တရုတ် Hacker ၅ ဦးနဲ့ မလေး စီးပွားရေးသမား ၂ ဦးကို ကန် တရားစွဲ

ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေက ကုမ္မဏီပေါင်း ၁၀၀ လောက်နဲ့ အဖွဲ့အစည်းတွေဆီက အင်တာနက်ဆိုင်ရာ အချက်အလက်တွေကို ဖောက်ထွင်း ခိုးယူခဲ့တယ်လို့ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦးနဲ့ မလေးရှားနိုင်ငံသား စီးပွါးရေးလုပ်ငန်းရှင် ၂ ဦးတို့ကို ဆိုင်ဘာလုံခြုံရေးနှောက်ယှက်မှုနဲ့ အမေရိကန် အစိုးရရှေ့နေတွေက ဗုဒ္ဓဟူးနေ့မှာ ရာဇဝတ်ကြောင်းအရ တရားစွဲလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်အစောပိုင်းကနေ ၂၀၂၀ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဒီ အင်တာနက်ဆိုင်ရာ ဖောက်ထွင်းမှုတွေဟာ ထောင်ချီတဲ့ ဗွီဒီယိုဂိမ်းကုမ္မဏီတွေရဲ့ အင်တာနက်ကွန်ယက်ကို ပစ်မှတ်ထားခဲ့တာဖြစ်ကြောင်းနဲ့ ဒီလို ဆိုင်ဘာဖောက်ထွင်းမှုကြောင့် အမေရိကန် ဒေါ်လာ သန်းနဲ့ချီပြီး ဆုံးရှုံးမှုရှိကြောင်း တရားရေးဆိုင်ရာ တာဝန်ရှိသူတွေကပြောပါတယ်။  ဆိုင်ဘာလုံခြုံရေး ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခံထားရသူ တရုတ်နိုင်ငံသား Zhang Haoran ၊ Tan Dailin ၊ Jiang Lizhi ၊ Qian Chuan...

သိမ်ဖြူလက်ဝှေ့ရုံကို ကွာရန်တင်းစင်တာအဖြစ် ဖွင့်လှစ်သွားမည်

ရန်ကုန်းဒေသကြီး ၊ မင်္ဂလာတောင်ညွှန်မြို့နယ်ရှိ သိမ်ဖြူ လက်ဝှေ့ရုံကို ကွာရန်တင်းစင်တာအဖြစ် ဖွင့်လှစ် သွားရန် ပြင်ဆင်လျက်ရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြည်မြန်မာ ကို ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးရှိမြို့နယ်အသီးသီးတွင် ကိုဗစ်အတည်ပြုလူနာများနေစဉ် အများအပြားတွေ့ရှိနေရ သောကြောင့် သက်ဆိုင်မြို့နယ်များအလိုက် ကွာရန်တင်းစင်များထားရှိရန် တိုင်းအစိုးရက ညွှန်ကြားမှုများ ရှိသောကြောင့် သိမ်ဖြူလက်ဝှေ့ရုံကို ပြင်ဆင်မှုများပြုနေခြင်းဖြစ်ကြောင်း သိရသည်။ ”ကျွန်တော်တို့မနေ့ကပဲ အစည်းအဝေးထိုင်ပြီးတော့ အဲ့နေရာကို သန့်ရှင်းရေး လုပ်ပြီးတော့ ကျန်တဲ့ အသုံး အဆောင်ပစ္စည်းတွေ ဖြည့်တာပေါ့နော်။ ဒါ့အပြင်စားသောက်ရေး အဆင်ပြေအောင် စီစဉ်ဆောင်ရွက် နေ ပါတယ်။ ဒီရက်ပိုင်းအတွင်း ထားရှိသွားမှာဖြစ်ပါတယ်” ဟု ယင်းကပြောသည်။ သိမ်ဖြူလက်ဝှေ့ရုံတွင် လူဦးရေ ၁၀၀ခန့် ထားနိုင်ရန် ပြင်ဆင်နေပြီး ကိုဗစ်အတည်ပြုလူနာများနှင့် ထိတွေ့ ဆက်စပ်သူများကို အသွားအလာကန့်သတ်ထားရှိသွားမည်ဖြစ်သည်။ သက်ဆိုင်ရာမြို့နယ်များအလိုက် ကွာ ရန်တင်းစင်များထားရှိရန် တိုင်းအစိုးရက ညွှန်ကြားထားသော်လည်း ကွာရန်တင်းထားရှိမည့်သူများမှာ သက်ဆိုင်ရာ မြို့နယ်အတွင်းမှ နေထိုင်သူများသီသန့်ထား...

ပြည်သူ့ အချစ်တော် သရုပ်ဆောင်ကြီး ဦးပလာတာ ကွယ်လွန်

နိုင်ငံကျော် ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာကတော့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ မနက် (၂) နာရီက နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ဦးပလာတာအနေနဲ့ လူကြီးရောဂါ ခံစားနေရတာလည်း အချိန်ကြာနေပြီလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ ဦးချစ်ဆွေက Duwun ကို ပြောပြလာပါတယ် “ ဦးပလာတာကတော့ ဒီနေ့ မနက် သူ့ရဲ့ နေအိမ်မှာပဲဆုံးသွားတာပါ။ အသက်က (၈၉) နှစ်ရှိပြီ။ သူက အသက်က ကြီးပြီလေ (၉၆) ပါးရောဂါနဲ့ပဲ ကွယ်လွန်တာပါ။ ကျန်းမာရေး မကောင်းတာလည်းကြာပြီ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲတွေတောင် သူ မတတ်နိုင်ခဲ့ဘူး။ သူ့ရဲ့ ဈာပနကို ဒီနေ့မှာပဲ သဂြိုဟ်သွားမှာပါ။ အချိန်တော့ သေချာ မသိရသေးဘူး။ လောလောဆယ် ဆရာဝန်လက်မှတ်တွေ လိုက်ယူနေပါတယ်” ဆိုပြီးတော့ အခုလို ပြောပြခဲ့တာပါ။ ဦးပလာတာရဲ့ ကွယ်လွန်သွားတဲ့...

သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်း ယာယီ ဆေးရုံ၌ ရောဂါလက္ခဏာပြင်းထန်မှုမရှိသည့် ကိုဗစ်လူနာများကို ထားရှိမည်

ကိုဗစ်အတည်ပြု လူနာများထားရှိနိုင်ရန်အတွက် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏမြက်ခင်းတု ဘောလုံးကွင်းတွင် ယာယီဆေးရုံ( Hospital Tent )များတည်ဆောက်လျက်ရှိနေပြီး ယာယီဆေးရုံများ၌ ရောရာလက္ခဏာပြင်းထန်မှုရှိသည့်သူများကို ခွဲခြားထားနိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးက ပြည်မြန်မာသို့ ပြောသည်။  သုဝဏ္ဏမြတ်ခင်းတု ဘောလုံးကွင်း၌ Hospital Tent များတည်ဆောက်မှုကို စက်တင်ဘာလ ၁၂ရက်က စတင်ခဲ့ပြီး ကိုဗစ်အတည်ပြုလူနာ ၄၁၆ဦးအထိ ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။ ”ယာယီဆေးရုံတွေမှာ အသက်ငယ်တဲ့သူ၊ ရောဂါလက္ခဏာ မပြတဲ့သူ၊ ပြီးလို့ရှိရင် နောက်ခံရောဂါတွေ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ ဆီးချို စသဖြင့် မရှိတဲ့သူ တွေကို ရွေးပြီးတော့ ထားတာဖြစ်ပါတယ်။ သူတို့ဟာ သိပ်ပြီးတော့ စိုးရိမ်ရတဲ့အခြေအနေ မရှိကြဘူး။ မရှိတဲ့အတွက်ကြောင့် သူတို့ကိုခွဲထားလိုက်ရင် အားလုံးထဲမှာပေါင်းထားပြီး ခြုံငုံပြီးတော့ ဂရုစိုက်မှု လုပ်နေရတဲ့နေရာမှာ ရောဂါအခံရှိတဲ့သူ၊ အသက်ကြီးတဲ့သူ ၊...

ရန်ကုန်တိုင်းတွင် ကိုဗစ်ရောဂါကို လာမည့် သုံးပတ်အတွင်း ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးဖြိုးမင်းသိန်း ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူတွေ၏ ပူးပေါင်းပါဝင်မှုတွေ ရှိလာသည့်​အတွက် လာမည့် ရက်သတ္တသုံးပတ်လောက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကိုထိန်းချုပ် နိုင်မည့် အခြေအနေတစ်ခုကို ရလာမည်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတွင် ဖော်ပြထားသည်။ ကိုဗစ် – ၁၉ ရောဂါနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော် မတီ၏ ညွှန်ကြားချက်များကို တိုင်းဒေသကြီးအတွင်း တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြပ်မတ်ဆောင် ရွက်နေကြောင်း ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။ ” ဒီကြပ်မတ်ဆောင်ရွက်မှုတွေအားလုံးဟာ ပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ဖို့၊ ကုသပေးနိုင်ဖို့၊ ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။ ဒီကြိုးပမ်းဆောင်ရွက်မှုအပေါ်မှာ ပူးပေါင်းကူညီဆောင်ရွက်ကြတဲ့သူတွေ...

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်လုံခြုံရေးကိုမြန်မာတိုးမြှင့်မှုချထားမှုအပေါ်မဆီမဆိုင်ဘင်္ဂလားဒေ့ရှ်အစိုးရမှမြန်မာသံအမတ်ကြီးအားခေါ်ယူကန့်ကွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်နဲ့(၅)မိုင် အကွာမှာတပ်မတော်ကလုံခြုံရေးတိုးမြှင့်ချထား တဲ့အပေါ်မှာဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာသံ အမတ်ကြီးဦးအောင်ကျော်မိုးကိုဆင့်ခေါ်ပြီး မဆီမဆိုင်ကန့်ကွက်လိုက်ကြောင်းဘင်္ဂလားဒေ့ရှ် အစိုးရသတင်းစာများရဲ့ဖော်ပြချက်အရသိ ရပါတယ်။ နှုစ်နိုင်ငံနယ်စပ်ဒေသနေရာအများအပြားနဲ့ အရပ်ဘက်ရေယာဉ်တွေပေါ်မှာမြန်မာဘက်က တပ်အင်အားတစ်ထောင်လောက်ကိုတိုးချဲ့ချ ထားတယ်လို့လည်းဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနအရာရှိတွေ က ဒကာအခြေစိုက်BenarNews သတင်းဌာနကို ပြောကြားကြောင်းသိရပါတယ်။ ယင်းဖြစ်စဉ်အပေါ်တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲကဗိုလ်မှူးချူပ်ဆဇ်ာမင်းထွန်းကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကစွပ်စွဲသလိုငါးဖမ်းရေယာဉ် တွေပေါ်မှာတပ်မတော်သားတွေတင်တယ်ဆိုတာ မဟုတ်ဘဲသတင်းတွေအရမြန်မာနိုင်ငံရဲ့နယ်မြေ အတွင်းလိုအပ်ချက်ရှိလို့လုံခြုံရေးဆောင်ရွက် တာဖြစ်တယ်လို့ ပြောပါတယ်။ လူထုအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနနိုင်ငံ့ရေးရာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအောင်ကိုကလည်း မြန်မာသံအမတ်ကြီးကိုဘင်္ဂလားဒေ့ရှ်ဘက်ကခေါ်ယူ ကန့်ကွက်တာနဲ့ပတ်သက်လို့ မိမိတို့အနေနဲ့လည်း ဆောင်ရွက်သင့်တာတွေကိုဆက်လက်လုပ်ကိုင် သွားမယ် ပြောကြားလိုက်ကြောင်းသိရပါတယ်။ The First Weekly News Journal

မိုးရွာထဲမှာ ပင်ပန်းနေတဲ့ ဈေးသည်အဘကို မုန့်လေးတွေအားပေးပြီး ကုသိုလ်ယူခဲ့တဲ့ ဘေဘီမောင်

ချောမောတဲ့ ရုပ်ရည်နဲ့ လုံးကြီးပေါက်လှခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ အမျိုးသားပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘေဘီမောင်က လူလေးလှသလို စိတ်ထားကောင်းပြီး စကားပြောပွင့်လင်းသူမို့ ပရိသတ်တွေက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဘေဘီမောင်က သူမလမ်းသွားရင်း ကြုံဆုံခဲ့ရတဲ့ ဈေးသည်အဘအကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ “မိုးတွေရွာလို့ သရက်သီးတုတ်ထိုးလေး အရောင်းပါးတဲ့အဘ👴🏼 ပင်လုံလမ်းcity martရှေ့မှာအမြဲရောင်းပါတယ်ရှင့်။ အားပေးကူညီခြင်းဖြင့် ကုသိုလ်ယူပေးပါဦး☺️ ဘဘ လည်းရောင်းကောင်းပါစေ🙏🏻ဘေဘီလည်း၁သောင်းဖိုးအားပေးခဲ့ပါတယ်☺️ ၅ချောင်းပဲယူလာတယ် စားကြည့်တာမချဉ်ဘူးကောင်းလိုက်တာ☺️” ဆိုပြီး သူမရဲ့ တစ်နေ့တာ ကုသိုလ်လေးကို ပရိသတ်တွေဆီ မျှဝေထားပါတယ်။ ဘေဘီမောင်ကတော့ အလှူအတန်းနဲ့ ပက်သတ်လာရင် နည်းများမဆို ကုသိုလ်ယူလှူဒါန်းနေတာ ပရိသတ်ကြီး မျက်မြင်ပါပဲနော်။ ပရိသတ်ကြီးလည်း လမ်းကြုံခဲ့ရင် အဘဆီကို အားပေးကူညီပြီး လှူဒါန်းပေးခဲ့ကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Source: Baby Maung’s...

ပရိသတ်ကိုစိတ်ပူတာကြောင့် Mask တပ်ကြဖို့သတိပေးလိုက်တဲ့ ဝတ်မှုန်ရွှေရည်

မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ အနုပညာသက်တမ်း(၁၀)နှစ်ကျော်ရှိပြီဖြစ်သလို အကယ်ဒမီ(၂)ဆုရရှိထားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသလို Brand တော်တော်များများနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အသက်နဲ့မလိုက်အောင်နုပျိုတဲ့မော်ဒယ်လ်၊မင်းသမီးချောလေးကတော့ ပရိသတ်တွေကို ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်ဖို့သတိပေးလိုက်တာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဘယ်သွားသွား အထူးဂရုစိုက်ပီး Mask တပ်ကြနော် .. အားလုံးကို စိတ်ပူတယ်..”ဆိုပြီးတော့ရေးသားထားပြီး ကိုယ်တိုင်ကလည်း Mask တပ်ထားသလို လက်ဆေးရည်ပုလင်းလေးကိုဆောင်ထားတာလည်း တွေ့ရပါတယ်။ လက်ရှိအချိန်ကတော့ ကပ်ရောဂါဆိုးကြီးပြန်လည်ပျံ့နှံ့ကူးစက်လာမယ့်အခြေအနေကို စိုးရိမ်နေရတာပါ။ ဝတ်မှုန်ရွှေရည်ကတော့ ကိုဗစ်မဖြစ်ခင်အချိန်နဲ့ဖြစ်ပွားနေစဉ်အချိန်မှာ လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းခဲ့သူတစ်ယောက်ပါ။ မကြာသေးခင်ကလည်း ပင်ပင်ပန်းပန်းနဲ့ Delivery ပိုတဲ့သူတွေကို လက်ဆောင်တွေပေးခဲ့ပါသေးတယ်။ စိတ်ထားကောင်းတဲ့မင်းသမီးချောလေးကတော့အခုလည်း Mask တပ်ကြဖို့ သတိပေးလိုက်ပြန်ပါပြီနော်… Source : WuttHmoneShweYi

ခိုင်နှင်းဝေရဲ့သမီးအသစ်လေးအတွက် အလှူငွေသုံးသိန်းလှူဒါန်းပေးခဲ့တဲ့ အောင်သူနဲ့ ပိုးအိအိခန့်

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာဖွင့်ကာ မိဘမဲ့ကလေးငယ်တွေကို ရင်အုပ်မကွာစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေကတော့ မနေ့က သမီးလေးတစ်ယောက်ထပ်မံရရှိခဲ့ပါတယ်။ နေရာအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကြောင့် ကလေးငယ်(၃၄)ယောက် မှာပဲ ရပ်ထားပြီး ထပ်ပြီးလက်မခံဖို့ ဆုံးဖြတ်ထားတဲ့မေမေခိုင်နှင်းဝေကတော့ ကိုယ်တိုင်လာပေးတဲ့ မိခင်တစ်ယောက်ကြောင့် မလွှဲသာမရှောင်သာ သမီးလေးတစ်ယောက် ထပ်မံမွေးစားခဲ့ရတယ်လို့ ဆိုရမှာပါ။ ဒီနေ့မှာတော့ ဒီသမီးအသစ်လေးအတွက် နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ သရုပ်ဆောင်ပိုးအိအိခန့်တို့ မိသားစုလေးက သုံးသိန်းလာရောက်လှူဒါန်းပေးခဲ့ကြောင်းကို မျှဝေခဲ့ပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ကတော့ ကိုယ်တိုင်လည်း ရင်သွေးလေးတစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်သလို ခိုင်နှင်းဝေဂေဟာက ကလေးတွေအတွက်လည်း စာနာစိတ်နဲ့ မကြာခဏဆိုသလို လှူဒါန်းပေးလေ့ရှိသူတွေပါ ပရိသတ်ကြီးရေ… စိတ်ထားပြည့်ဝပြီး ချစ်ဖို့ကောင်းတဲ့အောင်သူတို့ဇနီးမောင်နှံရဲ့ အလှူလေးကိုတော့ ခိုင်နှင်းဝေက ” သမီးအသစ်ကလေး အတွက် သားသမီးချင်းကိုယ်ချင်းစာနာပြီး မိခင်စိတ်အပြည့်နဲ့ ကျွန်မ ပရဟိတမှာရော ကလေးတွေအတွက် အမြဲလှူပေးတဲ့အတွက် သာဓုခေါ်ပါတယ်” ဆိုပြီး အလှူလေးကို သာဓုခေါ်ဆိုကာ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။။ Source – Khine Hnin Wai

စစ်တွေမြို့အတွက် အရေးတကြီးလိုအပ်နေတဲ့ ပိုးသတ်ဆေးဖြန်းစက်တစ်လုံးလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

တစ်ကမ္ဘာလုံး စီးပွားရေးကျပ်တည်းနေတဲ့ အခုလိုကာလကြီးမှာ ရှိတဲ့သူတွေက မရှိတဲ့သူတွေကို ပြန်လည်ထောက်ပံ့ကူညီရင်း ဒီကာလဆိုးကြီးကို ဖြတ်သန်းနေကြတာကတော့ တကယ်ကို ကောင်းမွန်တဲ့အရာလေးပါပဲနော်။ ကိုဗစ်ကာလကို အလှူတွေဆက်တိုက်လုပ်ရင်းဖြတ်သန်းနေသူ ရုပ်ရှင်သရုပ်ဆောင်ခန့်စည်သူကတော့ ဒီတစ်ခေါက်မှာလည်း ကာလဒါနအလှူလေးတစ်ခုလုပ်ခဲ့ပါတယ်။ တစ်ပတ်အတွင်း ရောဂါပိုးတွေ့ရှိမှုများပြားလာတဲ့ ရခိုင်ပြည်နယ်အတွက် လူအား၊ငွေအား ထောက်ပံ့ကူညီမှုတွေများစွာလိုအပ်လျက်ရှိပြီး ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခန့်စည်သူကတော့ ရခိုင်တိုင်းရင်းသားလူမှုကယ်ဆယ်ရေးအဖွဲ့ကနေတဆင့် ပိုးသတ်ဆေးဖြန်းစက်တစ်လုံး တန်ဖိုးငွေ သုံးသိန်းငါးသောင်းကျပ်တိတိကို လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။. ကိုဗစ်ကာလစတင်ကတည်းက ခက်ခဲနေတဲ့အိမ်ထောင်စုတွေ၊ မပြေလည်တဲ့ ဘဝသမားတွေကို ဆက်တိုက်ကူညီခဲ့သလို ဒီတစ်ခေါက်မှာလည်း အကူအညီလိုအပ်နေတဲ့ ရခိုင်ပြည်နယ်၊စစ်တွေမြို့အတွက် အကျိုးများတဲ့အလှူလေးတစ်ခုကို ပြုလုပ်ပေးခဲ့တာပါ။ တကယ်လိုအပ်နေတဲ့နေရာကို ရွေးချယ်လှူဒါန်းပေးတတ်တဲ့ ကိုခန့်ရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ပါဦးနော်။ Source – Kyaw Soe Win