တပ်မတော်က လွှတ်တော်တွင်း၌ ၂၅ ရာခိုင်နှုန်းရယူထားချိန်ဖြစ်၍ အစိုးရဖွဲ့နိုင်မည့်ပါတီကို မဲပေးရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း ဒီချုပ်ရှင်းလင်း

တပ်မတော်က လွှတ် တော်တွင်း၌ ၂၅ရာခိုင်နှုန်း ရယူ ထားချိန်ဖြစ်၍ အစိုးရ ဖွဲ့နိုင်မည့် ပါတီကို မဲပေးရန် တိုက်တွန်းရ ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။ တိုင်းရင်းသားပါတီများနိုင် ရုံဖြင့် အစိုးရ မဖွဲ့နိုင်သည့်အတွက် ပြည်ထောင်စုပါတီဖြစ်သည့် NLD ကိုသာ မဲပေးရန် NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ၏ ပြောကြားချက်အပေါ် လုံးဝ ဆန့်ကျင်ကြောင်း ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ကန့်ကွက်ခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာမျိုးညွန့် က အထက်ပါအတိုင်း ပြန်လည် ရှင်းလင်းသည်။ ‘‘ပြည်နယ်တွေကိုယ်၌က သူ့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်း တူညီခွင့်၊ သူ့ကြမ္မာသူ ဖန်တီးခွင့် ရရှိဖို့ဆိုလို့ရှိရင် သူ့ပြည်နယ်ကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားပါ တီတွေရှိဖို့လိုအပ်တယ်။ တိုင်း ရင်းသားပါတီတွေ အကုန်လုံး အားကောင်းမှသာလျှင်...

ကိုဗစ်လူနာ ၄၁၆ ဦးအထိ ကုသပေးနိုင်မည့် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ) ဖွင့်လှစ်ပြီးစီး

ကိုဗစ်လူနာ ၄၁၆ ဦးအထိ ကုသပေးနိုင်မည့် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ) ဖွင့်ပြီး —————————- စက်တင်ဘာ ၁၈   Covid-19 ကပ်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေနိုင်ရန် ရည်ရွယ်၍ သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်းတွင် Positive လူနာ (၄၁၆)ဦးနှင့် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း (၁၀၀) နေထိုင်နိုင်မည့် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူ တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ #MyanmaPlatform #News #domestic Photo Credit # Kyaw Hlaing

BRICS နိုင်ငံများအကြား အပြန်အလှန်အားဖြင့်မဟာဗျူဟာမြောက်ယုံကြည်မှုရှိစေရေး တရုတ်နိုင်ငံမှ တောင်းဆို

တရုတ်နိုင်ငံကိုယ်စာလှယ် Yang Jiechi မှ BRICS နိုင်ငံများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကိုင်တွယ်ထိန်းချုပ်ရာတွင် နိုင်ငံရေးအရလုံခြုံရေး၊ စည်းလုံးညီညွှတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့တွင် အပြန်အလှန်အားဖြင့် မဟာဗျူဟာမြောက်ယုံကြည်မှုများပိုမိုနက်ရှိုင်းမှုရှိစေရေး တောင်းဆိုခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏နိုင်ငံရေးဆိုင်ရာဗျူရိုအဖွဲ့ဝင်၊ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး၏ ဒါရိုက်တာ တစ်ဦးဖြစ်ဟူ Yang Jiechi သည် video link မှတဆင့် အမျိုးသားလုံခြုံရေးဆိုင်ရာ BRICS အဆင့်မြင့် ကိုယ်စားလှယ်များ၏ ၁၀ ကြိမ်မြောက်အစည်းအဝေးတွင် မှတ်ချက်ပြုပြောကြားခဲ့ ခြင်းဖြစ်ပါသည်။ လက်ရှိနိုင်ငံတကာဆက်ဆံရေးများနှင့် စည်းမျဉ်းများသည် တစ်ဖက်သတ်ဝါဒ၊ အကာအကွယ်ပေးရေးနှင့် လွှမ်းမိုးမှုဆိုင်ရာအပြုအမှုများဖြင့် စိန်ခေါ်မှုများကိုခံနေရ ကြောင်းပြောကြားခဲ့ပြီး ကုလသမ္မဂဗဟိုပြုနိုင်ငံတကာစနစ်နှင့် ဘက်ပေါင်းစုံစနစ်ကို ကာကွယ်ရန်၊ စစ်အေးတိုက်ပွဲစိတ်ဓာတ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို ငြင်းပယ်ရန် ကြိုးပမ်းမှုများနှင့်ပတ်သက်၍ တောင်းဆိုခဲ့ပါသည်။ BRICS နိုင်ငံများအနေဖြင့် တန်းတူညီမျှမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့မှတဆင့် လုံခြုံမှုရှိစေရန် ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်သင့်ကြောင်း Yang မှ...

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများသည် ဒီမိုကရေစီစံနှုန်းစံထားများ ပြည့်မီသည့် ရွေးကောက်ပွဲများမဟုတ်၊ အစိုးရဖွဲ့နိုင်ရန် ၂၅ ရာခိုင်နှုန်းအတားအဆီးကို ဖြတ်ကျော်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများသည် ဒီမိုကရေစီစံနှုန်းစံထားများ ပြည့်မီသည့် ရွေးကောက်ပွဲများမဟုတ်‌ကြောင်းနှင့် အစိုးရဖွဲ့နိုင်ရန် ၂၅ ရာခိုင်နှုန်းအတားအဆီးကို ဖြတ်ကျော်ရမည်ဖြစ်‌ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ယနေ့(စက်တင်ဘာ ၁၈) နံနက်ပိုင်းတွင် Chair NLDအမည်ဖြင့် ဖွင့်လှစ်ထားသည့် လူမှုကွန်ရက်စာမျက်နှာပေါ်မှ တစ်ဆင့် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “NLD က ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဟာ ပြည်သူရဲ့ယုံကြည်မှုပေါ်မှာ အခြေခံတဲ့ စွန့်စားချက်တစ်ရပ် ဖြစ်ပါတယ်။ ကျွန်မ ဒီလိုပြောရတာက၊ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရ၊ ကျွန်မတို့နိုင်ငံရဲ့ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ စံနှုန်းစံထားတွေ ပြည့်မီတဲ့ ရွေးကောက်ပွဲတွေ မဟုတ်ပါဘူး။ ပြည်ထောင်စုလွှတ်တော်နဲ့ တိုင်း၊ ပြည်နယ် လွှတ်တော် အသီးသီးမှာ ၇၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များကိုသာ ပြည်သူက ရွေးချယ်တင်မြှောက်ခွင့်ရှိပြီး၊ ကျန် ၂၅ ရာခိုင်နှုန်း ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သူများ ဖြစ်ပါတယ်။ ဒီတော့ အစိုးရတစ်ခု ဖွဲ့စည်းနိုင်ဖို့...

နှစ်ပေါင်းများစွာ ပစ်ထားတဲ့မြေကြီးကို တန်ဖိုးရှိတဲ့ ဥယျာဉ်ဖြစ်အောင် ကြိုးပမ်းနေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ကိုသာမဲပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ မြန်မာနိုင်ငံကို မြေရိုင်းအဆင့်ကနေ ဉယျာဉ်ကြီးတစ်ခုလို သာယာနေချင်ဖွယ်ဖြစ်အောင်ဆောင်ရွက်နိုင်ဖို့ လာမယ့် ရွေးကောက်ပွဲမှာလည်း NLD ပါတီအနေနဲ့ နိုင်ငံတာဝန်တွေကို ဆက်လက်ဆောင်ရွက်ချင်တယ်လို့ NLD ပါတီဥက္ကဌဖြစ်တဲ့ နိုင်ငံတော်အတိုင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက် အစီအစဉ်မှာ အခုလိုပြောကြားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာနိုင်ငံက ဥယျာဉ်ပုံစံပေါ်စ ရှိနေတဲ့ မြေကြီး တစ်ခုလိုဖြစ်နေပြီး ဒါကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် NLD ပါတီအနေနဲ့ လုပ်လက်စ လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ချင်တယ်လို့ ဆိုပါတယ်။ “ ကျွန်မတို့ အစိုးရ စတင်တာဝန်ထမ်းဆောင်ခဲ့စဉ်က ရင်ဆိုင်ခဲ့ရတာ နှစ်ပေါင်းများစွာ ပစ်ထားခဲ့တဲ့ခြံမြေကွက်ကြီးကို တန်ဖိုးရှိတဲ့ ဥယျာဉ်တစ်ခုဖြစ်လာအောင် လုပ်ဆောင်ရသလိုပါပဲ။ အန္တရာယ်များစွာရှိနေတဲ့ မြေကွက်ကြီးကို တန်ဖိုးရှိတဲ့ ဥယျာဉ်တစ်ခုဖြစ်အောင်ကြိုးပမ်းရပါတယ်။ တစ်နေ့တစ်ရက်မပျက် ပြုစုပျိုးထောင်လာရာမှာ အခုကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ရောဂါကြီးလို မမျှော်မှန်းနိုင်တဲ့ မုန်တိုင်းများ တိုက်ခတ်ရင်တောင် စေတနာ၊ပညာ ၊ဇွဲ...

တောင်ဥက္ကလာအထူးကုဆေးရုံကြီးမှာ ထောပတ်ထမင်းပွဲ(၂၀၀) သွားရောက်လှူဒါန်းပေးခဲ့တဲ့ ညီနန္ဒ

ကိုဗစ်ကာလစတင်ကတည်းက ထောပတ်ထမင်းရောင်းချပြီး အဆင်ပြေလာခဲ့သူ ညီနန္ဒကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကစတင်ပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် ထောပတ်ထမင်းလှူဒါန်းပေးဖို့အစီအစဉ်လေးကို စတင်ခဲ့ပါတယ်။ သူကိုယ်တိုင် (၂၅) ပွဲ မတည်လှူဒါန်းခဲ့ပြီး အလှူရှင်တွေကိုပါ ဖိတ်ခေါ်ခဲ့ရာမှာတော့ မထင်မှတ်ထားလောက်အောင် လှူဒါန်းသူအများအပြားရှိခဲ့ပါတယ်။ မနေ့က ညနေအထိ ထောပတ်ထမင်းပွဲရေ (၁၈၅၁) ပွဲလှူဒါန်းဖို့ လက်ခံရရှိထားပြီး ပထမဆုံးအကြိမ်အနေနဲ့ မြောက်ဒဂုံမြို့နယ် (၃၅) ရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံ၊ မြို့နယ်ကြက်ခြေနီရုံးမှာ ပွဲ(၁၀၀) လှူဒါန်းပေးခဲ့ပြီး ဒုတိယအကြိမ်အနေနဲ့ မြောက်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ ပရဟိတသမားတွေ ပွဲ(၁၂၀) လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ.. ဒီနေ့မှာတော့ ကိုဗစ်လူနာတွေကို အထူးကြပ်မတ်ကုသပေးနေတဲ့ တောင်ဥက္ကလာအထူးကုဆေးရုံကြီးမှာ ပွဲ(၂၀၀) နဲ့ ရှမ်းရိုးရာ ချဉ်စော်ခါးသီးဖျော်ရည် ဘူး(၁၀၀) လှူဒါန်းပေးခဲ့ပါတယ်။ မနက်ဖြန်မှာလည်း ဝေဘာဂီအထူးကုဆေးရုံကြီးအတွက် ပွဲ(၂၀၀) လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ အခုလို ကိုယ့်စီးပွားရေးလည်း လုပ်ရင်း ကိုဗစ်ကပ်ရောဂါကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်နေကြတဲ့ ပရဟိတသမားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လှူဒါန်းပေးနိုင်ဖို့လည်း ကြိုးစားနေတဲ့...

တရုတ်က ရွှေလီတစ်မြို့လုံးကိုlockdownချပြီး COVID-19 ရှိ/မရှိ စစ်ဆေး

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်လျှက်ရှိသည့် ရွှေလီမြို့ကို တရုတ်က တစ်မြို့လုံးကိုlockdownချပြီး COVID-19 ရှိ/မရှိ စစ်ဆေးနေကြောင်း တရုတ်မီဒီယာများက သတင်းရေးသားဖော်ပြကြသည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ် နယ်စပ်မြို့ ရွှေလီမြို့နေပြည်သူအားလုံးကို တရုတ်နိုင်ငံက COVID-19 စစ်ဆေးလျှက်ရှိရာတွင် ရွှေလီမြို့ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကိုလည်း စစ်ဆေးနေသည်ဟုယင်းမီဒီယာကဆိုထားသည်။ ရွှေလီမြို့သို့ ပြည်ပမှရောက်ရှိလာသူနှစ်ဦးထံတွင် COVID-19 ရှိနေကြောင်း တနင်္ဂနွေနေ့က စစ်ဆေးတွေ့ရှိပြီးနောက်တွင် ယခုကဲ့သို့ စစ်ဆေးနေခြင်းဖြစ်ကာအဆိုပါနှစ်ဦးမှာ မြန်မာနိုင်ငံဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူနှစ်ဦးဖြစ်ကြောင်း China Global TV Network ကပြောဆိုသည်။ Myanmar Harp Source: CGTN

တပ်မတော်အတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ (၄၆) ဦးရှိ

တပ်မတော်အတွင်း COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ စက်တင်ဘာလ ၁၅ ရက်အထိ ၄၆ ဦး ရှိပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ တပ်မတော်အတွင်း ရောဂါကူးစက်မှု အနေဖြင့် ပြည်ပမှ ကူးစက်မှု ၁၈ ဦး၊ ပြည်တွင်း ကူးစက်မှု၂၈ ဦး၊ စုစုပေါင်း ၄၆ ဦး ရှိ သည်ဟု စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမတွင် ပြုလုပ် သည့် ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေး ညှိနှိုင်း အစည်းအဝေးအပြီးတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ မတ်လက ပထမဆုံး ကိုဗစ်လှိုင်းတွင် တပ်မတော်သား ကူးစက်ခံရမှုက ၁၇ ဦး ရှိခဲ့ပြီး ဒုတိယလှိုင်းတွင်၂၉ ဦး ကူးစက်ခံခဲ့ရ ခြင်း ဖြစ်ကာ...

လူစုလူဝေးဖြင့်မဲဆွယ်စည်းရုံးရေး ရပ်နားလိုက်ပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီပြောကြား

လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးရေးရပ်နားလိုက်ပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီကပြောကြား သည်။ COVID-19 ကာလတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၅ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒီနေ့၊ မနက်ဖြန်ကစပြီး ၂ လစာအင်အားပြလှည့်လှည်မှုပြုမယ့်အစီအစဉ်တွေကိုရပ်နားလိုက်ပါပြီ။ မြို့ နယ်ကော်မရှင်ကိုတင်ထားတာတွေ ပြန်လည်ရုတ်သိမ်းလိုက်ပါပြီ။ ပြည်သူတွေကိုအားနာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကိုယ့်ပါတီအောင်နိုင်ရေးအတွက် လုပ်နေတဲ့အချိန်မှာ၊ တစ်ဖက်က ပြည်သူတွေ ဒုက္ခသုတ်ခတွေရောက်ကြောက်လန့်ပြီး၊ အစားအစာ ခက်ခဲရှားပါးနေတဲ့ အချိန်မှာ ဒီကိစ္စက First Priority မဟုတ်တော့ဘူးလို့မြင်တဲ့အတွက် ကျွန်တော်တို့ရပ်တန့်တယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးခင်ရီမှ ပြောသည်။ ဆက်လက်ပြီး ၎င်းမှ “အခုအချိန်အထိ ကျွန်တော်မြေပြင်မှာ ဆင်းပြီး မဲဆွယ်စည်းရုံးတာ ဒီနေ့အထိ မလုပ်သေး ပါဘူး။ ကျွန်တော်တို့ပါတီတစ်ခုတည်းပြောရင်တော့ နိုင်ငံတော်အစိုးရကို ဖိအားပေးတာမဟုတ်ပါဘူး။ ကျွန် တော်တို့ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်ပါတယ်။ ကျွန်တော်တို့သတ်မှတ်ရက်မှာ ယှဉ်ပြိုင်ပြီးတော့ ပြည်သူ့အဆုံးအဖြတ်ခံယူလို့ရပါတယ်”...

ဥက္ကံမြို့တွင် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီး ၁ ဦးသေဆုံး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ဘုရင့်နောင်ရပ်ကွက်မှာ စက်တင်ဘာ ၁၆ ရက် ည ၁၂ နာရီကျော်က လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး နေအိမ်တစ်လုံးမီးလောင်ခဲ့တဲ့အတွက် အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။ မီးလောင်ပြင်ကို ဥက္ကံမြို့မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၄ စီးနဲ့ သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ညသန်းခေါင်ကျော် ၁၂ နာရီခွဲ လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဥက္ကံမြို့မီးသတ်တပ်ဖွဲ့ဝင် ဗိုလ်လေးနေဝင်းထွန်းက ပြောပါတယ်။ “ရေခဲသေတ္တာ ဆော့ကတ်ပျက်ပြီး ဝါယာရှော့ဖြစ်ရာက ဘေးနားကထရံကို မီးစွဲပြီး လောင်တာ။ ပျက်စီးဆုံးရှုံးတာက ၁၀ သိန်းကျပ် ခန့်ရှိတယ်။ အိမ်မှာက အမျိုးသမီးတစ်ဦးတည်း နေတာဖြစ်ပြီး မီးလောင်သေဆုံးခဲ့တဲ့အတွက် သေမှု၊ သေခင်းအရ ပုဒ်မ ၂၈၅/၃၀၄(က)နဲ့ အရေးယူ ဆောင်ရွက်ထားပါတယ်။”  ဘေးပတ်ဝန်းရှိ နေအိမ်တွေရဲ့ပြောပြချက်အရ မီးလောင်သေဆုံးခဲ့တဲ့ အမျိုးသမီးမှာ ခြေထောက်မသန်စွမ်းသူတစ်ဦးဖြစ်ပြီး နေအိမ်မှာ တစ်ဦးတည်း နေထိုင်သူဖြစ်တယ်လို့...