အသက်အငယ်ဆုံး Covid-19 လူနာ ၁ နှစ် ၆ လ ကလေးငယ် အဖျားမရှိတော့

မြန်မာနိုင်ငံတွင် အသက်အငယ်ဆုံးလူနာအဖြစ် မှတ်တမ်းဝင်ထားသည့် လူနာအမှတ် ၉၅ (၁ နှစ် ၆ လ) အရွယ် ကလေးငယ်လေးတွင် ချောင်းအနည်းငယ် ဆိုးနေရုံမှအပ အဖျားမရှိတော့ကြောင်း ဝေဘာဂီဆေးရုံတွင် တာဝန်ကျနေသည့် ကလေးအထူးကုဆရာဝန်မကြီးတစ်ဦးဖြစ်သည့် ဒေါက်တာခင်ခင်ထားက ဧပြီ ၁၉ ရက် ယနေ့မွန်းလွဲ ၁းဝ၅ နာရီခန့်တွင် သူမ၏ Facebook မှ ဝမ်းသာစွာ ရေးတင်ထားသည်ကို တွေ့ရသည်။

Image may contain: one or more people and people standing

အဆိုပါ လူနာအမှတ်စဉ် ၉၅ ကလေးငယ်သည် ကွယ်လွန်သူ လူနာအမှတ်စဉ် ၃၉ ၏ မြစ်တော်စပ်သူဖြစ်ပြီး လူနာအမှတ်စဉ် ၉၅ ကွယ်လွန်ခဲ့သည်ဟု ယမန်နေ့(ဧပြီ၁၈) ညက သတင်းအမှားများထွက် ပေါ်ခဲ့သေးသည်။

Image may contain: one or more people and people standing

ဒေါက်တာခင်ခင်ထားက သူမ၏ Facebook တွင် အောက်ပါအတိုင်း ရေးသားထားသည်။ “Day 11 , ၁ နှစ် နဲ့ ၆ လ နောက်တိုးလေး Round ပြီးပါပြီ။ ချောင်းနည်းနည်းဆိုးရုံ မှ အပ အဖျားမရှိတော့ပါ 😍 ဂျာ , မိုင် , Rose တို့လည်း နေကောင်းကြပါတယ် 😄”

No photo description available.

The Ladies News

Facebook Comments

Burmese Online News