ပံုမွန္အေျခအေနတစ္ခုေရာက္ဖုိ႔ ေတာ္ေတာ္ေလးအခ်ိန္ယူရအံုးမယ္လုိ႔ ျပင္သစ္ဝန္ၾကီးခ်ဳပ္ေျပာ

ပြင်သစ်နိုင်ငံ၏ ဝန်ကြီးချုပ် အက်ဒွပ်ဖီးလစ်က တိုင်းပြည်အနေဖြင့် ပုံမှန်အခြေအနေတစ်ခုပြန်ရောက်ဖို့အတွက် အချိန်တော်တော်ယူရအုံးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ “လက်ရှိအခြေအနေတွေအားလုံးဟာ တိုးတက်လာပြီလို့ စိတ်ကူးယဉ်နေရင်တော့ ဒါဟာ အမှားတစ်ခုဖြစ်ပါလိမ့်မယ်” လို့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်၊ အီတလီ နှင့် စပိန်တို့ပြီးလျှင် စတုတ္တမြောက်ကူးစက်ခံရမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ပြင်သစ်နိုင်ငံမှာ ကူးစက်ခံရသူဦးရေ ၁၅၂၈၉၄ ယောက်ရှိခဲ့ပြီး သေဆုံးသူဦးရေမှာ ၁၉၀၀၀ စွန်းစွန်းရှိခဲ့ပါတယ်။ ပြန်လည်သက်သာသူအရေအတွက်ကတော့ ၃၆၅၇၈ ယောက်ရှိပြီး လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရသူ ၉သောင်းကျော်ရှိနေဆဲဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံဟာ အဆိုးရွားဆုံးအခြေအနေတစ်ခုကို ဖြတ်သန်းခဲ့ပြီးဖြစ်သော်လည်း လက်ရှိအချိန်ထိ စိတ်ချလို့မရတဲ့အနေအထားတစ်ခုမှာရှိနေပါတယ်လို့ ဖီးလစ်က ဝန်ခံသွားခဲ့ပါတယ်။ ကိုဗစ် -၁၉ ကို အမြစ်ပြတ်ကုသနိုင်မည့် ဆေးဝါး နှင့် ကုထုံးကို မတွေ့သေးသောကြောင့် ဒီပြသာနာဟာ ရေရှည်ဖြစ်လာနိုင်သည့်အပြင် တိုင်းပြည်အနေဖြင့် အဘက်ဘက်မှာ ပုံမှန်အတိုင်း ပြန်ရောက်အောင် အချိန်ယူရအုံးမယ်လို့ ဖီးလစ်က ဆိုခဲ့ပါတယ်။

Central banks unveil emergency measures as coronavirus death tolls ...

ပြင်သစ် လီဂူး ၁ ဟာ ကိုဗစ်-၁၉ ကြောင့် မေလ ၁၁ ရက်နေ့အထိ ခေတ္တရပ်နားထားခဲ့ရပါတယ်။ မေလ ၁၁ ရက်နေ့နောက်ပိုင်းမှာတော့ ဘောလုံးပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ဖို့အတွက် အဓိကလုပ်ငန်းစဉ် ၃ ခုဖြစ်သည့် social distancing၊ ပိုက်စိပ်တိုက်စစ်ဆေးခြင်းနှင့် ပိုးထိလူနာများအားလုံးကို ထိထိရောက်ရောက်ဖယ်ရှားခြင်း စသည်တို့ကို အရင်ဆုံးလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှ တက္ကသိုလ်ကျောင်းများအားလုံးဟာလည်း ဘောလုံးပြိုင်ပွဲများနည်းတူ မေလ ၁၁ ရက်နေ့အထိ ပိတ်ထားပါတယ်။ မေလ ၁၁ ရက်နောက်ပိုင်းမှာလည်း တနိုင်ငံလုံးရှိကျောင်းများကို ပြန်လည်ဖွင့်လှစ်မှာမဟုတ်ပဲ အကန့်အသတ်ဖြင့်သာ ဖွင့်လှစ်သွားဖို့ရှိပါတယ်။ ထို့အပြင် ပိုးထိထားသည့် လူနာများအိမ်သို့ သွားရောက်လည်ပတ်ခြင်းကို ပြင်းပြင်းထန်ထန်အရေးယူသွားဖို့ရှိနေပြီး တားမြစ်သွားမယ်လို့ ဖီးလစ်ကပြောခဲ့ပါတယ်။

Coronavirus spotlights Swedish segregation - France 24

ပံုမွန္အေျခအေနတစ္ခုေရာက္ဖုိ႔ ေတာ္ေတာ္ေလးအခ်ိန္ယူရအံုးမယ္လုိ႔ ျပင္သစ္ဝန္ၾကီးခ်ဳပ္ေျပာ

ျပင္သစ္ႏုိင္ငံ၏ ဝန္ၾကီးခ်ဳပ္ အက္ဒြပ္ဖီးလစ္က တုိင္းျပည္အေနျဖင့္ ပံုမွန္အေျခအေနတစ္ခုျပန္ေရာက္ဖုိ႔အတြက္ အခ်ိန္ေတာ္ေတာ္ယူရအံုးမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ “လက္ရွိအေျခအေနေတြအားလံုးဟာ တုိးတက္လာျပီလုိ႔ စိတ္ကူးယဥ္ေနရင္ေတာ့ ဒါဟာ အမွားတစ္ခုျဖစ္ပါလိမ့္မယ္” လို႔ တနဂၤေႏြေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ၎က ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ႏုိင္ငံဟာ ကမာၻေပၚမွာ အေမရိကန္၊ အီတလီ ႏွင့္ စပိန္တုိ႔ျပီးလွ်င္ စတုတၱေျမာက္ကူးစက္ခံရမႈအမ်ားဆံုး ႏုိင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ ကုိဗစ္-၁၉ ေၾကာင့္ ျပင္သစ္ႏုိင္ငံမွာ ကူးစက္ခံရသူဦးေရ ၁၅၂၈၉၄ ေယာက္ရွိခဲ့ျပီး ေသဆံုးသူဦးေရမွာ ၁၉၀၀၀ စြန္းစြန္းရွိခဲ့ပါတယ္။ ျပန္လည္သက္သာသူအေရအတြက္ကေတာ့ ၃၆၅၇၈ ေယာက္ရွိျပီး လက္ရွိအခ်ိန္ထိ ေဆးကုသမႈခံယူေနရသူ ၉ေသာင္းေက်ာ္ရွိေနဆဲျဖစ္ပါတယ္။ ျပင္သစ္ႏုိင္ငံဟာ အဆုိးရြားဆံုးအေျခအေနတစ္ခုကုိ ျဖတ္သန္းခဲ့ျပီးျဖစ္ေသာ္လည္း လက္ရွိအခ်ိန္ထိ စိတ္ခ်လုိ႔မရတဲ့အေနအထားတစ္ခုမွာရွိေနပါတယ္လုိ႔ ဖီးလစ္က ဝန္ခံသြားခဲ့ပါတယ္။ ကုိဗစ္ -၁၉ ကုိ အျမစ္ျပတ္ကုသႏုိင္မည့္ ေဆးဝါး ႏွင့္ ကုထံုးကုိ မေတြ႕ေသးေသာေၾကာင့္ ဒီျပသာနာဟာ ေရရွည္ျဖစ္လာႏုိင္သည့္အျပင္ တုိင္းျပည္အေနျဖင့္ အဘက္ဘက္မွာ ပံုမွန္အတိုင္း ျပန္ေရာက္ေအာင္ အခ်ိန္ယူရအံုးမယ္လုိ႔ ဖီးလစ္က ဆုိခဲ့ပါတယ္။

ျပင္သစ္ လီဂူး ၁ ဟာ ကုိဗစ္-၁၉ ေၾကာင့္ ေမလ ၁၁ ရက္ေန႔အထိ ေခတၱရပ္နားထားခဲ့ရပါတယ္။ ေမလ ၁၁ ရက္ေန႔ေနာက္ပုိင္းမွာေတာ့ ေဘာလံုးျပိဳင္ပြဲကုိ ျပန္လည္က်င္းပႏုိင္ဖုိ႔အတြက္ အဓိကလုပ္ငန္းစဥ္ ၃ ခုျဖစ္သည့္ social distancing၊ ပုိက္စိပ္တုိက္စစ္ေဆးျခင္းႏွင့္ ပုိးထိလူနာမ်ားအားလံုးကုိ ထိထိေရာက္ေရာက္ဖယ္ရွားျခင္း စသည္တုိ႔ကုိ အရင္ဆံုးလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ျပင္သစ္ႏုိင္ငံမွ တကၠသိုလ္ေက်ာင္းမ်ားအားလံုးဟာလည္း ေဘာလံုးျပိဳင္ပြဲမ်ားနည္းတူ ေမလ ၁၁ ရက္ေန႔အထိ ပိတ္ထားပါတယ္။ ေမလ ၁၁ ရက္ေနာက္ပုိင္းမွာလည္း တႏိုင္ငံလံုးရွိေက်ာင္းမ်ားကုိ ျပန္လည္ဖြင့္လွစ္မွာမဟုတ္ပဲ အကန္႔အသတ္ျဖင့္သာ ဖြင့္လွစ္သြားဖုိ႔ရွိပါတယ္။ ထုိ႔အျပင္ ပိုးထိထားသည့္ လူနာမ်ားအိမ္သုိ႔ သြားေရာက္လည္ပတ္ျခင္းကုိ ျပင္းျပင္းထန္ထန္အေရးယူသြားဖုိ႔ရွိေနျပီး တားျမစ္သြားမယ္လို႔ ဖီးလစ္ကေျပာခဲ့ပါတယ္။

Burmese

Facebook Comments

Burmese Online News