သီရိမင်္ဂလာဈေးကြီး အချိန်ပြောင်းလိုက်သဖြင့် ကြက်ပျံမကျ စည်ကားနေပြီး နှာချေ ချောင်းဆိုးသူများ ပြည့်နှက်နေ

ကျနော်ထပ် သတိပေးမယ်နော်…

ရန်ကုန်​မြို့က သီရီမင်္ဂလာဈေးကြီးကိုသာ အခုအစီအစဉ်အတိုင်း ဆက်လည်ပတ်ခိုင်းနေရင် ရန်ကုန်မြို့အပါအဝင် အနီးနားက နယ်က လာဝယ်ရောက်သူတွေရှိနေတဲ့အတွက် တစ်နိုင်ငံလုံး အကုန် စမုံတုံးကုန်တော့မယ်…

မနက် ၄ နာရီ ည ၇ နာရီအစီအစဉ်ကို အမြန်ဖျက်ပေးမှရတော့မယ်.. မနက် ၄ နာရီကနေ ည ၇ ဆိုတဲ့အတွက် ယိုးဒယားဘက်ဝင်တဲ့ကုန်ကားတွေ အောင်ပန်း ပြင်ဦးလွင် ညောင်တုန်း မှော်ဘီ အစရှိတဲ့နေရာဒေသက ကုန်ကားတွေ စုပြုံနေဝင်လာကြပြီး ဝယ်ယူရောင်းချသူတွေ သောင်းချီပြီး နေ့ခင်းဘက်တင်စုပြုံလာ အရမ်းစည်ကားနေတာ အရမ်းကြောက်ဖို့ကောင်းလာပါပြီ…

ဒီနေ့တင်ကို ဈေးထဲမှာ ဝရုန်းသုန်းကား ကြက်ပျံမကျစည်ကားနေပြီး ဈေးထဲ မွှန်ထူနေပြီးတော့ နှာချေသူတွေ ချောင်းဆိုးသူတွေနဲ့ ပြည့်နှက်နေပြီ…

ဈေးထဲဝင်ရောက်သူတွေ သောင်းချီပြီး Mask တပ်ထားသူက ခပ်ရှားရှားပါ.. ဒီအတိုင်းသာ ဆက်လွတ်ထားမယ်ဆို ချိန်ကိုက်ဗုန်းထက်ဆိုးတဲ့ အနုမြူဗုန်း ဖြစ်သွားလိမ့်မယ်…

အစိုးရနဲ့ တာဝန်ရှိသူတွေ ခများတို့ သမိုင်းတရားခံမဖြစ်ချင်ရင် ပိုကောင်းတဲ့အစီစဉ်ကို ချက်ချင်းချပါတော့…

ကျနော့်ကိုယ်ကျိုးစည်းပွားကို အထိခိုက်ခံပြီးပြောနေတာပါ.. ဈေးဝယ်သူများများလာလေ ကျနော်တို့ အမြတ်များလေ ဝင်ငွေကောင်းလေပါဘဲ.. ဒါကိုမှ လျစ်လျူရှုထားမယ်ဆို အစိုးရမင်းတို့ သဘောပါဘဲ…

သကွားညို

Facebook Comments

Burmese Online News