မုံရွာမြို့နယ်တွင် Mask တပ်ခိုင်းသည်ကိုမကျေနပ်သဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး ဓားခုတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် သာစည်အဝိုင်းပတ်တွင် ဧပြီလ ၂၀ ရက်နေ့က COVID-19 ပညာပေးလုပ်ငန်း ဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး ဓားခုတ်ခံရကြောင်း မုံရွာနယ်မြေရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

Image may contain: one or more people, shoes, plant, outdoor and nature

မုံရွာမြို့နယ် သာစည်အဝိုင်းပတ်တွင် ဓားခုတ်ခံခဲ့ရသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် သက်ဆိုင်ရာ ဌာနများက COVID-19 ကူးစပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းစစ်ဆေးရေး ဆောင်ရွက်မှု အပါအဝင် ပညာပေးလုပ်ငန်းများပါ ပူးတွဲလုပ်ဆောင်နေကြောင်း သိရသည်။

ထို့နောက် သာစည်အဝိုင်းပတ်ဘက်မှ မုံရွာမြို့တွင်းသို့ Mask မတပ်ဘဲ အောင်ကျော်မြင့် (၄၉) နှစ်၊ မုံရွာမြို့နယ် ဆုံကုန်းကျေးရွာနေသူမှ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး — က တားဆီး၍ Mask တပ်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့သို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး — က တားဆီး၍ Mask တပ်ရန် ပြောကြားခဲ့မှုနှင့် ပတ်သက်၍ အောင်ကျော်မြင့် (၄၉) နှစ်၊ မုံရွာမြို့နယ် ဆုံကုန်းကျေးရွာနေသူက မကျေနပ်သဖြင့် ပြန်လှည့်သွားကာ ၄င်းဆိုင်ကယ်ဖြင့် နောက်တစ်ခေါက် ထပ်မံရောက်ရှိလာပြီး အရှည် (၃) ပေခန့်ရှိ ဓားရှည်ဖြင့် လှမ်းခုတ်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး၏ နောက်ကြောတွင် ၁ လက္မခွဲခန့်ရှိ (မစိုးရိမ်ရ) ပွန်းခြစ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

No photo description available.

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားခံ အောင်ကျော်မြင့် (၄၉) နှစ်၊ မုံရွာမြို့နယ် ဆုံကုန်းကျေးရွာနေသူကို လိုက်လံရှာဖွေ ဖမ်းဆီးရမိခဲ့ပြီး မုံရွာနယ်မြေရဲစခန်းမှ တရားခံ အောင်ကျော်မြင့် (၄၉) နှစ်အား (ပ) ၁၇၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၃၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

#celefamily

Facebook Comments

Burmese Online News