လူသားဆိုတာ ကမ္ဘာကြီးအတွက်ကင်ဆာ နို့တိုက်သတ္တဝါတိုင်းက ပတ်ဝန်းကျင်ဂေဟစနစ်ကို ရှင်သန်အောင် အကျိုးပြုကြတယ်

လူသားဆိုတာ ကမ္ဘာကြီးအတွက်ကင်ဆာ

ဒီစကားကိုစကြားဖူးတာ Matrixထဲမှာ Agent Smithက မော်ဖီးရပ်စ်ကိုပြောခဲ့တာကိုပါ။ နို့တိုက်သတ္တဝါတိုင်းက ပတ်ဝန်းကျင်ဂေဟစနစ်ကို ရှင်သန်အောင် အကျိုးပြုကြတယ်။ လူတွေကတော့ အနားမှာရှိသမျှသဘာဝအရင်းအမြစ်ကို ကုန်အောင်သုံးတယ်။ နယ်ချဲ့ပြီးရှင်သန်ကြတယ်။ လူတွေရောက်တဲ့နေရာတိုင်း ဂေဟစနစ်မတည်မငြိမ်ဖြစ်တယ်။ ရောဂါပိုးတွေလိုပဲ ပျံ့ပွားရမှ ရှင်သန်နိုင်သူတွေ။

လူသားတွေက ကင်ဆာဆိုရင် Covid 19က chemoများ ဖြစ်နေမလားမသိဘူး။ ကမ္ဘာကြီးက ကင်ဆာတိုက်ဖျက်ဆေး သွင်းလိုက်တာများလား။ Covid 19 ကြောင့် လူတွေအကုန် အိမ်တွင်းအောင်းကုန်ကြတဲ့အခါ စက်ရုံတွေလည်းပိတ်ယာဉ်တွေလည်းအသွားအလာနည်းသွားတဲ့အတွက် လေထုဟာ သန့်ရှင်းသွားတယ်။ တရုတ်မှာ Corona စတင်ပျံ့ပွားတဲ့ ဇန်နဝါရီကစပြီး ရောဂါကာကွယ်ဖို့ မြို့တွေပိတ် လူတွေကိုအိမ်ထဲသွင်းထားလိုက်တာကြောင့် တရုတ်နိုင်ငံပေါ်ကလေထုဟာ သန့်ရှင်းသွားပြီး လေထုအရည်အသွေး ပြန်ကောင်းလာတယ်။ မလာတာကြာတဲ့ငှက်တွေတောင် ပြန်ရောက်လာသတဲ့။ 

တစ်နိုင်ငံလုံးကိုlock down လုပ်လိုက်ရတဲ့အီတလီမှာလည်း ဗင်းနစ်မှာ ငါးအုပ်တွေပြန်ရောက်လာတယ် ငန်းတွေ ဝင်လာတယ်။ ဒီရေကြောင်းကို နှစ်နဲ့ချီရှောင်ခဲ့ကြတဲ့ လင်းပိုင်တွေပြန်ရောက်လာတယ်။ စက်တပ်လှေတွေ သင်္ဘောတွေ လှေတွေရှုပ်မနေတဲ့အပြင် အမှိုက်ချမယ့်သူပါ မရှိတော့လို့ ရေပြင်ဟာသန့်ရှင်းသွားတယ်။ လူကလွဲရင် သတ္တဝါအားလုံးပျော်နေကြတယ်။ ဗီယက်နမ်မှာလည်း ဆင်အုပ်က လူမရှိတဲ့စိုက်ခင်းတွေထဲ အပျော်ကြီးပျော်လို့။ သြစီက ကမ်းခြေမှာလည်း လူတွေအမြဲရှိနေလို့ ကမ်းခြေမှာ မနေရတဲ့ငှ​က်အုပ်တွေ ပြန်ရောက်နေတယ်။ သူတို့မှာ အခုမှပဲ လွတ်လပ်ပုံ ဘေးကင်းပုံရတယ်။

တိမ်တောင်မည်းမှာတောင် ငွေနားကွပ်ရှိသလို လူတွေအတွက်လည်း ကောင်းကျိုးရှိတာပဲ။ လူ​သောင်းချီ ကူးစက်ပြီး လူထောင်ချီ သေရတာကောင်းကျိုးလားလို့မေးရင် ဒီဖြစ်ရပ်ကြီးမှာ ကောင်းကျိုးတွေတော့ရှိတယ်။ ဥရောပက ကလေးအများစုက ပျော်ကြသတဲ့။ ကျောင်းတွေပိတ်လို့တော့မဟုတ်ဘူး။ အခုမှမိဘတွေနဲ့အတူ အပြင်မထွက်ဘဲအတူနေခွင့်ရလို့တဲ့။ သူတို့မှာ ဒါကိုအသစ်အဆန်းဖြစ်နေရှာတယ်။ လူတွေတစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်လို့မရဘူး ဖက်လို့မရဘူး နမ်းလို့မရဘူး။ ဒါပေမဲ့ ချစ်လို့ရနေဆဲဆိုတာကို ရှာဖွေတွေ့ရှိတယ်။ Panic buyingကနေ အကြင်နာမဲ့မှုတွေ

တွေ့ခဲ့ရပေမယ့် လူသားဆန်မှုတွေလည်း ရှာဖွေတွေ့ရှိတယ် တကယ်အရေးကြုံလာတဲ့အခါ ဘယ်သူကအားကိုးရလဲ ဘယ်သူကတစ်ကိုယ်ကောင်းဆန်လဲရှာဖွေတွေ့ရှိတယ်။ ပွဲလန့်တုန်းမှာဖျာခင်းတတ်တဲ့သူနဲ့ တကယ်ကူညီမယ့်သူကို ခွဲခြားသိရှိရတယ်။ အနေအထိုင်မတတ်ရင် တကယ်ပဲ မျိုးတုန်းသွားနိုင်တယ်ဆိုတာ သိလာရတယ်။ 

တခြားနိုင်ငံမှာဖြစ်တာ ငါနဲ့မဆိုင်ဘူးဆိုတဲ့အတွေးပျောက်ပြီး အားလုံးဟာ တစ်ကမ္ဘာတည်းသားတွေဆိုတာ သဘောပေါက်လာကြတယ်။ အခက်အခဲဆိုတာ ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့ သင်ခန်းစာယူဖို့

အခွင့်ကောင်းပဲ။ Covid 19 ရောဂါဘေးကို လူသားတွေ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာသဘာဝကပေးတဲ့ နောက်ဆုံးသတိပေးချက်ဆိုရင် ဒုတိယအခွင့်အရေးရှိတယ်လို့ ယုံမထားဘဲ ဆင်ခြင်ကြဖို့ကောင်းပြီ။ 

လူတွေထက်တောင် သက်တမ်းကြာခဲ့တဲ့ ဒိုင်နိုဆောတွေတောင် မျိုးပြုတ်ဖူးသေးတာ လူတွေလည်း မဆင်ခြင်ရင် ဒုက္ခဖြစ်သွားနိုင်တယ်။ Covidကပေးတဲ့သင်ခန်းစာကြောင့် လူသားတွေ ပြောင်းလဲကြပါစေ။

(တချို့က Covid 19ကို အပြောင်အပျက်နာမည်ပေးကြတာ Greta virusတဲ့။)

From Elvis’s FB

Facebook Comments

Burmese Online News