ကွယ်လွန်သွားပြီဖြစ်တဲ့ တီဗီအစီအစဉ်တင်ဆက်သူရဲ့ ကျေးဇူးတရားတွေကို အောက်မေ့သတိရစွာနဲ့ ဝမ်းနည်းစကားဆိုလာတဲ့ ပတ်ထရစ်ရှာ

မနေ့က ဧပြီလ (၃) ရက်နေ့မှာတော့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ Fortune TV ရဲ့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတစ်ယောက် ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ယောက်ဖြစ်တာမို့ အနုပညာရှင်တွေကလည်း ဝမ်းနည်းမဆုံးဖြစ်နေတာဖြစ်ပြီး သရုပ်ဆောင် ပတ်ထရစ်ရှာကလည်း သူမအပေါ် ကျေးဇူးတွေအများကြီးရှိတဲ့သူတစ်ယောက် အခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာကို ဝမ်းနည်းမဆုံး ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ပတ်ထရစ်ရှာက “Rest In Peace ကိုကြီးသော်တာရေ။ အမြဲတမ်းဖော်ရွေပြုံးရွှင်ပြီးပျော်ပျော်နေတတ်တဲ့အကိုကဘယ်လိုစိတ်ဖိစီးမှုတွေ ဘယ်လောက်တောင်ကြီးမားတဲ့စိတ်ဒဏ်ရာတွေ အခက်အခဲတွေကြောင့်များကိုယ့်ကိုကိုယ် suicide လုပ်ခဲ့ရတာလဲ အကိုရယ်။ ညီမလေး new face model ဘဝတုန်းကတည်းက magazine cover girl နေရာရအောင် cosmetic ကြေငြာတွေခေါ်ရိုက်ပေးခဲ့တာတွေ”

“TV channel အသစ် Fortune TV ကပြုလုပ်တဲ့ လော်စပီကာအစီအစဉ်ရဲ့ပထမဦးဆုံး female celebrity အဖြစ်ညီမလေးကိုကမ်းလှမ်းခဲ့တာတွေ၊ ပွဲတွေတက်ရဖို့ဖိတ်ကြားပေးခဲ့တာတွေ… အကိုကူညီပေးခဲ့သမျှအရာတွေအားလုံးအတွက်ကျေးဇူးအများကြီးတင်ပါတယ်။ Tv အစီအစဉ်ရိုက်မယ့်နေ့ကျမှ ညီမလေးမလာနိုင်တော့ဘူးဆိုလို့ ဆူခဲ့တာလေးတွေတောင်ပြန်ကြားယောင်နေမိတယ်”

“ရှာရှာလေးရေ” လို့အမြဲခေါ်တတ်တဲ့ကိုကြီးသော်တာရေ အကိုချိန်းခဲ့တဲ့ profile picture ကအကို့ရဲ့နောက်ဆုံးနှုတ်ဆက်ခြင်းဆိုတာဘယ်သူမှသိခဲ့ကြဘူး။ အကို ကောင်းရာသုဂတိလားပါစေ…” ဆိုပြီး နှုတ်ဆက်စကားလေး ဆိုထားပါတယ်။ ကွယ်လွန်သူလည်း ကောင်းရာမွန်ရာအရပ်မှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

#Celeconnections

Facebook Comments

Burmese Online News