Covid 19 ကူးစက်ခံရသူတွေ နာမည်နဲ့တကွ ဖော်ပြမှုတချို့က မဖြစ်သင့်ဘူးလို့ပြောလာတဲ့ တေးသံရှင် လင်းလင်

Covid 19 ကူးစက်ခံရသူတွေနဲ့ ပတ်သက်ပြီး နာမည်နဲ့ တကွ ဖော်ပြမှုတချို့ က မဖြစ်သင့်ဘူးလို့ တေးသံရှင် လင်းလင်းက သူကိုယ်တိုင်အသုံးပြုတဲ့လူမှုကွန်ရက် စာမျက်နှာ ကနေ ရေးသားဖော်ပြလာပါတယ်။တေးသံရှင် မျိုးကြီးနဲ့ JMe တို့ရဲ့ အမျိုးသမီး တို့ Covid 19 ကူးစက်ခံရတယ်ဆိုတဲ့ အကြောင်းအရာနပြ ဆက်စပ်တဲ့ စာရင်း ဇယားတစ်ခုကို တေးသံရှင် လင်းလင်း က သူကိုယ်တိုင် အသုံးပြုတဲ့ လူမှုကွန်ရက် စာမျက်နှာ မှာတင်ခဲ့ပြီး စာနဲ့ တကွ ပြန်လည်ရှင်းပြရေးသားခဲ့တာ ဖြစ်ပါတယ်။

Image may contain: 1 person, on stage, playing a musical instrument, night, concert and guitar

” ဒီလိုနာမည်တပ်ပြီး သူမှတဆင့်၊ သူမှတဆင့် လို့တိတိကျကျပြောတာက တစ်မျိုးကြီးဘဲ။ကိုယ့်အသိနဲ့ကိုယ် Q ဝင်မယ့်သူတွေကိုလည်း တုံ့ဆိုင်းရာမရောက်ဘူးလား။ဒီလိုနာမည်ပါမှာကြောက်ပြီး ရပ်ကွက်ဆေးခန်းတွေနဲ့ ကျိတ်ကုရင်တော့ ခက်ကုန်မှာ။ ရုံးစာလိုလို၊ အတွင်းစာလိုလို နဲ့ အသွင်ယူထားတဲ့ စာတွေကလည်းမျိုးစုံဆိုတော့ ဘာတွေမှန်းကို မသိတော့ဘူး။လူစုလူဝေးပွဲမှတဆင့်လို့သုံးရင်သုံး။ ဒါမှမဟုတ် စီစဉ်တဲ့လူနာမည် အတိအကျနဲ့ပြောပေါ့။လူအများကြီးရှိတဲ့နေရာမှာ သူ့ဆီကဘဲကူးတာလား ” ဆိုပြီးအထင်အမြင်လွဲမှုတွေမဖြစ်စေချင်ဘူးလို့ အဆိုတော်လင်းလင်းကရေးသားခဲ့တာ ဖြစ်ပါတယ်။

Image may contain: one or more people, people playing musical instruments and guitar

Covid – 19 ရောဂါကပ်ဆိုးဖြစ်နေချိန်မှာသတင်းထုတ်ပြန် တဲ့သူတွေအနေနဲ့ကလည်း တိကျသေချာတဲ့သတင်းတွေထုတ်ပြန်သင့်သလို ဘယ်သူ့ဆီကနေဘယ်သူကူးပါတယ်ဆိုပြီးပြောမယ့်အစား ကိုယ့်အသိစိတ်နဲ့ကိုယ် Quarantine ဝင်မယ့်သူတွေကိုစာနာတဲ့အနေနဲ့ လူစုလူဝေးပွဲတစ်နေရာကနေတဆင့်ကူးစက်ခံရတယ်လို့သာ ပြောသင့်သလို ပွဲစီစဉ်သူရဲ့နာမည်အတိအကျနဲ့ပါပြောသင့်တယ်လို့ အဆိုတော်လင်းလင်းကဆက်လက်ရှင်းပြခဲ့ပါတယ်။

Image may contain: 1 person, smiling

လက်ရှိမြန်မာနိုင်ငံမှာ Covid – 19 ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မတ်လ ၂၃ ရက်မှ ဧပြီလ ၁၇နေ့ထိ Covid – 19 ကူးစက်ခံထားရသူဦးရေ မှာ ၈၅ ဦး ရှိနေပြီး သေဆုံးသူဦးရေမှာ ၄ ဦးနဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂ဦးရှိတယ်လို့သိရပါတယ်။

အကုန်သိ

Facebook Comments

Burmese Online News