမိုးသူလေးက လူကြီးလေးတစ်ယောက်လို ဝေယျာဝစ္စတွေကို...