တရား​ဟောဆရာ ​စောဒေးဗစ်လားအား သာသနာတော်ညိုးနွမ်းစေမှုဖြင့် အင်းစိန်မြို့နယ်တရားရုံးတွင် အမှုဖွင့်သော်လည်း အမှုမခိုင်လုံ၍ ပယ်ချခံရ

မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လာအား သာသနာတော်ညိုးနွမ်းစေမှုဖြင့် အင်းစိန်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သော်လည်း အမှုမခိုင်လုံဟုဆိုကာ ဧပြီ ၂၀ ရက်တွင် အမှုကို ပယ်ချလိုက်ကြောင်း ဆရာတော် ဦးပါမောက္ခ က မိန့်သည်။

ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လား ...

ဧပြီ ၂၀ ရက်က  ဆက်သွယ်မေးမြန်းရာတွင် မကွေးကျောင်းဆရာတော် ဦးပါမောက္ခ က မိန့်ကြားခဲ့ခြင်းဖြစ်သည်။“ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်ကို ဗုဒ္ဓဘာသာအပေါ်မှာ ထိခိုက်စော်ကားပုတ်ခတ်ပြီး ဟောပြောခဲ့တဲ့အပေါ်မှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မြို့နယ်တရားသူကြီး ဦးရဲနိုင်သန်းထံ သွားရောက်ပြီး ဦးတိုက် လျှောက်ထားခဲ့ပါတယ်။ အမှုအမှတ်ကတော့ ၆၇၅/၂၀၂၀ ဖြစ်ပါတယ်။ သို့သော်လည်းပဲ အမှုကို ၁ /၂၀၃ ဖြင့် ပလပ်လိုက်ပါတယ်။ အမှုက ပြည့်စုံလုံလောက်မှုမရှိဘူး။ ဟောကြားချက်တွေ ပြန်ရေးပြီး တိုင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ပလပ်တာကို အထက် တရားသူကြီးတွေဆီ တက်လို့ ရတယ်လို့ ဆိုပါတယ်။ အထက် တရားရုံး ထပ်တက်၊မတက်က ဆရာတော် ဥပဒေအကြံပေးတွေနဲ့ တိုင်ပင်ရဦးမှာဖြစ်ပါတယ်’’ဟု ဆရာတော်က မိန့်သည်။

ခရစ်ယာန်တရားဟောဆရာ ဦးဒေးဗစ်လာသည် ၄င်း၏ ဟောပြောချက်များတွင် ဘုရားသခင်အား ယုံကြည်သူ များ COVID-19 မကူးနိုင်ဟု ပြောဆို ဟောကြားမှုများ ရှိခဲ့သော်လည်း လက်ရှိတွင် ၎င်းအပါအဝင် ၎င်း၏ တရားဟောပွဲ အခမ်းအနားတက်သူ အယောက် ၅၀ ဝန်းကျင် COVID-19 ရောဂါ ကူးစက်ခံထားရခြင်း ဖြစ်သည်။

သူကဆိုထားတာ။ ဟောထားတာ ပညတ်တရားကိုသိရင် အပြစ်များတယ်လို့ ဆိုခြင်းဟာ၊ ဒါဘာသာ တစ်ခုခုကို ဘာသာတစ်ခုကနေ စော်ကားထားတာဟာ၊ လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ထင်ရှားပါတယ်’’ ဟု ဆရာတော် ဦးပေါမောက္ခက ​​ စောဒေးဇစ်လား၏ ဟောကြားချက်ကို ထပ်မံမိန့်သည်။

#အကုန်သိ

Facebook Comments

Burmese Online News