လားရှိုးမှာ အသက် ၁၀နှစ်အရွယ် ကိုရင် ၁ပါး လည်ပင်းကို လွယ်အိပ်နဲ့ စွတ်မိပြီး ပျံလွန်

ပီးခဲ့တဲ့ မတ်လ ၁၅ရက်နေ့က လားရှိုးမြို့ သဲအင်းဂူကျောင်းတိုက်မှာ အသက် ၁၀နှစ်အရွယ် ဝန်းကျင်ရှိ ကိုရင်၁ပါးဖြစ်တဲ့ ရှင်ဝိလာသသည် ကျောင်းနောက်ဘက်ရှိ ဝါးလုံးတစ်ခုမှာ လွယ်အိပ်တစ်လုံးနဲ့ လည်ပင်းကို စွတ်မိရာကနေ ပျံလွန်တော်မူသွားခဲ့ တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ကိုရင်လေးဟာ တအာင်း(ပလောင်)လူမျိုးဖြစ်ပြီး သူရဲ့ နေရပ်လိမ်စာနဲ့ သူ့မိဘတွေကို ရှာမတွေ့ရသေးဘူးလို့ သဲအင်းဂူကျောင်းထိုင်ဆရာတော် ဦးနာယကက မိန့်ပါတယ်။

“အဲကိုရင်လေးကို လာပို့တုန်းက ပန်လုံဆိုတဲ့ရွာက ပလောင်တကာမတစ်ယောက်က လာပို့တာ။ အဲကိုရင်လေးက ကားပေါ်မှာ ငိုနေတာတဲ့။ ကားသမားကလည်း ဘယ်နားချရမှန်းမသိဘူး။ အဲတာနဲ့ သူ့သား၂ယောက် ဒီမှာရှိတယ်ဆိုပြီး ခေါ်ပြီး လာပို့သွားတာ။ နောက်တော့ အဲတကာမက သူ့သား၂ယောက်ကို ပြန်ခေါ်သွားတော့ ဒီကိုရင်လေးပဲ ကျန်နေခဲ့တာ”လို့ မိန့်ပါတယ်။

ကိုရင် ရှင်ဝိလာသ မသေဆုံးမီအချိန်တွေမှာ သူ့ရဲ့ နေရပ်လိပ်စာကို မေးမြန်းခဲ့သော်လည်း မသိဘူးဟုသာ ဖြေဆိုခဲ့ပြီး သူရဲ့ အဖေနဲ့အမေကတော့ တရုတ်ပြည်မှာ ရှိတယ်လို့သာပြောကြောင်း ဦးနာယက ဆက်မိန့်ပါတယ်။

ရှင်ဝိလာသဟာ သဲအင်းဂူကျောင်းမှာ သီတင်းသုံးသလာသည်မှာ ၂နှစ်နီးပါးရှိပြီဟုလည်း သိရသည်။

ရှင်ဝိလာသ မပျံလွန်ခင်မှာ ကျောင်းရှိ ကိုရင်၁ပါးနဲ့ တူတူဆော့ကစားနေကြတာဖြစ်ပြီး ကစားနေရင်းကနေ သေဆုံးသွားတာဖြစ်တယ်လို့ ဦးနာယကက မိန့်ပါတယ်။

“ကိုရင် ၄ပါးလုံးကို ခေါင်းမှာ အနာပေါက်လို့ ဆေးလိမ်းပေးလိုက်တာ။ ပြီးတော့ သူတို့သွားဆော့ကြတယ်။ ၂ပါးက ကျောင်းနားမှာပဲ ဂေါ်လီလိမ့်နေတာ။ အဲ၂ပါးကတော့ သီလရှင်တွေနေတဲ့ဘက်သွားဆော့တာ။ အဲဘက် ဦးဇင်းတွေလည်း မသွားကြဘူးလေ။ အဲမှာ အမှိုက်ပုံကနေတွေ့တဲ့ လွယ်လိပ်နဲ့ ယူဆော့ရင်း ဘယ်လိုဖြစ်သွားလဲ မသိဘူး။ သူနဲ့ဆော့တဲ့ ကိုရင်လည်း ကြိုးနဲ့ဆော့နေတာ။ ဝိလာသ အဲလိုဖြစ်တော့ သူလည်း ကြောက်ပြီး လာမပြောရဲဘူး။ ဂေါ်လီလိမ့်နေတဲ့ ကိုရင်တွေကိုပဲ လာပြောတာ။ အဲကိုရင်တွေကနေ ဦးဇင်းတွေလာပြောပြမှ သွားကြည့်တာ။ သွားကြည့်တော့ သူ့ခြေထောက်နဲ့ မြေကြီး လက်၎လုံးပဲကွာတာ။ ယုံနိုင်စရာလည်း မရှိဘူး။ အဲနားမှာ ဂုန်းလျှော့လေးတစ်ခုတော့ရှိတယ်။ လွယ်အိပ်ဆော့ရင်း သူလျှော့သွားပုံရတယ်”လို့ ဦးနာယကက ဆက်မိန့်ပါတယ်။

အဲကိုရင် ရှင်ဝိလာသရဲ့ နေရပ်လိပ်စာနဲ့ မိဘတွေ အချိတ်အဆက်မိပါက သဲအင်းဂူကျောင်းကို လာရောက်ကြဖို့ မျှော်လင့်ကျောင်း ကျောင်းထိုင်ဆရာတော် ဦးနာယကက မိန့်ပါတယ်။

ဒီနေ့ မတ်လ ၁၅ရက်နေ့မှာတော့ ပျံလွန်တော်မူသွားတဲ့ ရှင်ဝိလာသအတွက် သဲအင်းဂူကျောင်းမှာ ရက်လည်ဆွမ်း ပြုလုပ်ပေးနေပါတယ်။

Shwe Phee Myay 

Facebook Comments

Burmese Online News