ဗိုင်းရပ်စ်သတ်ဆေး remdesivir ဖြင့် မျောက်များကို စမ်းသပ်ကုသမှု အောင်မြင်

Gilead Sciences ဆေးသုတေသနကုမ္ပဏီက စမ်းသပ်နေတဲ့ ဗိုင်းရပ်စ်သတ်ဆေး ရမ်ဒီစီဗာ remdesivir ကို မျောက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးနိုင်တယ်လို့ အမေရိကန် ကူးစက်ရောဂါများဆိုင်ရာ အမျိုးသားအင်စတီကျု NIAID က ဧပြီ ၁၇ က ထုတ်ပြန်ခဲ့ပါတယ်။

Monkeys With Human Gene Show Improved Cognitive Performance ...

NIAID ပညာရှင် ဒေါက်အမ်မီဒီဝစ်က အဲဒီဆေးကို မျောက်တွေကို ဆေးပေးပြီး စမ်းသပ်ကြည့်ရာမှာ အသက်ရှူတဲ့နေရာမှာ အခက်အခဲတွေ မပြသဘူး၊ အဆုတ်တွေကို ထိခိုက်မှုရှိတာတွေ မတွေ့ရဘူးလို့ ရိုက်တာသတင်းနဲ့ ဧပြီ ၁၉ ရက်နေ့ အင်တာဗျူးမှာ ပြောပါတယ်။ မျောက် ၁၂ ကောင်ကို ခြောက်ကောင်စီခွဲပြီး တစုကို ဆေးပေးထားပြီး စမ်းသပ်ရာမှာ ဆေးပေးခံထားရတဲ့ အုပ်စုက မျောက်တွေရဲ့ အဆုတ်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်အရေအတွက် သိသိသာသာနည်းသွားတယ်လို့ ဆိုပါတယ်။

Scientists can clone monkeys, but should they? | Cosmos

ဆေးသုတေသနဂျာနယ်တစောင်ဖြစ်တဲ့ The New England Journal of Medicine ဟာလည်း ပြီးခဲ့တဲ့အပတ်က စာတမ်းတစောင်ကို ပုံနှိပ်ဖော်ပြခဲ့ဖူးပါတယ်။

Possible Autism Biomarker Found in Monkeys - Scientific American

စာတန်းမှာ ရမ်ဒီစီဗာဆေးနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြင်းထန်တဲ့လူနာတွေကို စမ်းသပ်ကုသခဲ့တာ သုံးပုံနှစ်ပုံမှာ အခြေအနေတိုးတက်လာတာ တွေ့ရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ DVB

Facebook Comments

Burmese Online News