သားလေးအပေါ်မျှော်လင့်ချက်မထားဘဲ လူသားပီသပြီး ရိုးသားဖြူစင်တဲ့သူတစ်ယောက်ဖြစ်ရင်တော်ပါပြီဆိုတဲ့ အောင်သူ

မြန်မာလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ အောင်သူကတော့ နိုင်ငံလက်ရွေးစင်အသင်းနဲ့ရော ကလပ်အသင်းနဲ့ပါခြေစွမ်းကောင်းတွေပြသထားနိုင်တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အောင်သူကတော့ ယခုမှာ ဇနီးသည်လေးပိုးအိအိခန့်နဲ့အတူ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ကာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။


အောင်သူရဲ့ သားလေးကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ ဝဝတုတ်တုတ်လေးနဲ့ ချိုသာတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ကလေးငယ်လေးဖြစ်ပြီး ယခုမှာတော့ အောင်သူရဲ့သားလေးဟာ ၉လပြည့်သွားပြီဖြစ်ပါတယ် ။ပရိသတ်တွေအားကျရတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ အောင်သူကတော့ သားလေးအပေါ်မျှော်လင့်ချက်တွေမထားဘဲ ရိုးသားဖြူစင်တဲ့ လူတစ်ယောက်ဖြစ်အောင် ဆုံးမမယ့်အကြောင်းပြောပြလာခဲ့ပါတယ်။

အောင်သူကတော့ ” 9 လပြည့်ပါပြီ ဘာကြီးဖြစ်ရမယ် ညာကြီးဖြစ်ရမယ်မလိုပါဘူး လူ့လောကကြီးထဲမှာ လူသားပီသတဲ့သူ ရိုးသားဖြူစင်တဲ့သူတစ်ယောက်ဖြစ်ရင်တော်ပါပြီ ဖြစ်အောင်လည်းပြုပြင်ဆုံးမမယ် “ဆိုပြီး သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးနဲ့အတူရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်သူတို့မိသားစုရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Facebook Comments

Burmese Online News