မြန်မာနိုင်ငံ အစိုးရ ကျေးဇူးသိပ်တင်ဖို့ကောင်းပါတယ် ဒီမှာရောဂါဖြစ်ရင်ပိုက်ဆံပါလားအရင်မေးပြီး ရမယ်သေချာမှကုပေးတာ

ကျမ နဲ့ ကျမ အမျိုးသား Covid 19 Positive ဆိုတဲ့ တောင်ကိုကျော်ပြီး သက်သာလာပါပြီ။ messenger ကေန တယောက်ချင်းစီ ကို ဘယ်က စဖြစ်လဲ မပြောပြနိုင်လို့ ဒီကနေပဲ နဲနဲလေး ရေးပြပါမယ်နော်…

Coronavirus Data Reflects New York City's Economic Divide

ပြီးခဲ့တဲ့ မတ် 27 က အမျိုးသား က အပြင်ကနေ မိုးနဲနဲမိပြီး ပြန်ရောက်လာပါတယ်…အဲ့နေ့ညနေက စဖျားတယ်ပေါ့နော်.. စိတ်ထဲ သာမန်မိုးမိ ဖျားတယ်ထင်ပြီး နောက်နေ ညနေပိုင်း သူခေါင်းလျော် ရေချိုးပလိုက်တယ်… အဲ့နေ့ ညေနမှာ စပြီး ချောင်းဆိုးလာတယ်. မတ် 29 ရက်နေ့မှာ ကျမ စဖျားပါတယ်ကျမတို့ လင်မယား နှယောက် သာမန် တိုင်လီနော တလုံး စီ.. မနက် နေ့လည် ည ပဲ သောက်ဖြစ်ပါတယ်..ကျမ က သာမာန် ကိုယ်တွေ လက်တွေ နာပြီး သူက တဖြည်းဖြည်း ချောင်းတွေ ဆိုးတာ အရမ်းဆိုးလာပါတယ်..ကျမတို့ အစားလဲ မဝင်တော့ပါဘူး..သံသယ စ ဝင်လာပါပြီ..

အဲ့ဒါနဲ့ မြန်မာနိုင်ငံက အသိ ကိုစိုပြေ. SoPyay နမိုးနီးယားဖြစ်နိုင်တယ်တဲ့.. သူ့တုန်းက ဆေးရုံတောင် တက်ရတာ မို့ ဆေးခန်းတေယ့ အနဲဆုံးသွားပြသင့်တယ် တိုက်တွန်းပါတယ်..သူရဲ ချောင်းဆိုးနှုန်းက နေရာလေး ရွေ့မိရင် ဆိုး…အသံလေးထွက်မိရင် ဆိုး… သွေး ပါ ပါလာ..ရင်ဘက်က နာ..ပြီး အသက်ရှု မဝ တာတွေပါ ဖြစ်လာတော့..အိမ်ထဲမှာ ဒီတိုင်း ထိုင်နေလို့ မဖြစ်တော့မှန်း ရိပ်မိလာကြပါပြီ…ဒီက သူ့ သူငယ်ချင်း လင်မယား နိုးနို နဲ့ နေဇင်တို့က အတင်း ဆေးခန်းသွားမှ ရမယ်ဆိုပြီး တဂျီ ဂျီ လှမ်းပြောတော့တာ..

Coronavirus: Officials Eye First Suspected Case in New York City ...

သမီးလေးကိုတော့ မောင့် မေမေ က ဧပြီ 10 ရက်မှာ လာခေါ်သွားတာပါ..ဧပြီ 11 ရက်နေ့ မွာ.. အနီးစပ်ဆုံး Urgent Care ကို ပြေးခဲ့ပါတယ်… အဲ့မွာ ဘာရောဂါလဲ အရင် မေမးပါဘူး နှစ်ယောက်မို့ ဒေါ်လာ 400 ပါလား အရင်မေးပါတယ်..ပိုက်ဆံ ရမယ် ဆိုတာ သေချာမှ ကျမတို့ ကို အရင် ဖောင်ဖြည့်ခိုင်းပြီး စောင့်ခိုင်းပါတယ်..နာရီဝက်လောက်နေတော့ သူ့ အရင်ပြပြီး သူရဲ့ ရောဂါအရ Covid လက္ခဏာ ရှိတဲ့အတွက် စစ် ပေးလိုက်ပြီး နမိုးနီယား ဖြစ်နေတယ် ဆိုတဲ့ အကြောင်း ပြောပြီး ကျမကိုတော့ အဖျားမရှိ ချောင်းသိပ်မဆိုးတဲ့အတွက် မစစ်ပေးကြောင်း ဆေး ကို တျခား ဆေးဆိုင်မှာ ဝယ်သောက်ဖို့ ပြော ဆေးစာ ရေးပြီး ပြန်လွှတ်ပါတယ်

NYC coronavirus: Mayor says shelter in place order could come ...

(ဒီနေရာမှာ ပြောချင်တာ.. မြန်မာနိုင်ငံ အစိုးရ ကျေးဇူးသိပ်တင်ဖို့ကောင်းပါတယ် ရောဂါ လက္ခဏာလေးတွေ့တာ နဲ့ ချက်ချင်း ကားကြီးကားငယ် နဲ့ လာခေါ် ချက်ချင်းစစ်.. အစာ ကျွေးထား ဆေးကုပေးဖော်ရပါတယ်.. ကျမတို့ ဒီမှာ ရောဂါရှိကြောင်း သိတာတောင် ဖုတ်လှိုက် ဖုတ်လှိုက် မဖြစ်သေးတဲ့အတွက် အိမ်မှာပဲ သူတို့ ပေးတဲ့ ဆေးကို လူကြားထဲ မနဲ တန်းစီ မရှိရင် တခြားဆေးဆိုင် ပြေးဝယ် ဆေးသောက် အိမ်ထဲ မွာ မရှိ ရှိတာ ရှာကြံစား.. အသက်ရှူ မရ သေကောင်ပေါင်းလဲ မွ အရေးပေါ် ဖုန်းခေါ် သူတို့ လာခေါ်ပေးတာပါ နို့မို့ လုံးဝ ဆေး မကုပေးပါဘူး)

ဒါနဲ့ ကျမတို့ အိမ်ပြန်ရောက်ပြီး ကျမတို့ အသိမိတ်ဆွေ သူငယ်ချင်း များစွာက နို့တွေ အစားအသောက်တွေ လာပို့ကြပါတယ်တချို့တွေက လာပို့ချင်ရက် နယ်မြေ ဝေးလို့ လည်းကောင်း အကြံဉာဏ် လှမ်းပေး အားပေးကြသူများလဲ ရှိပါတယ်..(အဓိက က မိဘတွေ အဒေါ်တွေ ဆွေမျိုးတွေလဲ ကျေးဇူးတင်ပါတယ်)တယောက်ချင်းစီ ကို နံမယ် တပ် မပြောတော့ပေမဲ့ တယောက်ချင်းစီကို ရင်ထဲ က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်..

Kicking and cursing ... 'Horizontal Corona' New York hates crimes ...

အဲ့ကြားထဲ မြန်မာနိုင်ငံက ကိုထက်ဇံ Htet ZanLinnတို့ရဲ့doctor ကိုလဲ ဆေးစာတွေ ပြပြီး လှမ်းမေးရသေးတယ်.. စိတ်ဓာတ် က ကျနေပြီလေ..နောက်တရက်မှာ ထင်မှတ်ထါးတဲ့အတိုင်း သူ မှာ Positive ဖြစ်နေပြီး ကျမလဲ ဖြစ်ကြောင်း ဆေးခန်းက ဖုန်းဆက်လာပါတယ်.. ဒါပေမဲ့ အပေါ်မှာ ရေးခဲ့သလိုပဲ ဆေးရုံတွေ မွာ လူပေါင်းများစွာ အသက်လုနေရတဲ့ အတွက် အသက်မလုရသေးတဲ့ ကျမတို့ ဆေးရုံတက်ခွင့်မရှိကြောင်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်ရင် ဖုန်းဆက်ပါဆိုတဲ့အကြောင်း အရည်ရွှမ်းတဲ့ အသီးများများစားဖို့ လိုကြောင်း ဒေါ်လာ လေးရာဖိုး ရှင်းပြသွားပါတယ်…ဒီလို နဲ့ ကျမတို့ လင်မယား ကြက်သွန်နီ တစိတ်ကို မျက်နှာချင်းဆိုင် မျက်ရည်တောက်တောက်ကျ အစိမ်းလိုက် ဝါးစား… ရေနွေးဖြူပေါင်းများစွာ သောက်..ဆားရည် နဲ့ ပလုပ်ကျင်း (တရက် အကြောက်လွန်ပြီး ဆားရည် ပူပူကို ဗီနီကာ ပါ ထည့် ပလုပ်ကျင်းလိုက်တာ သြားပါ ကျွတ်ကျဖို့ နဲနဲ လို)

Second coronavirus death reported in the United States and first ...

မိတ်ဆွေပေါင်းများစွာ ဘာသာရေး လေးမျိုးလုံးက ဆုတောင်းပေးမှုတွေကြား ကျမတို့ သက်သာလာပါပြီး… လောလောတယ် ရောဂါ အရှင်းပျောက်အောင် ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း အိမ်ထဲမှာ နောက်ထပ် သုံးပတ် ထပ်နေပြီးရင် တအိမ်လုံး ပိုးသတ်ပြီးရင် သမီးလေးကို ယောက္ခမ အိမ်မှာ သွားခေါ်ပါမယ်..သူတို့ကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်..သမီးလေးကို က်မ အိမ်မှာထက် လိုလေးသေးမရှိ ဂရုစိုက်ကြတယ်.. သူ့ဦးလေးတွေ နဲ့ ပျော်နေတာ က်မ ဖုန်းခေါ်ရင်တောင် ဖုန်းကို မနဲခေါ်ပြောရလောက်အောင်ပါပဲ.. သူတို့သာ အခေါ်နောက်ကျရင် သမီးလေးပါ ရောဂါ ကူးမလား စိုးရိမ်ရပါတယ်..

ကျမတို့ ရောဂါလက္ခဏာလေး နဲနဲ ထည့်ရေးချင်ပါတယ် အမျိုးသားက. 1) ပထမရက် ဖျားပါတယ် အဖျားက 37 ပဲ ရှိပါတယ် 2) နောက်ရက် ခေါင်လျော်လို့ စချောင်းဆိုးပါတယ် 3) အဖျား က အဖျားပျော့ပါ.. ချောင်း နဲနဲ ပိုဆိုးပါတယ် 4) ချောင်းတော်တော် ဆိုးနေပါပြီ 5) တပတ်အတွင်း မဖျားတော့ပါ ဒါပေမဲ့ ချောင်းဆိုးတာမှ တခါတလေ တခါထဲ အသက်တောင် ပါသွားမလား ထင်ရပါတယ်.. (covid က သလိပ်မပါဘူး ပြောသံကြားပါတယ်.. ဒါပေမဲ့.. သူက သလိပ်တွေကော သွေးတွေကော ပါ ပါတယ်) 6) ချောင်းဆိုးတာ များလွန်းလွန်း လည်ချောင်းတွေ အရမ်းနာ.. အသက်ရှုမရ.. ရင်ဘက်တွေ အရမ်းနာပါတယ်..

South Korea confirms 827 more coronavirus cases, total nears 6,600

ကျမ ကတော့ 1) ပထမရက် နဲနဲ ဖျားပါတယ်.. တိုင်လီနော် သောက်တော့ နောက်ရက် အဖျားပျောက်ပါတယ် 2) ကိုယ်တွေ လက်တွေ အရမ်းနာပြိး တပတ်လောက်မှာ လူက မလှုပ်ချင် မကိုင်ချင်ဖြစ်ပါတယ်.. 3) ပထမ ရက်ကနေ တွက်လို့ သုံးရက်မြောက်လောက်မှာ ခေါင်းတွေကို တူနဲ့ ထုနေသကဲ့သို့ ကိုက်ပါတယ်.. ဖျားလဲ မဖျား ချောင်းလဲ မဆိုး ခဲ့တဲ့ အတွက် ဆေးခန်းက နင် ကိုဗစ် မဟုတ်ဘူးဆိုပြီး လုံးဝ မစစ်ပဲ xray ပဲ ပထမ ရိုက်ပေးခဲ့တာပါ..ဒါကြောင့် မဖျားတိုင်းလဲ မပေါ့ပါနဲ့..ဒါကတော့ ကျမတို့ သောက်တဲ့ ဆေးညွှန်းလေးပါ..

လူတိုင်းက ရောဂါဖြစ်ပုံ မတူလို့ ကျမတို့ ဆေးတွေ လိုက်မသောက်ကြပါနဲ့နော် အထူးသဖြင့် ပိုးသတ်ဆေးပါ..ပါရာ နဲ့ ဗီတာမင်စီတော့ အားပေးပါတယ်.. ဒိက ဆရာဝန် တော်တော်များများက ပါရာ ပါတဲ့ ဆေး နဲ့ ဗီတာမင်စိ ကိုတော့ အားပေးတာ တော်တော်တွေ့ရပါတယ်.. Tylenol Extra Strength – 2 လုံး (တနေ့ လေးကြိမ်) Mucus Relief ER – 1 လုံး (တနေ့ နှစ်ကြိမ်) Levofloxacin – 1 လုံး (တနေ့ တကြိမ်) .. ဒီဆေးကို အကြိုက်ဆုံးပါ အဲ့ဒါသောက်ပြီးတိုင်း ပိုပို သက်သာတယ် ခံစားရပါတယ်..အဲ့ဒါ ၇ လုံး ကုန်သွားတဲ့ အချိန် တော်တော် သက်သာနေပါပြီ.. ပိုးသတ်ဆေး ဖြစ်တဲ့အတွက် သောက်ပြီးရင်တော့ လူက ချာချာလည်နေပါတယ်..

New York Braces for Coronavirus: 'It's Inevitable' - The New York ...

အောက်ပါအရာတွေ တခုမကျန် နေ့တိုင်း စားပါတယ်ကြက်ဥ တလုံးကြိုက်ကြိုက် မကြိုက်ကြိုက် စားပါတယ်နို့ နှခွက် နဲ့ ပါမုန့် နှစ်ချပ်လိမ်မော်သီး
ပန်းသီးကြက်စွတ်ပြုတ် ရေနွေးဖြူကိုတခါတေလ စိတ်ကို ပြင်ဆင်ပြီးတဲ့နေ့ဆို ကြက်သွန်နီ ကို အစိမ်းလိုက် ဝါးစားပါတယ်..အိပ်ချင်တာ နဲ့ ကောက်အိပ်ပါတယ်..ခုတော့ အားလုံးပို့သတဲ့ မေတ္တာကြောင့် ကျမ်းမာလာပါပြီ..အဓိက ပြောချင်တာမြန်မာနိုင်ငံ အစိုးရ အရမ်းကောင်းပါတယ်..သူပေးနိုင်သလောက်ပေးနေတာ အဓွန့် မတက်ကြပါနဲ့..သူလဲ ရသလောက်လေး ကုပေးနေတာ.. microwave တွေ ရေခဲသတ္တာတွေ အစားအသောက် မကောင်းဘူးတွေ အော်မနေပါနဲ့… ရောဂါတွေ့လို ထွက်မပြေးကြပါနဲ့ ကု သ ခံပါ… ကိုယ့်ရဲ့ မိသားစု ခ်စ်သူ ခင်သူတွေကို ရောဂာ မဖြန့်ပာနဲ့..ဒီနိုင်ငံက အစိုးရလို တွေ့မှ မျက်ရည် ဗူးသီးလုံးလောက်ကျနေရမယ်.. ရောဂါတွေ့လို့ ကုပေးရင်တောင် တနေ့ သုံးကြိမ် ဦးခြ ကိုယ့်မှာ ရှိတဲ့ ပိုက်ဆံတောင် လှူပေးသင့်တာပါ..

အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်..အားလုံးသော ကမ္ဘာသူ ကမ္ဘာသား ကျမ်းမာ လန်းဖြာကြပြီး ဒီကပ်ကြီးကို ကျော်လွှားနိုင်ကြပါစေ. Myat Su Shein (New York)

Facebook Comments

Burmese Online News