Covid-19 က လူ့အ သက်ပေါင်း တစ်သိန်းခွဲ ကို ဆွဲနှုတ်သွား ခဲ့လေပြီ
သတင်းတွေအရ ကမ္ဘာ တစ်ဝှမ်းCovid-19 ကြောင့်သေဆုံးသူဦးရေ တစ်သိန်းခွဲ ရှိသွားပြီလို့သိရပါတယ်။ Covid-19 ဇန်နဝါရီ ၉ ရက်နေ့က ဝူဟန်မြို့ရှိ ရောဂါသည်တစ်ဦးထံမှာ အသက်စတင်နှုတ်ယူသွားခဲ့ပြီး သေဆုံးသူ ဦးရေ ၅သောင်းပြည့်ဖို့ ၈၃ ရက်သာကြာမြင့်ခဲ့ပါတယ်။ ပိုကြောက်ဖို့ကောင်းတာက သေဆုံးသူ ၁ သိန်းပြည့်ဖို့ ၈ ရက်နီးပါးသာကြာမြင့်ခဲ့ပြီး ယခုနောက်ဆုံး သေဆုံးသူ ၁၅၀,၀၀၀ ပြည့်ဖို့လည်း ၈ ရက်သာကြာမြင့်ခဲ့တာပါ။
ယခုသေဆုံးမှုနှုန်းဟာ ၁၉၁၈ ခုနှစ်မှာအစပြုခဲ့ပြီး ၁၉၂၀ မှာအဆုံးသတ်ခဲ့တဲ့ Spanish Flu လို သေဆုံးသူဦးရေ သန်း၂၀ မရှိသေးပေမဲ့ အထူးဂရုစိုက် သတိထားဖို့လိုအပ်နေပြီဆိုတာ ငြင်းစရာမရှိပါဘူး။ ဝူဟန်မြို့ သားငါးဈေးတစ်ခုက အစပြုခဲ့တယ်လို့ ယူဆရတဲ့ Covid-19 ကိုယခုအချိန်ထိ ရောဂါအရင်းအမြစ်ရှာဖွေနေကြတုန်းပါ။ အမေရိကန်ဟာ တစ်နိုင်ငံခြင်းသေဆုံးမှုနဲ့ကူးစက်ခံရမှုနှုန်းမှာ အမြင့်ဆုံးရောက်နေပြီး ကူးစက်ခံရသူ ၇၀၀,၂၈၂ နဲ့ သေဆုံးသူ ၃၆,၇၇၃ ဦးရှိပြီလည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရောဂါကူးစက်မှုနှုန်းဟာ လွန်စွာလျှင်မြန်လွန်းပြီး လူဦးရေ ထူထပ်တဲ့ New York မြို့ကြီးရဲ့ သေဆုံးသူဦးရေက တစ်နိုင်ငံလုံးရဲ့ ထက်ဝက်နီးပါးရှိနေတာပါ။ ပြည်နယ် ၄၂ ခုမှာ အပြင်မထွက်ရအမိန့်တွေထုတ်ခဲ့တာကြောင့် ယိုယွင်းလာတဲ့ စီးပွားရေးအခြေအနေကို ပြည်သူတွေက လမ်းပေါ်တက် ဆန္ဒ ပြနေကြပါပြီ။ တစ် ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင်တော့ ကူးစက်သူဦးရေ ၂,၂၀၇,၇၃၀ ရှိပြီး နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို ပြန့်နှံ့လို့နေပါပြီ။
အီတလီမှာတော့ ကူးစက်ခံရသူ ၁၇၀,၀၀၀ နဲ့ သေဆုံးသူ ၂၃,၀၀၀ ရှိပြီဖြစ်ကာ စပိန်နိုင်ငံမှာတော့ ကူးစက်ခံရသူ ၁၈၈,၀၀၀ နဲ့ သေဆုံးသူ၁၉,၅၀၀ ဦးဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကတော့ စတုတ္ထ မြောက် အဆိုးရွားဆုံးနိုင်ငံဖြစ်ကာ သေဆုံးသူ ၁၈,၆၈၁ ဦးရှိပါတယ်။မနေ့က တရုတ်နိုင်ငံရဲ့ ရုတ်တရက် သေဆုံးမှုနှုန်းဖော်ပြချက်ဟာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ သံသယဖြစ်စရာအခြေအနေဖြစ်ခဲ့ပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ တရုတ်ရဲ့တင်ပြချက်တွေမှာ ဖုံးကွယ်ထားတာမျိုးမတွေ့ရဟု ထုတ်ပြန်ပါတယ်။ဒေသတွင်းမှာတော့ အင်ဒိုနီးရှားဟာ ရောဂါဒဏ်ကို အခံရဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၅၉၂၃ ဦးရှိပြီလည်းဖြစ်ပါတယ်။ လေ့လာသူတွေက အင်ဒိုနီးရှားရဲ့ ရောဂါစစ်ဆေးမှုနှုန်း နှေးကွေးနေခြင်းဟာ ပြည်သူတွေအတွက်စိုးရိမ်ဖွယ်ဖြစ်တယ်လို့ဆိုကာ သေဆုံးသူဦးရေ ၅၂၀ ဦးအထိရှိပြီလည်း ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ အချို့နိုင်ငံတွေရဲ့သေဆုံးမှု ကိန်းဂဏန်းတွေဟာ ဆေးရုံတွင်းသေဆုံးမှု ပမာဏသာဖြစ်ပြီး အိမ်နဲ့ စောင့်ရှောက်ရေးစင်တာတွေမှာသေဆုံးသူဦးရေ ကို ထည့်သွင်းမရေတွက်ထားပါဘူးတဲ့။ ကျန်းမာအောင်နေကြပါ။ အာဟာရပြညိ့အောင် စားသောက်ကြပါ။ အိပ်ရေးဝပါစေ။ မြန်မာပြည်ကြီး အမြန်နေကောင်းပါစေ။
#Bahuthuta.net