ဆယ်တန်းအောင်စာရင်း ကို အွန်လိုင်း အပြင် ရေဒီယို နဲ့ ရုပ်မြင်သံကြား တို့မှာလည်း ကြေညာမည်

၉ရက်နေ့မှာ အွန်လိုင်း၊ရုပ်မြင်သံကြား နဲ့ရေဒီယိုက ထုတ်ပြန်မှာ ဖြစ်ပြီး ၁၀ ရက်နေ့မှာ စာစစ်ဌာနရှိတဲ့ကျောင်းတွေမှာ ဆက်လက်ထုတ်ပြန်မှာပါ။၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို လာမယ့် သြဂုတ်လ ၉ရက်နေ့မှာ ထုတ်ပြန် ကြေညာ ပေးသွားမှာ ဖြစ်ပေမယ့်လည်း COVID-19 ကာလဖြစ်တဲ့အတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် အွန်လိုင်းမှတဆင့် ကြေညာပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။ အွန်လိုင်းစနစ်များဖြစ်တဲ့ အခြေခံပညာဦးစီးဌာန ရဲ့ www.moe.gov.mm နှင့် www.myanmarexam.org တို့မှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်သလို ဝေးလံသောဒေသများရှိ စာစစ်ဌာနများနဲ့ အင်တာနက်အဆက်အသွယ် မရရှိသော စာစစ်ဌာနများရဲ့ အောင်စာရင်းများကိုမူ မြန်မာ့အသံရေဒီယိုအပါအဝင် SKY NET Education Channelတို့မှလည်း ထုတ်ပြန်ပေး သွားမယ်လို့ သိရပါတယ်။“ရေဒီယိုနဲ့ရုပ်သံအစီအစဉ်တွေမှာလည်း ထုတ်ပြန်ပေးသွားမှာ ဖြစ်သလို အဲ့ဒီနေ့မှာ စောင့်ကြည့်နားထောင်လို့ရမှာ ပါ။ကျွန်တော့်အထင် မလွတ်သွားရအောင် သူတို့အနေနဲ့ အောင်စာရင်းကို ထပ်ခါထပ်ခါ ထုတ်လွှင့်ပေးသွားဖို့ ရှိမယ်လို့...

မျက်မမြင်သမီး အတွက် ဗူးခွံတွေကောက်ပြီး ရုန်းကန်နေ ရတဲ့ အသက် (၈၀) အဖွား

လောကဓံ တရားက အသက်အရွယ်မရွေး ဒုက္ခပေးနိုင်တယ်ဆိုတဲ့ အတိုင်းပဲ အသက် ၈၀ ရှိနေပေမယ့် မျက်မမြင်သမီးလေးအတွက် လောကဓံ ကို အံတုရင်း လမ်းဘေးက ဗူးခွံလေးတွေကောက်ပြီး အသက်ဆက်နေရတဲ့ အဖွား တစ်ယောက် ရှိပါတယ်။ ဒီအဖွားကတော့ ရွှေဈေး ကိုလည်း မသိသလို ၊ ဒေါ်လာဈေးကိုလည်း မသိပါဘူး။ တစ်နေ့ကို ထမင်းစားလောက်အောင် ဗူးခွံကောက် ရဖို့ပဲ သူသိပါတယ်။ ဒီလို မတ်လ ရဲ့ နွပေူပူမှာ အသက် ၈၀ အရွယ်နဲ့ ကြွပ်ကြွပ်ပူနေတဲ့ လမ်းမဟာ ဘယ်လိုမှမလိုက်ဖက်ပါဘူးနော်။ဒါကို သိတဲ့ စေတနာရှင် တစ်ချို့ကတော့ ဆန် ၊ ဆီ ၊ ဆား ၊ ငါးခြောက် ၊ စတာတွေအပြင် အားဖြည့် စာများ ငွေသားများကို သွားရောက်လှူဒါန်းပေးခဲ့ကြ ပါတယ်။ တကယ်လို့ ပရိသတ်တွေထဲမှာ နွမ်းပါး...

မင်းရာဇာ၏ ဇနီး မဖူးငုံပွင့်အာမခံလျှောက်ထားမှု ရုံးတော်က ပယ်ချ

သရုပ်ဆောင်မင်းရာ၏ဇနီးဖြစ်သူ မဖူးငုံပွင့်က ကျန်းမာရေးအခြေအနေကြောင့်ဟုဆိုကာ ယနေ့ (သြဂုတ်လ ၅)ရက် ရုံးထုတ်စစ်ဆေးမှုတွင် အာမခံလျှောက်ထားခဲ့ရာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးက လက်မခံဘဲ ပယ်ချ လိုက်ကြောင်း အဆိုပါမြို့နယ်တရားရုံး သတင်းနှင့် ပြန်ကြားရေးအရာ ရှိ၊ မြို့နယ်တရားသူကြီး ဦးဇေယျာဦးက ပြောသည်။ ယနေ့ ရုံးထုတ်စစ်ဆေးစဉ် တရားစွဲဆိုထားသည့် မင်းရာဇာအပါအ၀င်သုံးဦးအမှုနှင့် မင်းရာဇာ ယောက္ခမ၊ မဖူးငုံပွင့်၏ဖခင် ဖြစ်သူ ဦးမောင်မောင်အေးအမှုတွင် အမှုနှစ်ခုအနက် အမှုတစ်ခုစီတိုင်း အတွက် တရားလိုပြ သက်သေနှစ်ဦးစီ စစ်ဆေးပြီးစီးခဲ့ကြောင်းနှင့် အဆိုပါ အမှုနှစ်ခုအတွက် အမှု တစ်ခုလျှင် တရားလိုပြသက်သေ ၁၄ ဦးစီတင်သွင်းထားရှိကြောင်း သိရသည်။ ယနေ့ရုံးချိန်းတွင်လည်း တရားလို ဒေါ်သင်းသင်းခိုင်အနေဖြင့် ရုံးတော်ရှေ့ သုံးချိန်းမြောက် ရောက် ရှိလာခြင်းမရှိကြောင်း ၊လာမည့် ရုံးချိန်းကို သြဂုတ်လ ၁၂ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။ သရုပ်ဆောင်မင်းရာဇာအပါအ၀င်သုံးဦးအမှုနှင့် ဦးမောင်မောင်အေးအမှုတို့ကို မှုခင်းစီမံခန့်ခွဲ...

ရွေးကောက်ပွဲကို မနိုင်၊ နိုင်သည့်အခွင့်ကောင်းရှာတိုက်မည်ဟု ကြံ့ခိုင်ရေးအမတ်ပြော

လာမယ့်ရွေးကောက်ပွဲကို မနိုင်၊ နိုင်တဲ့ အခွင့်ကောင်းရှာတိုက်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးမောင်မြင့်က ပြောကြားလိုက်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်ပြီး ဩဂုတ်လ ၄ ရက်နေ့က သတင်းမီဒီယာတွေနဲ့ ဖိတ်ခေါ်တွေ့ဆုံ ရှင်းလင်းရာမှာ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောကြားလိုက်တာပါ။ “မနိုင်ရင် မတိုက်ဘူးဆိုတာက၊ စစ်သားစကားနဲ့ပြောတာ၊ မနိုင်ရင် နိုင်တဲ့ အခွင့်ကောင်းကို ရှာပြီးတိုက်မှာပေါ့။ သဘောပေါက်လားမသိဘူး။ အဲတော့ ဒီရွေးကောက်ပွဲကတော့ ဒီအချိန်မှာ မကြောက်ဘူး။ ဒါပေမဲ့ ဒီလိုပဲ မမျှမတတွေနဲ့ ဆက်ပြီးလုပ်နေမယ်ကွာ အဲဒါဆိုရင် ကိုယ်တို့ကလည်း ဇွတ်တိုးမယ်ဆိုရင်ဘာဖြစ်မလဲဆိုရင် confrontation တွေဖြစ်ကုန်မှာပေါ့။ ဒါကြောင့်မလို့ ကိုယ်တို့က ပိုပြီးကောင်းအောင် ဒါ့ထက်ကောင်းအောင် အနေအထားတွေဖြစ်အောင် မီဒီယာတွေကလည်း ပြည်သူတွေကို awareness လုပ်ပေးပါ” ဦးမောင်မြင့်ဟာ ၂၀၁၀နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေတုန်းက သူအနိုင်ရရှိခဲ့တဲ့ မင်းကင်းမြို့နယ်ကနေပဲ လာမယ့်ရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်မှာဖြစ်ပြီး...

“ ငါတို့ အားလုံးရဲ့မြေ” သီချင်းမှာ ပါဝင်ဖြစ်ခဲ့တဲ့အကြောင်းပြောလာတဲ့ ညီနန္ဒ

ပရိသတ်ဝေဖန်မှုတွေရှိလာတဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောလာခဲ့ပါတယ်။ သရုပ်ဆောင် ညီနန္ဒကတော့ “ ငါတို့ အားလုံးရဲ့ မြေ” သီချင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားတွေကို အခုလို ပြောပြလာပါတယ်။ သရုပ်ဆောင် ညီနန္ဒဟာ ဒါရိုက်တာ ယုန်လေး ပုံဖော်ရိုက်ကူးထားတဲ့ “ ငါတို့ အားလုံးရဲ့မြေ” သီချင်းမှာ ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။ ဒီသီချင်း MTV ထဲမှာတော့ ညီနန္ဒဟာ စစ်ဗိုလ်ချုပ် ကာရိုက်တာအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ “ ငါတို့ အားလုံးရဲ့မြေ” သီချင်း နဲ့ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို  ပြောပြလာပါတယ်။ “ အဓိက ကတော့ အစ်ကိုတို့က ဒါရိုက်တာ ခိုင်းတာကို သရုပ်ဆောင်တယ်။ အကုန်လုံးကို ခြုံပြီးကြည့်လိုက်ရင် တင်ပြပုံကတော့ ဘယ်သူနဲ့ဆိုင်သလဲဆိုတာ အားလုံးသိပါတယ်။ ဒါပေမယ့် အစ်ကို့ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် အစ်ကိုသည် နိုင်ငံရေးနဲ့...

ယုန်လေး ရဲ့ MTV နဲ့ ပက်သက်ပြီး ပြင်းပြင်း ထန်ထန် တုန့်ပြန် ပြောဆိုလာတဲ့ “ပန်ဆယ်လို”

ဇာတ်လမ်းအစမှာ NLD ဝန်ကြီးက လုပ်ငန်းကြီး တစ်ခုကို အကြောင်းမဲ့ ရပ်ဖြစ်လိုက်တယ်ဆိုတဲ့ ပုံစံကစတယ်။ သူတို့ ပြချင်တာက ကွီးဖြိုးပေါ့။ NLD ဝန်ကြီးကြောင့် အောက်ခြေ လူတန်းစားတွေ ငတ်ကြ ပြတ်ကြ ဒုက္ခရောက်ကြတယ်ပေါ့။ ပြီးတော့ အမေစု ကို လူတစ်ယောက်က အီးကလိပ်လို ဖုန်းဆက်ပြီး ခြိမ်းခြောက် တယ်ပေါ့။ အမေစုမျက်နှာက တစ်ခါမှ အပြင်မှာ မရှိတဲ့ ပုံစံမျိုး ခက်ထန်မဲ့ရွဲ့ပြတယ်။ ဘယ်လုပ်ငန်းရှင် ကမှ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် ဖုန်းဆက်ခြိမ်းခြောက်လို့ မရဘူးဆိုတာ နားမလည်ဘူးလား။ အမေစုတို့ အစည်းအဝေး လုပ်နေတဲ့ ရုံးခန်းကို ဘယ်ကမှန်းမသိတဲ့ လက်နက်ကိုင်တွေက ဝင်စီးတယ်။ ဗိုလ်ချုပ် တို့ လုပ်ကြံခံရတုန်းက ပုံစံ နှပ်ကြောင်းပေးတယ်ပဲ ခံစားရတယ်။ အမေ့နားက ကိုယ်ရံတော်တွေက တစ်စက် မှ သောက်သုံးမကျတဲ့ ပုံစံ ကားခနဲ ကားခနဲ...

မိန်းမဖြစ် သူရဲ့လူမဆန်တဲ့ လုပ်ရပ်ကြောင့် ကလေးတစ်ဖက်နဲ့ ဒုက္ခရောက်နေရတဲ့ အမျိုးသား

ဖိလစ်ပိုင်တွင် သုံးဘီးစက်ဘီးနင်းစားရတာ အလွန်ခက်ခဲပါတယ်။ ပူလောင်တဲ့နေရောင်ခြည်အောက်မှာ ကြပ်ပိတ်လှတဲ့ကားလမ်းကို သည်းခံရင်း နာရီပေါင်းများစွာ အလုပ်လုပ်မှ ဝမ်းပြည့်ရုံလောက်သာရတဲ့ ဝင်ငွေနဲ့ ရေရှည်ရပ်တည်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ဖေ့စ်ဘုတ်မှာတွေ့တဲ့ လူတစ်ယောက်အတွက် ယောက်ျားဖြစ်သူနဲ့ သားလေးကို ထားခဲ့တဲ့အမျိုးသမီးကြောင့် ယောက်ျားမှာ ကလေးတစ်ဖက်နဲ့ ဒုက္ခရောက်နေရပါတယ်။ မိန်းမက ထွက်ခွာသွားတော့ သူ့အတွက်လည်း ရွေးချယ်စရာမရှိ။ ကလေးကို အလုပ်သွားရင် တစ်ပါတည်းခေါ်ဆောင်သွားရပါတယ်။ ကလေးကိုစောင့်ရှောက်ပေးမယ့်လူ ဘယ်သူမှမရှိခဲ့ဘူး။ဒီကိစ္စတွေကို ဖေ့စ်ဘုတ်သုံးစွဲသူ Jane Eguillos က သတိထားမိသွားပြီး ထိုသားအဖရဲ့သနားစရာဇာတ်ကြောင်းကို အများသိအောင် လူမှုကွန်ရက်ပေါ်တင်ခဲ့တယ်။” ကျွန်တော့်မိန်းမနဲ့အိမ်ထောင်ကျတာ သုံးနှစ်ပါ။ရှိတာလေးနဲ့ စုဆောင်းပြီး သူ့ကိုဖုန်းတစ်လုံးဝယ်ပေးခဲ့တယ်။ အဲ့ဒီမှာ ဖေ့စ်ဘုတ်စသုံးပြီး ယောက်ျားတစ်ယောက်နဲ့တွေ့တယ်။ အဲ့ဒီယောက်ျားနောက် လိုက်သွားတာ ၂လလောက်ရှိပြီ” လို့ သူကပြောပါတယ်။ထိုအဖေနဲ့သားရဲ့ ဇာတ်လမ်းကိုသိပြီး အင်တာနက်သုံးစွဲသူတွေလည်းစိတ်မကောင်းဖြစ်ရတယ်။ ထို သုံးဘီးစက်ဘီးကိုတောင် သူမပိုင်ဘူးလို့ သိရပါတယ်။ ပိုင်ရှင်ဆီ တစ်နေ့ကို ၁၅ဝ ပီဆိုပေးရတယ်လို့သိရပါတယ်။ ပိုင်ရှင်အိမ်ကနေ သူတို့အိမ်ကို...

ကိုဗစ် အကြောင်းပြ၍ အစိုးရပါတီ အသာရအောင်လုပ်ဆောင်နေဟု မင်းကင်းပြည်ခိုင်ဖြိုးအမတ် စွပ်စွဲ

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသော ကိုဗစ် -၁၉ ရောဂါအား အကြောင်းပြ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက လာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီ အသာစီးရရှိစေရန် ပြုလုပ်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က စွပ်စွဲပြောဆိုလိုက်သည်။ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့စဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ” ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ ကိုဗစ်ဆိုတဲ့ ရောဂါဆိုးကြီးကြားမှာ ရွေးကောက်ပွဲကို ပြုလုပ်ရမှာဖြစ်တဲ့အတွက် ကိုဗစ်ကိုအကြောင်းပြပြီးတော့မှ ညွှန်ကြားချက်တွေ ဖတ်ပြီးသွားပြီ။ ဒီညွှန်ကြားချက်တွေကို အသုံးပြုပြီးတော့မှ သူတို့လုပ်နေတာတွေက သူတို့ပါတီ အသာရအောင်လုပ်နေတာပေါ့ဗျာ ” ဟု ဦးမောင်မြင့်က ပြောသည်။ ရွေးကောက်ပွဲကော်မရှင်က ကိုဗစ် -၁၉ ကြောင့် ရွေးကောက်ပွဲကို အဆင်မပြေ၍ ရွှေ့မည်ဆိုလျှင်လည်း ၎င်းတစ်ဦးတည်း ဆန္ဒအရဆိုပါက သဘောတူထောက်ခံကြောင်း ၎င်းက ပြောသည်။...

မြန်အောင်မြို့တွင် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုနေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့မှာ ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုနေတဲ့အပြင် တာကျိုးပြီး မြို့ထဲရေဝင်လာမှာကို ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။ ဩဂုတ် ၂ ရက်က မြန်အောင်မြို့ရဲ့ မြို့ထိပ်ဖြစ်တဲ့ လွန်ဆေးမြိုင်ပန်းခြံ အနားက မြေသားတာတမံဟာ မြစ်ရေကြီးမှုကြောင့် ပြိုကျခဲ့ပြီး တာကျိုးကျကာ မြို့ထဲကို ရေဝင်လာမှာကို စိုးရိမ်တယ်လို့ မြန်အောင်မြို့ အမှတ်(၄) ရပ်ကွက်နေ ဦးတင်ထွန်းက ပြောပါတယ်။ တာတမံ ကျိုးပေါက်သွားမယ်ဆိုရင် အစိုးရရုံးတွေ၊ ဆေးရုံအပါအဝင်မြို့ပေါ်ရပ်ကွက်တွေ အထိ ရေလွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် ဆည်မြောင်း၊ စစ်တပ်နဲ့ မီးသတ်တပ်ဖွဲ့ဝင် တွေ ပူးပေါင်းပြီး ကမ်းပြိုတာတွေကို ထိမ်းသိမ်းနေပါတယ်။ အဲ့ဒီလို ကမ်းပါးပြိုကျတဲ့နေရာကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနဲ့တာဝန်ရှိသူတွေ လာရောက်ခဲ့ရှုစစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်ထဲမှာ ဧရာဝတီမြစ်ရေကြောင့် မြန်အောင်မြို့ မကျည်းစု ရေကာတာမှာ ကမ်းပြိုတာတွေဖြစ်ခဲ့သလို မြို့နယ်ထဲက တခြား...

အကျိုးအကြောင်းမသိပဲ လာဆဲရင်တော့ ဆဲတဲ့သူအိမ်အထိ ပါးတက်ရိုက်မှာလို့ပြောလာတဲ့ ချမ်းချမ်း

ဒီရက်​ပိုင်း…ကျမ ကို စည်းလုးံသင့်ပြီ..ြ​​မန်​မာပြည်​…သီချင်းကြည့်ပြီး ဘုမသိဘမသိ​တ ..ဆဲ​ ​နေတာ အသိတရား​လေး​တေဝင်​ ​အောင်​​ပြောမှရ​တာ့မယ် ။ ကျမစပြီးဆို​ပေးပါဆိုကတည်းက ပါတီဆွဲဆိုမဆိုဘူး​ပြောထားပြီးသားပါ.. ဒီသီချင်းဟာ..ပါတီဆွဲ​တွေနဲ့ပြည်​သူ​တေစိတ်​မများရ​အောင်​ ..ကိုယ့်​တိုင်းပြည်​အတွက်​အမှန်​တရားကိုလမ်းပြ​ပေးမယ့်​ .သီချင်းမို့ဆို​ပေးလိုက်​တာပါ..​ ထမင်းစားရင်​နားလည်​မှာပါ…သီချင်းရိုက်တုန်းက​​လဲ ကိုယ်​ဂီတမာင်​နှမ​တေအားလုးံနဲ့အတူ ဆို​ပေးပါဆိုလို့ဆို​ပေးတာပဲ…ဘာအ​နှောင်​အဖွဲ့မှမပါလို့ဆို​ပေးတာ.. ကျန်​တဲ့သူတို့ဘာသာ ..စိတ်​ကူးနဲ့ ဇာတ်​လမ်း​တေထပ်​ထားတာ​တော့ကိုယ်​နဲ့မဆိုင်​ဘူး….သိလဲမသိဘူး… ကိုယ့်​လိပ်​ပြာကိုယ်​လုံတယ်​…edit လဲကိုယ်​မဆက်​​တော့မသိဘူး… လာဆဲလို့ ကိုယ်​​တောင်​ မကြည့်​မိလို့ အ​ပြေးအလွှား ကြည့်​ရတာ… အရင်​တုန်းက election တုန်းကလဲ NLD အတွက်​ ပဲမယ်​ဆွယ်​​ပေးခဲ့တယ်​. အခုလဲ NLD ပဲ..အကျိုးအ​ကြာင်းမသိပဲလာဆဲရင်​တာ့ ..​ဆောရီးပဲ..ဆဲတဲ့သူကိုအိမ်​အထိပါးတက်​ရိုက်​မှာ…​အေး​ဆေး​နေလိုက်​​တော့… အခုတခြားပါတီ​တေ သီချင်းဆိုဖို့ကမ်းလှမ်းလာတယ်​..ကျမကဒဲ့ပဲ​မေးတတ်​လို့ဒဲ့ပဲ​ပြောပါတယ်​. ကျမအခုလက်​ရှိဆို​ပေးတဲ့ သီချင်း​တွေဆိုတာလဲ ဘယ်​ဘက်​ကိုမှဘက်​မလိုက်​တဲ့သီချင်းမို့ဆို​ပေးတာပါ. ကိုယ်တိုင်​ကိုယ့်​အသိစိတ်​ဓာတ်​နဲ့ မဲ​ပေးဖို့ပါပဲ ။ ကိုယ့်​တိုင်းပြည်​အတွက်​တကယ်​အားကိုးရမယ့်​..နိုင်​ငံတကာက ​လေးစားရတဲ့..ကျမတို့ရဲ့တစ်​ဦးတည်း​သော​ခေါင်း​ဆောင် အနှစ်​နှစ်​ အလလ ပြည်​သူအတွက်​ အချိန်​​ရောမိသားစု​ရောစ​တေးခဲ့ရတဲ့ သူ ကိုယိ့တိုင်းပြည်​အတွက်​ သမိုင်းလှ​စေမယ့်​အလုပ်​ကိုပဲလုပ်​ကြရ​အောင်​…ကြိုက်​သလိုသ​ဘောထားကွဲလွဲနိုင်​ပါတယိ. ကျမမိတ်​​ဆွေ..အသိ​တွေမှာလဲစစ်​တပ်​အသိ​တွေအသိုင်းအဝိုင်းအသိ​တွေရှိပါတယ်​ မိတ်​​ဆွေအကန့်​နဲ့ခင်​မင်​တာဖြစ်​လို့ ဘယ်​သူ့ကိုမှ မမုန်းပါ…ကိုယ်​ကြိုက်​တဲ့ပါတီမဲ​ပေးနိုင်​ပါတယ်​…ကျမက​တော့ NLD ပါပဲ…...