အကျဉ်းထောင် ဝန်ထမ်းနှစ်ဦး ထောင်အတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာစဉ် ဖမ်းမိ

အကျဉ်းထောင်အတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးကို စိတ်ကြွမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ် ၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ကသာအကျဉ်းထောင်ရှိ ဝန်ထမ်းနှစ်ဦး မူးယစ်ဆေးဝါးများ လက်ဝယ်ကိုင်ဆောင်ထားသည်ကို ထောင်တံခါးကြီးသို့ဝင်စဉ် စစ်ဆေးတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။ ကသာ အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူများကို ဖမ်းဆီးရမိကြောင်း သတင်းပေးချက်အရ ရဲအုပ်လှမိုးနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများပါဝင်သည့်အဖွဲ့၏ စစ်ဆေးမှုများအရ ထောင်ဝန်ထမ်းများ ဖြစ်သော တပ်သားဟိန်းချစ်မောင်နှင့် တပ်သားပိုင်မင်းသန့်ထံမှ ပလတ်စတစ်ဘူးအတွင်း ထည့်ထားသည့် ဖြူ/ဝါရောင်ဘိန်းဖြူမှုန့် အလေးချိန် ၁၀ ဂရမ်ခန့် ကာလတန်ဖိုး ၁၀ သိန်းခန့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း ကသာမြို့မရဲစခန်းမှ သိရသည်။

ရဲစခန်း ရှေ့တွင် ညစ်ငြမ်းစွာဆဲဆို ...

ဟိန်းချစ်မောင်ဦး (၂၁)နှစ်နှင့် ပိုင်မင်းသန့် (၁၉)နှစ်တို့သည် အိပ်ဆောင်(၃)တွင် အကျဉ်းကျသည့် အကျဉ်းသားစိုးဝင်း အသက်(၄၀)ထံ ပို့ဆောင်ရန် သယ်ယူလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် ကသာမြို့မရဲစခန်းက မယ(ပ)၄၉/၂၀၂၀ မူး/စိတ် ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#Tips

Facebook Comments

Burmese Online News