ခွင့်ပြုချက်မရှိဘဲ နေရပ်ပြန်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေကို အရေးယူမည်

သမ္မတရုံးညွှန်ကြားချက်နဲ့ အမိန့်ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ နေရပ်ပြန်သွားခဲ့တဲ့ ဝန်ထမ်းတွေကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး တခြားသူရဲ့ သတင်းပေးပို့ချက်အရသိရတာ ၊ သတင်းမှားယွင်းစွာပေးပို့တာ နဲ့ Quarantine နေထိုင်ဖို့ ငြင်းဆန်တာ‌တွေ ရှိခဲ့မယ်ဆိုရင်လည်း နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးကနေ အမိန့်စာထုတ်ပြန်ထားပါတယ်။

နေပြည်တော်ကိုဗုံးခွဲတိုက်ခိုက် ...

Covid-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ အစိုးရဝန်ထမ်းတွေ နေရပ်ပြန်တာ ၊ ခရီးသွားတာမျိုး မပြုလုပ်ကြဖို့ နိုင်ငံတော် သမ္မတရုံးညွှန်ကြားချက်နဲ့ မတ်လ ၂၅ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပေမယ့်လည်း မလိုက်နာတဲ့ ဝန်ထမ်းတွေ ရှိနေခဲ့ပါတယ်။ နေရပ်ကို သက်ဆိုင်ရာ ခွင့်ပြုချက်မပါရှိပါဘဲ ပြန်သွားခဲ့တဲ့ ဝန်ထမ်းတွေကိုတော့ အရင်ဆုံး နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ စောင့်ကြည့်အနေနဲ့ ထားရှိမယ်လို့ သိရပါတယ်။

ကမ္ဘာလှည့်ခရီးသွားများ နေပြည်တော် ...

“နိုင်ငံတော်က နဂိုကတည်းက နေပြည်တော်မှာ ရှိတဲ့ ဝန်ထမ်းတွေကို သင်္ကြန်ပိတ်ရက်မှာ စာထုတ်ထားပြီးသားပါ။ တချို့ဝန်ထမ်းတွေက စည်းကမ်းလိုက်နာတယ်၊ နိုင်ငံတော်က ညွှန်ကြားတဲ့ အတိုင်း မပြန်ဘူး နေတယ်။ တချို့ကတော့ ခိုးပြန်တယ်၊ အဲဒီတော့ ဝန်ထမ်းတွေ အချင်းချင်းမှာကို ပဋိပက္ခလေးတွေ ဖြစ်နေတာပါ။ ခုလက်ရှိလည်း ဝန်ထမ်းတွေ ဝင်လာဆဲပါပဲ ၊ ဒီနေ့ပဲ အခုလောလောဆယ်ပဲ ဝန်ထမ်း ငါးယောက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ထွေအုပ် ၊ ထွေအုပ်ရယ် စာရင်းစစ်ချုပ်ရုံးက ဝန်ထမ်း ၅ ယောက်ရယ် ထပ်ရောက်လာပါတယ်၊ ဆိုတော့ မနက်ဖြန်ပဲ စာရင်းစစိချုပ်ရုံးက ၄၉ ယောက် နဲ့ ကျန်တဲ့ ဝန်ကြီးဌာနတွေကနေလည်း လာဖို့ ရှိပါတယ်။” လို့ နေပြည်တော် ဥက္ကဌ (အမျိုးသားလွတ်တော်ကိုယ်စားလှယ်) ဦးမောင်မောင်ဆွေက ပြောပါတယ်။

ကျပ်သန်း ၁၅ဝဝ ကျော်တန်တဲ့ လမ်း ...

လက်ရှိမှာတော့ စာရင်းစစ်ချုပ်ရုံးနဲ့ ထွေအုပ်တို့က ဝန်ထမ်းတွေ အများဆုံးရောက်ရှိလာပြီး လက်ရှိ quarantine ဝင်မယ့် ဝန်ထမ်းတွေရဲ့ စာရင်းအရ ၇၀ နီးပါးလောက် ရှိနေပါတယ်။ လက်ရှိ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ Quarantine စောင့်ကြည်သူပေါင်း ၅၅၃ ယောက် ရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ထိ မြန်မာနိုင်ငံတွင်း ရောဂါပိုးကူးစက်ခံရသူ လူနာ ၉၄ ယောက် ရှိတဲ့အနက် နေပြည်တော်ရှိ အတည်ပြုလူနာကတော့ ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဓူဝံ

Facebook Comments

Burmese Online News